တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ ၀ယ်ယူမယ့် အစီအစဉ် အီလွန်မာ့ခ် အဆုံးသတ်

၀ါရှင်တန်၊ ဇူလိုင်-၉-၂၀၂၂
မျိုးဆက်(VOM)

အီလွန်မာ့ခ်ဟာ တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ ၀ယ်ယူမယ့် အစီအစဉ်ကို အဆုံးသတ်ဖို့ လုပ်ဆောင်နေပြီး သဘောတူညီချက်တွေကို တွစ်တာကချိုးဖောက်ခဲ့ကြောင်း သူကပြောပါတယ်။

တွစ်တာဟာ အကောင့်တုတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို လုံလောက်စွာမပေးတာကြောင့် ၀ယ်ယူဖို့ စီစဉ်ထားတာကို အဆုံးသတ်ဖို့ စီစဉ်ခြင်းဖြစ်ကြောင်း အီလွန်မာ့ခ်က ဇူလိုင် ၈ ရက်မှာ ပြောပါတယ်။

ဒါပေမယ့် တွစ်တာကတော့ ၀ယ်ယူရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ဥပဒေကြောင်းအရ လုပ်ဆောင်ဖို့ စီစဉ်ထားကြောင်း ထုတ်ပြန်ထားပါတယ်။

တွစ်တာဘုတ်အဖွဲ့ဟာ မစ္စတာမာ့ခ်နဲ့ သဘောတူထားသည့်စျေးနှုန်းနဲ့ စည်းကမ်းချက်များအရ ငွေပေးငွေယူကို ပိတ်ပစ်ဖို့ ကတိပြုလိုက်ကြောင်း တွစ်တာ ဥက္ကဌဖြစ်သူ ဘရက်တေလာက ပြောပါတယ်။

ဒါကြောင့် အီလွန်မာ့ခ်နဲ့ တွစ်တာတို့အကြား ကာလရှည်ကြာ တရားတဘောင်ဖြစ်လာနိုင်ဖွယ်ရှိပြီး ကနဦးသဘောတူညီချက်အရ တွစ်တာကို၀ယ်ယူမှုကို ရပ်ဆိုင်းခဲ့ရင် အီလွန်မာ့ခ်က ဒေါ်လာ တစ်ဘီလီယံ ပေးဖို့အချက်ပါ၀င်နေပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #၀ါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW