တရုတ်နိုင်ငံသား ၁ ဘီလီယံကျော်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ခိုးယူခံရပြီး ရောင်းစားခံရမယ့် အရေး ရင်ဆိုင်နေရ

ပေကျင်း၊ ဇူလိုင်-၉-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံသား ၁ ဘီလီယံကျော်ရဲ့ အချက်အလက်တွေကို ဟတ်ကာတဦးက ခိုးယူပြီး ရောင်းစားဖို့ ကမ်းလှမ်းချက် ထွက်ပေါ်လာပြီးနောက် လူ့အဖွဲ့အစည်းရဲ့ သတင်းအချက်အလက်လုံခြုံရေးကို ကာကွယ်ဖို့ တရုတ်သမ္မတ ရှီကျင်းပင်က တိုက်တွန်းလိုက်ပါတယ်။

ဟတ်ကာဟာ တရုတ်နိုင်ငံသားတွေရဲ့ အချက်အလက်တွေကို ရှန်ဟိုင်းအမျိုးသားရဲတပ်ဖွဲ့ထံကနေ ခိုးယူခဲ့တာဖြစ်ကြောင်း ဖိုရမ်တခုမှာ အချက်အလက်တွေကို ရောင်းချဖို့ ကမ်းလှမ်းရာမှာ ပြောပါတယ်။

ခိုးယူခဲ့တဲ့ အချက်အလက်တွေမှာတော့ အမည်တွေ၊ လိပ်စာတွေ၊ မှတ်ပုံတင်နံပါတ်တွေနဲ့ ဖုန်းနံပါတ်တွေပါ ပါ၀င်နေပါတယ်။

ရောင်းချဖို့ကမ်းလှမ်းရာမှာ နမူနာချပြတဲ့အချက်အလက်တွေဟာ အစစ်အမှန်တွေဖြစ်ကြောင်း ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူတွေက ပြောပါတယ်။

ခိုးယူခဲ့တဲ့ အချက်အလက်တွေဟာ ၂၃ တယ်ရာဘိုက်ပမာဏရှိပြီး ရောင်းချဖို့ကမ်းလှမ်းရာမှာ အများဆုံး ဒေတာပမာဏဖြစ်ပြီး ဇူလိုင် ၈ ရက်မှာ ဟတ်ကာကတင်ထားတဲ့ ပို့စ်ကို မဖျက်ခင်ထိ ဒေါ်လာ နှစ်သိန်း စျေးပေးထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်တာ၀န်ရှိသူတွေက လက်ရှိချိန်ထိ တုံ့ပြန်မှုတစုံတရာမရှိသေးပါဘူး။

သမ္မတရှီကျင်းပင်ကလည်း ဒီကိစ္စကိုတိုက်ရိုက်ရည်ညွှန်းပြောဆိုခြင်းမရှိပေမယ့် အများပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးကို အလေးပေးဖို့ တိုက်တွန်းပြောဆိုထားပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW