လူဟန့်ခ်ဒေသကို ရုရှားတပ်တွေထိန်းချုပ်ပြီးနောက် ယူကရိန်းမှာ ထိုးစစ်တွေဆက်လက်လုပ်ဆောင်ဖို့ ပူတင် အမိန့်ထုတ်

မော်စကို၊ ဇူလိုင်-၅-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းနိုင်ငံ လီဆိုင်ချန့်ခ်မြို့ကို ရုရှားတပ်တွေသိမ်းယူလိုက်ပြီးနောက် ယူကရိန်းမှာ ထိုးစစ်တွေ ဆက်လက်လုပ်ဆောင်ဖို့ ကာကွယ်ရေး၀န်ကြီးကို ရုရှားသမ္မတပူတင်က အမိန့်ပေးလိုက်ပါတယ်။

ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ယခင်အတည်ပြုထားတဲ့ အစီအစဉ်တွေအရ အခြားစစ်မျက်နှာမှာရှိတဲ့ ရုရှားတပ်တွေကို ရည်မှန်းချက်တွေ ဆက်လက်လုပ်ဆောင်ဖို့ သမ္မတပူတင်က အမိန့်ပေးညွှန်ကြားလိုက်တာဖြစ်ပါတယ်။

လီဆိုင်ချန့်ခ်မြို့ကို သိမ်းယူလိုက်တာဟာ ယူကရိန်းရှိ လူဟန့်ခ်ဒေသတခုလုံးကို ရုရှားက ထိန်းချုပ်လိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ မြို့ကို ရုရှားတွေလက်ရောက်သွားတာဟာ နာကျင်စရာဖြစ်ပေမယ့် ဒါဟာရှုံးခဲ့တဲ့တိုက်ပွဲတခုသာဖြစ်ပြီး စစ်ပွဲတခုလုံးနဲ့ မသက်ဆိုင်သေးဘူးလို့ လူဟန့်ခ်ဒေသ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အနောက်နိုင်ငံတွေကနေ ခေတ်မီလက်နက်တွေ ပိုမိုထောက်ပံ့လာတာကြောင့် ယူကရိန်းတပ်ဖွဲ့တွေဟု လီဆိုင်ချန့်ခ်မြို့ကို ပြန်လည်သိမ်းယူသွားမယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ကတိပြုပြောဆိုပါတယ်။

လက်ရှိမှာတော့ ရုရှားတပ်တွေဟာ လူဟန့်ခ်ဒေသအနီးမှာရှိတဲ့ ဒွန်နက်ခ်ဒေသကို အထူးပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ယူကရိန်းတပ်ဖွဲ့၀င်တွေကပြောပါတယ်။ ဒွန်နက်ခ်နဲ့ လူဟန့်ခ်ဒေသတို့ဟာ စက်မှုဒေသဖြစ်တဲ့ ဒွန်ဘက်စ်ဒေသတွင်းမှာ တည်ရှိပါတယ်။

Ref: BBC
Photo:AP

#voiceofmyanmar #VOM #ရုရှား #ယူကရိန်း #ကမ္ဘာ့သတင်း

Related posts

Leave a Comment

VOM News

FREE
VIEW