မြောက်ကိုရီးယားရဲ့ ရန်စမှုမှန်သမျှ ချက်ချင်းပြင်းထန်စွာတုံ့ပြန်ဖို့ စစ်တပ်ကို တောင်ကိုရီးယားသမ္မတ အမိန့်ပေး

ဆိုးလ်၊ ဇူလိုင်-၆-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားရဲ့ ရန်စမှုမှန်သမျှကို ချက်ချင်းပြင်းပြင်းထန်ထန်တုံ့ပြန်ဖို့ တောင်ကိုရီးယားစစ်တပ်ကို သမ္မတ ယောင်ဆက်ယိုက ဇူလိုင် ၆ ရက်မှာ အမိန့်ပေးလိုက်ပါတယ်။

မြောက်ကိုရီးယားဟာ ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နျူကလီးယားစမ်းသပ်မှုပြုနိုင်ကြောင်း စိုးရိမ်ပူပန်မှုတွေ ရှိနေချိန်မှာ တောင်ကိုရီးယားသမ္မတက အခုလိုအမိန့်ပေးလိုက်လိုက်တာဖြစ်ပါတယ်။

မေလမှတာ၀န်စတင်ထမ်းဆောင်ခဲ့တဲ့ သမ္မတယောင်ဆက်ယိုဟာ စစ်ဘက်ထိပ်တန်းတပ်မှူးတွေနဲ့ ပထမဆုံးတွေဆုံခဲ့ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေနဲ့ပတ်သက်ပြီး ဟန့်တားဖို့ စွမ်းရည်ကောင်းတွေရှိနေဖို့ စစ်တပ်ကို တိုက်တွန်းလိုက်ပါတယ်။

မြောက်ကိုရီးယားဟာ ယခုနှစ်အတွင်းမှာ ဒုံးကျည်စမ်းသပ်မှုတွေကို မကြုံစဖူးအရှိန်အဟုန်နဲ့ လုပ်ဆောင်နေပြီး သတ္တမမြောက်နျူကလီးယားစမ်းသပ်မှုပြုလုပ်ဖို့ကိုလည်း ပြင်ဆင်နေတယ်လို့ ယုံကြည်ရပါတယ်။

တောင်ကိုရီးယားနဲ့ အရှေ့မြောက်အာရှ၀န်းကျင်မှာ လုံခြုံရေးမရေရာမှုတွေ ယခင်ကထက် ကြီးထွားနေတာကြောင့် နိုင်ငံရဲ့ လုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့ ခိုင်မာတဲ့ကာကွယ်ရေးစွမ်းရည် အသင့်ရှိသင့်တယ်လို့ သမ္မတယောင်ဆက်ယိုက ပြောဆိုခဲ့ကြောင်း သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW