ဇူလိုင် ၇-၂၀၂၂
KT(VOM)
NLDလက်ထက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UECဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဦးလှသိန်းနဲ့ ကော်မရှင်အဖွဲ့ဝင် ၂ ဦးကို ဒီကနေ့မှာပဲ နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးကနေ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၁၃၀(က)နဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
UEC ဥက္ကဋ္ဌဦးလှသိန်းနဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးသန်းဌေး၊ ဦးမြင့်နိုင်တို့ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းပြုစုခြင်း၊ ကြိုတင်မဲပေးခြင်း ကိစ္စရပ်တွေမှာ တရားမဲ့ပြုကျင်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုပြီး ၂၀၂၀ခုနှစ် နိုဝင်ဘာလထဲမှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ – ၁၃၀ (က) နဲ့ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။
သူတို့ ၃ဦးဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းတွေမှာ စတင်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဒီကနေ့မှာတော့ ထောင်ဒဏ်တွေချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တာဝန်ရှိသူ ၄၂၂ ဦးကို တရားစွဲဆိုထားတယ်လို့လည်း သိရပါတယ်။
#voiceofmyanmar #VOM #UECဥက္ကဋ္ဌဟောင်း #ဦးလှသိန်း #အဖွဲ့ဝင်၂ဦး #ထောင်၃နှစ်ချ