မဏိပူရပြည်နယ်မှာ မြေပြိုမှုကြောင့် လူ ၄၂ ဦးသေဆုံး ၊ ၂၀ ကျော်ပျောက်ဆုံးနေ

ဒေလီ၊ ဇူလိုင်-၄-၂၀၂၂
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လူ ၄၂ ဦးသေဆုံးပြီး ပျောက်ဆုံးနေသူ ၂၀ ကျော်ကို ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေနေကြပါတယ်။

ပြည်နယ်အတွင်းက မီးရထားလမ်းဖောက်လုပ်ရေးစခန်းတခုမှာ ဇွန် ၂၉ ရက်နှောင်းပိုင်းမှာ မြေပြိုမှုဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူအများစုဟာ အလုပ်သမားတွေနဲ့ အိန္ဒိယစစ်တပ်ရဲ့ အရန်တပ်ဖွဲ့၀င်တွေဖြစ်ပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုနဲ့ မြေပြိုမှုတွေဆက်လက်ဖြစ်ပွားနေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အဟန့်အတားဖြစ်နေရတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ လက်ရှိချိန်ထိ လူ ၁၈ ဦးကို ကယ်တင်ထားနိုင်တယ်လို့ ဆိုပါတယ်။

မုန်သုန်မိုးရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာသံ၊ မဏိပူရ၊ မီဂါလာယာနဲ့ ထရီပူရပြည်နယ်တွေမှာ ဆိုးရွားတဲ့ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေပါတယ်။

ရေလွှမ်းမိုးမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၁၅၀ သေဆုံးခဲ့တဲ့ အာသံပြည်နယ်မှာတော့ ထိခိုက်မှုတွေဆိုးရွားနေပြီး လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

Ref: BBC
Photo: BBC Hindi
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW