သီရိလင်္ကာ သမ္မတနန်းတော်ကို ဆန္ဒပြသူတွေ၀င်စီးမှုကြောင့် သမ္မတထွက်ပြေး ၊ ၀န်ကြီးချုပ်လည်း နှုတ်ထွက်ဖို့ သဘောတူပြီ

ကိုလံဘို၊ ဇူလိုင်-၉-၂၀၂၂
မျိုးဆက်(VOM)

ကိုလံဘိုမှာရှိတဲ့ သီရိလင်္ကာသမ္မတနန်းတော်ကို ထောင်ပေါင်းများစွာသောပြည်သူတွေက ဇူလိုင် ၉ ရက်မှာ ၀င်ရောက်စီးနှင်းခဲ့တာကြောင့် သမ္မတဖြစ်သူ ဂိုတာဘာယာ ရာဂျာပက်ဆာ ထွက်ပြေးခဲ့ရပါတယ်။

ရဲတပ်ဖွဲ့က လေထဲကို သေနတ်ပစ်ဖောက်ခဲ့ပေမယ့် ဆန္ဒပြသူတွေကို တားဆီးနိုင်ခြင်းမရှိခဲ့ပါဘူး။ သီရိလင်္ကာသမိုင်းမှာ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းမှုအပေါ် ပြည်သူတွေက လပေါင်းများစွာ ဆန္ဒပြနေကြပါတယ်။

လက်ရှိအခြေအနေမှာ ၀န်ကြီးချုပ်ကလည်း နှုတ်ထွက်ဖို့သဘောတူလိုက်ပြီဖြစ်ကြောင်း ၀န်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

နိုင်ငံမှာ နိုင်ငံခြားငွေ ရှားပါးပြတ်လပ်မှုတွေကြောင့် လောင်စာဆီ၊ အစားအစာနဲ့ ဆေးဝါးလိုမျိုး မရှိမဖြစ် ကုန်ပစ္စည်းတွေ တင်သွင်းဖို့အတွက် ရုန်းကန်နေရပါတယ်။

သမ္မတရာဂျာပက်ဆာရဲ့မိသားစုဟာ နိုင်ငံကို နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့ပြီး စီးပွားရေးကို မှားယွင်းစွာ စီမံခန့်ခွဲမှုနဲ့ တရုတ်နိုင်ငံကနေ ချေးငွေများစွာ ယူခဲ့တဲ့အပေါ် ပြည်သူတွေက အပြစ်တင်နေကြပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW