ကျောက်တော် ကမ္ဘာ့ရတနာဘဏ်မန်နေဂျာကို လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့ က ဖမ်းဆီးသွား

ဇူလိုင် ၊ ၁၀ ၊ ၂၀၂၂
SP (VOM)

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့မှာရှိတဲ့ ကမ္ဘာ့ရတနာ ဘဏ်မန်နေဂျာဖြစ်သူဟာ မနေ့ ဇူလိုင် ၉ ရက် ညနေပိုင်းက လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံရတယ်လို့ ဘဏ်လုပ်ငန်းရှင် အသိုင်းအဝိုင်းထံက သိရပါတယ်။

.” မနေ့က ညနေပိုင်းမှာ ကျောက်တော်မြို့နယ်ထဲက အလယ်ရွာက သူ့အမျိုးတွေဆီကို မိသားစုလိုက် အလည်လာတဲ့အချိန်မှာ အခုလို ဖမ်းဆီးခေါ်ဆောင်သွားတာ “လို့ ကျောက်တော်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

အမည်မသိ လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံရတဲ့ ဦးဝင်းနိုင် ဆိုသူဟာ ကျောက်တော် ကမ္ဘာ့ရတနာဘဏ်ရဲ့ မန်နေဂျာတယောက်ဖြစ်သလို စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌတယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။

” ဦးဝင်းနိုင်က နိုင်ငံရေး ကိစ္စတွေမှာ ပါဝင်စပ်စုတာမျိုး မရှိဘူး ၊ကျောက်တော်က ကမ္ဘာ့ရတနာဘဏ်မှာပဲ အေးဆေးနေတဲ့သူဖြစ်တယ် ၊ ဘာကြောင့် အခုလို ဖမ်းသွားတာလဲဆိုတာ မသိရသေးဘူး ” လို့ သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတယောက်က ပြောပါတယ်။

ကျောက်တော်မြို့က ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ ဦးဝင်နိုင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်ပိုင်း ဒီကနေ့ ညနေပိုင်းအချိန်ထိတော့ ဆက်သွယ်လာတာ မရှိသေးတဲ့အတွက် မိသားစုနဲ့ အဆက်သွယ်မရသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ပညာရေးဝန်ထမ်း ၂ ဦး ပြန်ပေးဆွဲခံရပြီးနောက် ၁ ပတ်အကြာမှာ ငွေသိန်း၁ထောင်ပေးပြီး ပြန်ရွေးခဲ့ရကာ လွတ်မြောက်လာခဲ့တဲ့ ဖြစ်စဥ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ကျောက်တော် #​ကမ္ဘာ့ရတနာဘဏ်ဥက္ကဋ္ဌ #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW