အင်္ဂပူမြို့က အမိန့်ရအပေါင်ဆိုင် ဓားပြတိုက်ခံရပြီး ရွှေ၃ကျပ်သားပါသွား၊ တရားခံကိုပစ္စည်းနဲ့အတူဖမ်းမိ

ဇူလိုင် ၄-၂၀၂၂
VOM (GG)

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြောက်ရပ်ကွက်က အမိန့်ရအပေါင်ဆိုင်တဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၃ ကျပ်သားနဲ့ ငွေသားအချို့ ပါသွားသလို ဆိုင်ပိုင်ရှင်မှာလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မနေ့ ဇူလိုင် ၃ ရက် ည ၇ နာရီကျော်လောက်မှာ အမျိုးသားတဦးရောက်လာပြီး ရွှေဝယ်မယ်လို့ပြောတာကြောင့် နေအိမ်အတွင်းဝင်ခွင့်ပေးလိုက်ချိန် ဓားနဲ့ခြိမ်းခြောက်ကာ ငွေ ၁၀ သိန်းပေးဖို့ ပြောစဥ် မရှိကြောင်းပြန်လည်ပြောဆိုသဖြင့် ဆိုင်ရှင်ရဲ့လက်ကို ဓားနဲ့ထိုးတာကြောင့် ပြတ်ရှဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။

” ရွှေဝယ်မလို့ဆိုပြီး ဓားပြတိုက်တာ။ ငွေ ၁၀ သိန်း တောင်းတာ မရတော့ ရွှေ ၃ ကျပ်သားပေးခိုင်းတာ ဆွဲ ကြိုး ၃ ကုံးပါသွားတယ်။ငွေ ၁ သိန်းလည်းပါသွားတယ် ။ ဆိုင်ထဲကထွက်တာနဲ့ အော်ဟစ်အကူညီတောင်းတော့ ဝိုင်းဖမ်းကြပေမယ့် သူကထွက်ပြေးသွားတယ်” လို့ ဒေသခံတဦးကပြောပါတယ်။

အဲ့ဒီနောက် သက်ဆိုင်ရာက ကျူးလွန်သူရဲ့ပုံသဏ္ဍန်ကို ဆိုင်ရှင်ရဲ့ပြောပြချက်အရ ဆက်လက်စစ်ဆေးခဲ့ရာမှာတော့ ကွင်းကောက်မြောက်ရပ်ကွက်မှာနေတဲ့ ပန်းထိမ်လုပ်ငန်းလုပ်ကိုင်တဲ့ သန်းထွေးဆိုသူရဲ့နေအိမ်ကို သွားရောက်ရာ နေအိမ်အတွင်းကနေ ရွှေဆွဲကြိုး၃ကြိုးနဲ့ငွေသားအချို့အပြင် သွေးပေနေတဲ့ဆိုင်ကယ်တစီးကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် လက်ရှိမှာ ကျူးလွန်သူ သန်းထွေးဆိုသူကို ကွင်းကောက်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၉၄ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အင်္ဂပူ #ဓားပြမှု

Related posts

Leave a Comment

VOM News

FREE
VIEW