ကြံခင်းမှာ တပတ်အတွင်း ဒေသခံ၂၀ နီးပါး ဖမ်းဆီးခံထားရ

ဇူလိုင် ၉-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ကြံခင်းမြို့နယ်မှာ ဇူလိုင်၂ ရက်စလို့ မနေ့က ဇူလိုင် ၈ ရက်အထိ တပတ်အတွင်း ဒေသခံ အရပ်သား အယောက် ၂၀ ကို တရားမဝင်အဖွဲ့အစည်း တွေနဲ့ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

“ဒီ၁ ပတ်အတွင်း အဖမ်းခံထားရသူ အယောက် ၂၀ ကျော်ရှိတယ်၊ တရားမဝင်အဖွဲ့တွေနဲ့ပတ်သက်တယ် ဆိုပြီးအဖမ်းခံရတာပါ၊ရွာထဲကနေ ဒေသခံတွေပဲ အဖမ်းခံရတာ၊အမျိုးသားလူငယ်တွေများတယ်၊ ဒီကနေ့အထိ အဆက်သွယ်မရကြဘူး၊ ရိုက်နက်စစ်ဆေးကြားရလို့ ကလေးတွေကိုစိတ်ပူတယ် ငရုတ်ကောင်းဘက်မှာ ရိုက်နက်စစ်ဆေးရင်း သေသွားလို့ပါ ”လို့ အဖမ်းခံရတဲ့သူတွေရဲ့မိသားစုတွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။

အဖမ်းခံရသူတွေဟာ စပါးအိုးကျေးရွာနဲ့ အနီးဝန်းကျင် ဒေသက လူငယ်တွေနဲ့ လူလတ်ပိုင်းအရွယ် ဒေသခံတွေဖြစ်ပြီး လယ်ယာလုပ်ငန်းကို လုပ်ကိုင်နေတဲ့သူတွေဖြစ်တယ်လို့သိရကာ ဖမ်းဆီးသွားတဲ့အခါ စစ်ဆေးစရာကိစ္စရှိလို့လာဖမ်းတာလို့ ပြောသွားကြောင်း သိရပါတယ်။

အဲ့ဒီ အခြေအနေနဲ့ပတ်သက်လို့ ဖမ်းဆီးခံရသူတွေကို ကူညီပေးနေတဲ့တရားလွှတ်တော်ရှေ့နေတဦးက ”
အဖမ်းခံရလို့ အကူညီတောင်းလာတာတွေရှိတယ်၊
လောလောဆယ်အဖမ်းခံရတဲ့သူတွေရဲ့နာမည်နဲ့ အသက်အရွယ်ဦးရေတွေပဲ စာရင်းယူနိုင်ပါသေးတယ်၊
အဖမ်းခံရတာတွေမှန်တယ်၊လောလောဆယ်တော့ ဒီလောက်ပဲလုပ်ထားနိုင်သေးတယ်။ဆက်ပြီး လာဖမ်းဆီးသွားတဲ့အဖွဲ့အစည်းတွေဆီကို ဆက်သွယ်သွားမယ်၊
”လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ နိုင်ငံရေးကို နားမလည်တဲ့လူငယ်တွေအများဆုံးပါဝင်တယ်လို့သိရပြီး အဖမ်းခံရသူတွေရဲ့ မိသားစုတွေကလည်း သာမန်တောင်သူတွေ ဖြစ်လို့ နစ်နာမှုတွေရှိနေတယ်လို့ သိရပါတယ်။

ကြံခင်းမြို့နယ်မှာ ဖမ်းဆီးအရေးယူမှုတွေ များလာခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးထင်ပေါ်ကျော်ကြားသူတွေကထွက်ပြေးတိမ်းရှောင်သွားတဲ့အခါ နေအိမ်ချိတ်ပိတ်တာမျိုးတွေရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကြံခင်း #ဒေသခံဖမ်းဆီးခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW