မုန်းမြို့မှာ စစ်ဘေးရှောင်သူ ၄သောင်းနီးပါးအထိရှိလာ ၊ ကျန်းမာရေးကိစ္စနဲ့ အခြားအကူအညီတွေလိုအပ်နေ

ဇူလိုင် ၄-၂၀၂၂
VOM (GG)

ပဲခူးတိုင်း ၊ မုန်းမြို့နယ်မှာ ထိတွေ့တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူပေါင်း ၄သောင်းနီးပါးအထိ ရှိလာနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေအနေနဲ့ ကျန်းမာရေးပြဿနာ၊ စားဝတ်နေရေးပြဿနာ စတဲ့အခက်အခဲတွေ ကြုံတွေ့နေရပြီး တိမ်းရှောင်နေရသူတွေထဲမှာ အမျိုးသမီးတွေ၊ကလေးသူငယ်တွေနဲ့သက်ကြီးရွယ်အိုတွေပါတယ်လို့ သိရပါတယ်။

” မိုးတွင်းဆိုတော့ အမိုးအကာတွေရော လိုတယ်လို့သိရတယ်။ မုန်းရော ကျောက်ကြီးရော အဲ့ဒီဘက်မှာ တိုက်ပွဲတွေဆက်တိုက်ကိုဖြစ်နေတာ ။စစ်တပ်ကလည်း လေကြောင်းကနေပစ်တာတွေရှိတယ်။လက်နက်ကြီးတွေရွာထဲကျတော့ ရွာလုံးကျွတ်ရှောင်နေရတာတွေတောင်ရှိတယ်လို့သိရတယ်။ စစ်ဘေးရှောင်တွေအတွက် အကူအညီတွေ လိုနေတယ်လို့ သိရတယ် “လို့ ဒေသခံတဦးကပြောပါတယ်။

လေကြောင်းကနေ ဗုံးကျဲတာတွေ ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေ ရွာထဲကိုကျရောက်တာကြောင့် နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူ မြင့်တက်လာတာဖြစ်တယ်လို့ KNU နဲ့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

လက်ရှိ မုန်းမြို့နယ်အတွင်းက စာသင်ကျောင်း ၁၃ ကျောင်းကိုလည်း ပိတ်ထားရပြီး ကျောင်းသားကျောင်းသူနဲ့ဆရာဆရာမတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNUရဲ့ထုတ်ပြန်မှုအရသိရပါတယ်။

#voiceofmyanmar #VOM #မုန်းမြိူ့ #စစ်ဘေးရှောင်၄သောင်း #အကူအညီလိုအပ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW