နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဒီပဲယင်းနယ်က ရွှေဘိုပေါ်ဆန်းစပါး မျိုးတုန်းတော့မယ့်အခြေအနေကြုံတွေ့နေ

ဇူလိုင် ၅-၂၀၂၂ Voice Of Myanmar စစ်ကိုင်းတိုင်းအတွင်း စပါးစိုက်ပျိုးမှုအများဆုံးဖြစ်တဲ့ ရွှေဘိုခရိုင်၊ ဒီပဲယင်းနယ်မှာ ဒေသ‌အခေါ် ဘေးကြားလို့ခေါ်တဲ့ ရွှေဘိုပေါ်ဆန်းစပါးကို အဓိကစိုက်ပျိုးကြတာဖြစ်ပါတယ်။ လက်ရှိ ဒီပဲယင်းမြို့နယ်မှာ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိတာကြောင့် ဧကပေါင်း သောင်းနဲ့ချီပြီး မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေကြပါတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပေါ်နေပြီး စစ်တပ်ကကျေးရွာတွေကို မကြာခဏဝင်ရောက်နေမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် စပါးစိုက်ပျိုးနိုင်ခြင်းမရှ်ိဘဲ ဖြစ်နေရတယ်လို့ ဒေသခံတောင်သူတဦးပြောပါတယ်။ ဒါ့အပြင် ကျေးရွာတွေ မီးရှို့ခံရတဲ့အခါမှာ နေအိမ်တွေအပြင် ဝမ်းစာစပါး၊မျိုးစပါးတွေကအစ မီးလောင်ဆုံးရှုံးခဲ့ကြရတာကြောင့် စပါးစိုက်ပျိုးဖို့ထက် စားဖို့အတွက်တောင် ခက်ခဲနေကြတယ်လို့လည်း ပြောဆိုကြပါတယ်။ တချို့တောင်သူတွေမှာ စိုက်ပျိုးဖို့အဆင့်သင့်ပြင်ဆင်ထားပြီးဖြစ်ပေမယ့် နေအိမ်နဲ့စုဆောင်းထားသမျှအားလုံး မီးရှို့ခံရပြီး အဆမတန်မြင့်တက်နေတဲ့ သွင်းအားစုတွေကြောင့် ဆက်လက်မစိုက်ပျိုးနိုင်တော့တဲ့ တောင်သူတွေလည်း အများအပြားရှိနေပါတယ်။ အခုလိုအခြေအနေတွေကြောင့် ရေရှည်မှာဆိုရင် ဒီပဲယင်းမြို့နယ်မှာ ရွှေဘိုပေါ်ဆန်းစပါးဆိုတာကို စာရွက်ထဲမှာချရေးကြည့်ရမယ့်အဖြစ်မျိုးနဲ့ ကြုံတွေ့လာနိုင်တယ်လို့လည်း တောင်သူတွေကပြောပါတယ်။ ဒါ့ကြောင့် တောင်သူတွေ စပါးမစိုက်ပျိုးနိုင်ခြင်းဟာ မိသားစုစားဝတ်နေရေးတွေအပြင် တိုင်းပြည်ရဲ့စားနပ်ရိက္ခာပါပြတ်လပ်လာနိုင်တာကြောင့် နိုင်ငံရေးအမြန်ဆုံးတည်ငြိမ်အေးချမ်းဖို့…

Read More

မဏိပူရပြည်နယ်မှာ မြေပြိုမှုကြောင့် လူ ၄၂ ဦးသေဆုံး ၊ ၂၀ ကျော်ပျောက်ဆုံးနေ

ဒေလီ၊ ဇူလိုင်-၄-၂၀၂၂ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လူ ၄၂ ဦးသေဆုံးပြီး ပျောက်ဆုံးနေသူ ၂၀ ကျော်ကို ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေနေကြပါတယ်။ ပြည်နယ်အတွင်းက မီးရထားလမ်းဖောက်လုပ်ရေးစခန်းတခုမှာ ဇွန် ၂၉ ရက်နှောင်းပိုင်းမှာ မြေပြိုမှုဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူအများစုဟာ အလုပ်သမားတွေနဲ့ အိန္ဒိယစစ်တပ်ရဲ့ အရန်တပ်ဖွဲ့၀င်တွေဖြစ်ပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ မြေပြိုမှုတွေဆက်လက်ဖြစ်ပွားနေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အဟန့်အတားဖြစ်နေရတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ လက်ရှိချိန်ထိ လူ ၁၈ ဦးကို ကယ်တင်ထားနိုင်တယ်လို့ ဆိုပါတယ်။ မုန်သုန်မိုးရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာသံ၊ မဏိပူရ၊ မီဂါလာယာနဲ့ ထရီပူရပြည်နယ်တွေမှာ ဆိုးရွားတဲ့ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေပါတယ်။ ရေလွှမ်းမိုးမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၁၅၀ သေဆုံးခဲ့တဲ့ အာသံပြည်နယ်မှာတော့ ထိခိုက်မှုတွေဆိုးရွားနေပြီး လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ Ref: BBC Photo: BBC Hindi #voiceofmyanmar…

Read More

မုန်းမြို့မှာ စစ်ဘေးရှောင်သူ ၄သောင်းနီးပါးအထိရှိလာ ၊ ကျန်းမာရေးကိစ္စနဲ့ အခြားအကူအညီတွေလိုအပ်နေ

ဇူလိုင် ၄-၂၀၂၂ VOM (GG) ပဲခူးတိုင်း ၊ မုန်းမြို့နယ်မှာ ထိတွေ့တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူပေါင်း ၄သောင်းနီးပါးအထိ ရှိလာနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေအနေနဲ့ ကျန်းမာရေးပြဿနာ၊ စားဝတ်နေရေးပြဿနာ စတဲ့အခက်အခဲတွေ ကြုံတွေ့နေရပြီး တိမ်းရှောင်နေရသူတွေထဲမှာ အမျိုးသမီးတွေ၊ကလေးသူငယ်တွေနဲ့သက်ကြီးရွယ်အိုတွေပါတယ်လို့ သိရပါတယ်။ ” မိုးတွင်းဆိုတော့ အမိုးအကာတွေရော လိုတယ်လို့သိရတယ်။ မုန်းရော ကျောက်ကြီးရော အဲ့ဒီဘက်မှာ တိုက်ပွဲတွေဆက်တိုက်ကိုဖြစ်နေတာ ။စစ်တပ်ကလည်း လေကြောင်းကနေပစ်တာတွေရှိတယ်။လက်နက်ကြီးတွေရွာထဲကျတော့ ရွာလုံးကျွတ်ရှောင်နေရတာတွေတောင်ရှိတယ်လို့သိရတယ်။ စစ်ဘေးရှောင်တွေအတွက် အကူအညီတွေ လိုနေတယ်လို့ သိရတယ် “လို့ ဒေသခံတဦးကပြောပါတယ်။ လေကြောင်းကနေ ဗုံးကျဲတာတွေ ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေ ရွာထဲကိုကျရောက်တာကြောင့် နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူ မြင့်တက်လာတာဖြစ်တယ်လို့ KNU နဲ့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။ လက်ရှိ မုန်းမြို့နယ်အတွင်းက စာသင်ကျောင်း ၁၃ ကျောင်းကိုလည်း ပိတ်ထားရပြီး ကျောင်းသားကျောင်းသူနဲ့ဆရာဆရာမတွေ…

Read More

ထီးချိုင့်မြို့နယ် လှယ်မှီးကျေးရွာ အလက ခွဲကျောင်းမှာ စာသင်နေတဲ့ ဆရာမ ၂ ဦး အဖမ်းခံရ

ဇူလိုင် ၊ ၄ -၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ လှယ်မှီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲမှာ စာသင်ကြားပေးနေတဲ့ ကျောင်းဆရာမ ၂ ဦးဟာ မနေ့ ဇူလိုင် ၃ ရက် ညပိုင်းက ဖမ်းဆီးခံလိုက်ရတယ်လို့ လှယ်မှီကျေးရွာ ကျောင်းသားမိဘတွေဆီက သိရပါတယ်။ ” အဖမ်းခံလိုက်ရတဲ့ ဆရာမ ၂ ဦးက ၊ ဆရာမ ဒေါ်စန်းစန်းမာနဲ့ ဒေါ်အေးအေးလှိုင်တို့ဖြစ်တယ် “လို့ ကျောင်းသားမိဘတယောက်က ပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ထီးချိုင့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ရုံးနဲ့ နီးစပ်သူတဦးက” လှယ်မှီရွာ လခွဲကျောင်းမှာ စာသင်နေတဲ့ အရပ်ဆရာမ ၂ ဦးဖမ်းမိတယ် ၊ သူတို့က NUG ရဲ့သင်ရိုးနဲ့ စာသင်ကြားပေးနေတဲ့ အရပ်သူတွေဖြစ်တယ် ၊ စစ်ဆေးနေဆဲဖြစ်တယ် ၊ ပေါ်ပေါက်အချက်အရ အကြမ်ဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေအရ…

Read More

ပခုက္ကူ မြို့မစျေးထဲက ရွှေဆိုင်ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းနဲ့ ပိုက်ဆံ သိန်း ၁ ရာကျော် ပါသွား

ဇူလိုင် ၊ ၄-၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူုမြို့ ၊ စည်ပင်သာယာမြို့မစျေး ၊ အရှေ့ဘက်စျေးထဲက ရွှေရတနာ ၁ ဆိုင်မှာ ဒီကနေ့ နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည် ပစ္စည်းတချို့နဲ့ ပိုက်ဆံတွေပါသွားတယ်လို့ ပခုက္ကူ မြို့မစျေးသည်တွေဆီက သိရပါတယ်။ ” ဖြစ်တာက နေ့ခင်း ၁၁ နာရီလောက်ကဖြစ်တာပါ ၊ အရှေ့ဘက်စျေးထဲက ရှမ်းဧကရီ ရွှေဆိုင်မှာဖြစ်တာပါ ၊ ရွှေထည်ပစ္စည်းတချို့နဲ့ ပိုက်ဆံတွေပါသွားတယ် “လို့ စျေးသည်တယောက်က ပြောပါတယ်။ ပခုက္ကူမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတဦးက” သွားရောက်စစ်ဆေးနေပါတယ် ၊ ကနဦးကြားရတာက မျက်နှာမှာ မက်စ်တပ်ထားတဲ့ လူ ၄ ယောက်က ဆိုင်ထဲကိုဝင်လာပြီး ဆိုင်ရှင်ကို ရိုက်နှက်တယ် ၊ ရွှေကောင်တာကိုခွဲပြီး ရွှေထည်ပစ္စည်း ခန့်မှန်းအလေးချိန် ၁ ကျပ်သားကျော်နဲ့ ပိုက်ဆံ သိန်း…

Read More

ရခိုင်မှာ အခုရက်ပိုင်းအတွင်း မိုင်းပေါက်ကွဲမှု(၃)ကြိမ်ဖြစ်ပွားခဲ့ပြီး ၂ ဦးသေဆုံး၊ တဦးဒဏ်ရာရ

ဇူလိုင် ၄- ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်မှာ ဇူလိုင်လအစပိုင်း ရက်တွေအတွင်း မိုင်းပေါက်ကွဲမှု သုံးကြိမ်ထိရှိလာပြီး သေဆုံးသူ (၂) ဦးနဲ့ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ဆေးရုံရောက်နေသူ တဦးရှိတယ်လို့ သိရပါတယ်။ ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့ နေ့လယ် ၂ နာရီကျော်လောက်က ကျောက်တော်မြို့နယ်၊ အပေါက်ဝတိုက်နယ်ဆေးရုံမှာ မိုင်းထိလူနာတဦး ဒဏ်ရာပြင်းထန်တာကြောင့် စစ်တွေဆေးရုံကို ပို့ဆောင်ဖို့ဆောင်ရွက်နေချိန် ကုသမှုခံယူနေရင်း သေဆုံးသွား​တယ်လို့ သိရပါတယ်။ သူဟာ ကျောက်တော်မြို့နယ်၊ မျာလီကန်ကျေးရွာသားတဦးဖြစ်ပြီး ဦးစွန်းတောင်နဲ့ ကျောက်တော်အခြေစိုက် တပ်ရင်းတစ်ခုအနီးက နွားတွေကို သွားရောက်လိုက်ယူရာက မြေမြုပ်မိုင်းနင်းမိကာ ပေါက်ကွဲမှုဖြစ်ပြီး ခြေထောက်တစ်ဖက် ပြတ်ထွက်သွား​တယ်လို့ သိရပါတယ်။ မျာလီကန်ကျေးရွာသား ဦးလှမောင် (၃၅) နှစ်မှာ ဘယ်ခြေထောက် ဒူးအောက်ပိုင်း ပြတ်ထွက်ဒဏ်ရာ၊ ညာခြေ ကြွက်သားတွေ ပွင့်ထွက်ဒဏ်ရာတွေရရှိသွားပြီး အပေါက်ဝဆေးရုံမှာ ကုသမှုခံယူနေချိန် သေဆုံးသွားတာဖြစ်​တယ်လို့ သိရပါတယ်။ အလားတူ…

Read More

မိုးမိတ်နဲ့မိုးကုတ်ကြားက စားသောက်ဆိုင်တဆိုင် သိန်း၁၀၀ကျော်ဖိုး ရွှေထည်တွေ ဓားပြတိုက်ခံရ

ဇူလိုင် ၄-၂၀၂၂ VOM (GG) ရှမ်းပြည်နယ်၊ မိုးမိတ်နဲ့ မိုးကုတ်မြို့ကြား ဆယ်မိုင်က စားသောက်ဆိုင်တဆိုင်ဟာ သိန်း ၃၀၀ ကျော်တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေနဲ့ ငွေသားအချို့ ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။ မျက်နှာဖုံးတပ်ထားတဲ့ အမည်မသိအမျိုးသား ၄ ဦးက ဆိုင်ထဲကိုဝင်လာပြီး ဆိုင်ရှင်ကိုရိုက်နှက်ကာ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေပြီး ရွှေထည်ပစ္စည်း တွေကို ယူဆောင်သွားတာဖြစ်တယ်လို့သိရပါတယ်။ ” လကုန် ၃၀ ရက်နေ့က ဖြစ်တာ။သူတို့က အမှုလည်းမဖွင့် မတိုင်တော့ သတင်းကအခုမှသိရတာ။ လီဆူးတိုင်းရင်းသားတွေဖွင့်ထားတာ ။ ဆိုင်ထဲဝင်လာပြီး ဆိုင်ရှင်အမျိုးသမီးကို ရိုက်ပြီး အကုန်ရှာဖွေယူသွားတာလို့ ပြောတယ်”လို့ ဒေသခံပရဟိတသမားတဦးကပြောပါတယ်။ ဓားပြတိုက်ခံရပြီးနောက် သက်ဆိုင်ရာက သွားရောက်စစ်ဆေးတာတွေလုပ်ခဲ့ကြောင်းနဲ့ လုယက်သူတွေကိုတော့ အခုချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။ လက်ရှိမှာ ဓားပြတိုက်ခံလိုက်ရတဲ့ ဆိုင်ပိုင်ရှင် အနေနဲ့ ထပ်မံအန္တရာယ်ပြုခံရမှာကို စိုးရိမ်တာကြောင့် ရဲစခန်းမှာအမှုဖွင့်တိုင်ကြားတာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။ #voiceofmyanmar #VOM…

Read More

ဘီးလင်းမှာ NLD ပါတီဝင် ၂ ဦး ရုပ်ပျက်ဆင်းပျက် အသတ်ခံထားရတဲ့ ရုပ်အလောင်းတွေ့ရှိ

ဇူလိုင် ၄-၂၀၂၂ VOM (GG) ဘီးလင်းမြို့နယ်က NLD ပါတီဝင် ၂ ဦး ဖမ်းဆီးခံရပြီး အဆက်အသွယ်ပြတ်နေရာက မနေ့ဇူလိုင် ၂ ရက်နေ့မှာ အသတ်ခံထားရတဲ့ ရုပ်အလောင်းတွေကိုတွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ NLD ပါတီဝင် ၂ ဦးက ဘီးလင်းမြို့နယ်အလုပ်အမှုဆောင် ဦးကိုကိုမောင်နဲ့ ဘီးလင်းNLDပါတီဝင် ဦးပန်းမြင့် တို့ဖြစ်ပြီး သူတို့ ၂ ဦးလုံးဟာ ဇွန်လ ၂၂ ရက်နေ့ထဲက ဖမ်းဆီးခံလိုက်ရပြီးအဆက်အသွယ်ပြတ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ” မွန်ပြည်နယ်လွှတ်တော် အမတ် ဦးကျော်မျိုးမင်း အဖမ်းခံရတဲ့နေ့ပဲ သူတို့လည်းအဖမ်းခံရတာ အတူတူပဲလို့်သိရတယ် ။ အဲ့ဒီနေ့တည်းက အဆက်အသွယ်မရတာကနေ အခု ပါတီဝင် ၂ ယောက်ကတော့ အသတ်ခံထားရတာကိုပြန်တွေရတာလို့ ပြောတယ် ။ အတိကျတော့ မသိဘူး ။အလောင်းတွေကတော့ ရုပ်ပျက်ဆင်းပျက်ကိုဖြစ်နေပါပြီ ။ဓနိချောရွာနားမှာ မြေမြှုပ်ထားတာကို ရွာသားတွေကအကြောင်းကြားလို့ တူးမှသိရတာ လို့ကြားတယ်…

Read More

သီရိလင်္ကာမှာ လောင်စာဆီတရက်စာနီးပါးသာ ကျန်ရှိတော့တယ်လို့ စွမ်းအင်၀န်ကြီးပြော

ကိုလံဘို၊ ဇူလိုင်-၄-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာနိုင်ငံမှာ နှစ် ၇၀ အတွင်းအဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ လောင်စာဆီ ပြတ်လပ်မှုနဲ့ပတ်သက်ပြီး စွမ်းအင်၀န်ကြီးက သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတွင်းမှာ လောင်စာဆီပုံမှန်၀ယ်လိုအားအတိုင်းရှိနေမယ်ဆိုရင်တောင် တရက်စာနီးပါးသာ ကျန်ရှိတော့တယ်လို့ စွမ်းအင်၀န်ကြီး Kanchana Wijesekera က ဇူလိုင် ၃ ရက်မှာပြောပါတယ်။ နိုင်ငံမှာ လောင်စာဆီ၊ အစားအစာနဲ့ ဆေးဝါးလိုမျိုးကုန်ပစ္စည်းတွေ တင်သွင်းဖို့အတွက် နိုင်ငံခြားငွေပေးဆောင်ဖို့ ရုန်းကန်နေရချိန်မှာ မရှိမဖြစ်မဟုတ်တဲ့ ယာဉ်တွေအတွက် လောင်စာဆီရောင်းချမှုကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ရပ်ဆိုင်းခဲ့ပါတယ်။ နိုင်ငံတွင်းမှာ ဒီဇယ် ၁၂၇၇၄ တန်နဲ့ ဓါတ်ဆီ ၄၀၆၁ တန်သာ ကျန်ရှိတော့ကြောင်း သီရိလင်္ကာ စွမ်းအင်၀န်ကြီး Kanchana Wijesekera ကသတင်းထောက်တွေကို ပြောပါတယ်။ နောက်ထပ် လောင်စာဆီတင်သွင်းမှုက ဇူလိုင် ၂၂ ရက်နဲ့ ၂၃ ရက်ကြား ရောက်ရှိမယ်လို့ မျှော်မှန်းထားကြောင်း…

Read More

ပုသိမ်မှာ Mytelတာဝါတိုင်ပေါက်ကွဲမှုနဲ့ဖမ်းဆီးခံထားရတဲ့ အမျိုးသား ၃ ဦး ထောင် ၁၀ နှစ်စီချမှတ်ခံရ

ဇူလိုင် ၄-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ပုသိမ်အကျဉ်းထောင်ထဲမှာ Mytel တာဝါတိုင်မိုင်းကွဲတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး သံသယနဲ့ ဖမ်းဆီးခံရတဲ့ အမျိုးသား ၃ ဦးကို ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ်စီအမိန့်ချမှတ်လိုက်တယ်လို့ ထောင်ဒဏ်ချမှတ်ခံရသူတွေရဲ့မိသားစုဝင်တွေဆီကနေ သိရပါတယ်။ အဲ့ဒီထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခံရတဲ့အမျိုးသား ၃ ယောက်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်၊စက်တင်ဘာ၂၈ ရက်ညပိုင်းက ပုသိမ်မြို့နယ်၊စိန်တောင်ကျေးရွာက Mytel တာဝါတိုင်မိုင်းခွဲခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံ ထားရသူတွေဖြစ်တယ်လို့ သိရပြီး သူတို့တွေကို ဇူလိုင် ၁ ရက်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)နဲ့ ထောင်ဒဏ်တွေချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ”တယောက်ကို ထောင်ဒဏ် ၁၀ နှစ်အထိ အမိန့်ချလိုက်တာ ဘာပြစ်မှုမှလည်းလမကျူးလွန်ဘဲချလိုက်တာပါ။ အခုထောင်ဒဏ်ချခံရသူတွေက Mytel တာဝါတိုင် မိုင်းခွဲခံရတဲ့ကိစ္စမှာ ပါတဲ့သူတွေလည်းမဟုတ်ပါဘူး။ Mytel တာဝါတိုင်ကို ဘယ်သူလုပ်တယ်ဆိုတာ ဟိုဘက်က ကြေညာထားပြီးသားပါ။စိတ်ထဲအတော့်ကိုမကောင်းဘူး မတရားဘူး။”လို့ မိသားစုဝင်တဦးကပြောပါတယ်။ အဲ့ဒီထောင်ဒဏ်ချမှတ်ခံရတဲ့အမျိုးသား ၃ ယောက်ဟာ…

Read More
VOM News

FREE
VIEW