မိုးမိတ်နဲ့မိုးကုတ်ကြားက စားသောက်ဆိုင်တဆိုင် သိန်း၁၀၀ကျော်ဖိုး ရွှေထည်တွေ ဓားပြတိုက်ခံရ

ဇူလိုင် ၄-၂၀၂၂
VOM (GG)

ရှမ်းပြည်နယ်၊ မိုးမိတ်နဲ့ မိုးကုတ်မြို့ကြား ဆယ်မိုင်က စားသောက်ဆိုင်တဆိုင်ဟာ သိန်း ၃၀၀ ကျော်တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေနဲ့ ငွေသားအချို့ ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။

မျက်နှာဖုံးတပ်ထားတဲ့ အမည်မသိအမျိုးသား ၄ ဦးက ဆိုင်ထဲကိုဝင်လာပြီး ဆိုင်ရှင်ကိုရိုက်နှက်ကာ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေပြီး ရွှေထည်ပစ္စည်း တွေကို ယူဆောင်သွားတာဖြစ်တယ်လို့သိရပါတယ်။

” လကုန် ၃၀ ရက်နေ့က ဖြစ်တာ။သူတို့က အမှုလည်းမဖွင့် မတိုင်တော့ သတင်းကအခုမှသိရတာ။ လီဆူးတိုင်းရင်းသားတွေဖွင့်ထားတာ ။ ဆိုင်ထဲဝင်လာပြီး ဆိုင်ရှင်အမျိုးသမီးကို ရိုက်ပြီး အကုန်ရှာဖွေယူသွားတာလို့ ပြောတယ်”လို့ ဒေသခံပရဟိတသမားတဦးကပြောပါတယ်။

ဓားပြတိုက်ခံရပြီးနောက် သက်ဆိုင်ရာက သွားရောက်စစ်ဆေးတာတွေလုပ်ခဲ့ကြောင်းနဲ့ လုယက်သူတွေကိုတော့ အခုချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။

လက်ရှိမှာ ဓားပြတိုက်ခံလိုက်ရတဲ့ ဆိုင်ပိုင်ရှင် အနေနဲ့ ထပ်မံအန္တရာယ်ပြုခံရမှာကို စိုးရိမ်တာကြောင့် ရဲစခန်းမှာအမှုဖွင့်တိုင်ကြားတာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရှမ်းပြည် #ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW