ကျောက်တော် ကမ္ဘာ့ရတနာဘဏ်မန်နေဂျာကို လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့ က ဖမ်းဆီးသွား

ဇူလိုင် ၊ ၁၀ ၊ ၂၀၂၂ SP (VOM) ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့မှာရှိတဲ့ ကမ္ဘာ့ရတနာ ဘဏ်မန်နေဂျာဖြစ်သူဟာ မနေ့ ဇူလိုင် ၉ ရက် ညနေပိုင်းက လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံရတယ်လို့ ဘဏ်လုပ်ငန်းရှင် အသိုင်းအဝိုင်းထံက သိရပါတယ်။ .” မနေ့က ညနေပိုင်းမှာ ကျောက်တော်မြို့နယ်ထဲက အလယ်ရွာက သူ့အမျိုးတွေဆီကို မိသားစုလိုက် အလည်လာတဲ့အချိန်မှာ အခုလို ဖမ်းဆီးခေါ်ဆောင်သွားတာ “လို့ ကျောက်တော်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။ အမည်မသိ လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံရတဲ့ ဦးဝင်းနိုင် ဆိုသူဟာ ကျောက်တော် ကမ္ဘာ့ရတနာဘဏ်ရဲ့ မန်နေဂျာတယောက်ဖြစ်သလို စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌတယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။ ” ဦးဝင်းနိုင်က နိုင်ငံရေး ကိစ္စတွေမှာ ပါဝင်စပ်စုတာမျိုး မရှိဘူး…

Read More

ရွှေဘို – မြစ်ကြီးနား ကားလမ်းမှာ လက်နက်ကြီးနဲ့ ပစ်ခံရလို့ ဆီဘောက်ဆာကား ၁ စီး မီးလောင်

ဇူလိုင် ၁၀ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ နတ်မဟုတ်ကြီးကျေးရွာနားက ရွှေဘို-မြစ်ကြီးနား ကားလမ်းမှာ ဒီမနက်အစောပိုင်းက ဓာတ်ဆီတွေသယ်လာတဲ့ ဆီဘောက်ဆာကား ၁ စီး လက်နက်ကြီးကျည် ထိမှန်ပေါက်ကွဲပြီး ကားမီးလောင်သွားတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” လက်နက်ကြီး ကျရောက် ထိမှန်ပေါက်ကွဲဲပြီး မီးလောင်သွားတဲ့ ဆီဘောက်ဆာကားက Asia Energy ကုမ္မဏီကားဖြစ်တယ် ၊ 92 ဓာတ်ဆီတွေသယ်လာတာဖြစ်ပြီး မြစ်ကြီးနားကို ပို့မှာဖြစ်တယ် ” လို့ နတ်မဟုတ်ကြီး ရွာခံတယောက်က ပြောပါတယ်။ အဲ့ဒီ ဆီဘောက်ဆာကား မီးလောင်တဲ့ ဖြစ်စဥ်ကြောင့် ရွှေဘို-မြစ်ကြီးနား လမ်းပိုင်း ယာယီပိတ်ထားပြီး အခု နေ့လယ်ပိုင်းမှာ ပြန်ပွင့်သွားပြီဖြစ်တယ်လို့ သိရပါတယ်။ ” လက်နက်ကြီး ကျည် ပထမ ၁…

Read More

အမ်းမှာ ၈ တန်းကျောင်းသားတဦး မျှစ်ချိုးသွားစဉ် မြေမြုပ်မိုင်းနင်းမိပြီး သေဆုံး

ဇူလိုင် ၁၀- ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကစုကိုင်းကျေးရွာမှာ ၈ တန်းကျောင်းသားတဦး မျှစ်ချိုးသွားစဉ်မိုင်းနင်းမိပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာတွေရရှိပြီး သေဆုံးသွား​တယ်လို့ မိသားစုဝင်တွေကနေ သိရပါတယ်။ မနေ့ ဇူလိုင်လ ၉ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်က မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ညနေပိုင်းအထိ အလောင်းကိုရှာမရခဲ့ဘဲ ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်ကမှ မိုင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့​တာဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသွားချိန်မှာ ၈ တန်းကျောင်းသားလေးဟာ အသက် (၁၄) နှစ်နဲ့ ၃ လရှိပြီဖြစ်တယ်လို့ သိရပါတယ်။ သူသေဆုံးတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အဖိုးဖြစ်သူ ကစုကိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်းက “သူက အဖေဖြစ်သူဆီက မုန်းဖိုးပိုက်ဆံ ၁၀၀ တောင်းပါတယ်။ အဖေဖြစ်သူက ပိုက်ဆံမရှိလို့မပေးနိုင်ဆိုပြီး အကျိုးအကြောင်းပြောပြီး မပေးလိုက်တဲ့အခါ မုန့်လည်းမစားရဘူး။ နောက်ပြီး စိတ်ညစ်စရာပေါ်လာတာက…

Read More

မုံရွာမြို့ 929 ဆိပ်ကမ်း ဆီတင်ရေယာဥ် မီးလောင်မှု သိန်းပေါင်း ထောင်နဲ့ချီ ဆုံးရှုံးနိုင်

ဇူလိုင် ၁၀ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ရုံးကြီးရပ်ကွက် ၊ သဘ္လာဝတီနယ်မြေ ချင်းတွင်းမြစ် နိုင်းတူးနိုင်း ဆိပ်ကမ်းမှာ ဒီမနက် ၉ နာရီခွဲခန့်က စက်သုံးဆီ တင်ဆောင်နေတဲ့ မော်တော် ၃ စီးထက်မနည်း မီးလောင်ခဲ့ပါတယ်။ အဲ့ဒီမီးလောင်မှာ ဆုံးရှုံးမှုခန့်မှန်းကာလတန်ဖိုးအနေနဲ့ သက်ဆိုင်ရာက တရားဝင် တွက်ချက်ထုတ်ပြန်တာမျိုး မရှိသေးပေမယ့် မော်တော်လုပ်ငန်းရှင် တချို့ကတော့ အဲ့ဒီ မီးလောင်မှုဟာ သိန်းပေါင်းထောင်နဲ့ချီ ဆုံးရှုံးနိုင်တယ်လို့ ပြောပါတယ်။ ” အခုခေတ် ဆီးစျေးကွက်အရ ဆီ ၁ ပေပါကို ၅ သိန်းနူန်းရှိတယ် ၊ အခုဟာက ပေပါ ရာချီရှိတယ် ၊ နောက်ပြီး မော်တော်ရဲ့တန်ဖိုးကလည်း ၁ ထောင်နီးပါးဆိုတော့ အခု မီးလောင်ဆုံးရှုံးမှုဟာ သိန်း ထောင်ချီရှိမယ် ” လို့…

Read More

ရေစကြိုနယ် ကံသစ်ရွာသား ၁၆ ဦး ဖမ်းဆီးခံရပြီး ဆက်သွယ်မရ ပျောက်ဆုံးနေ

ဇူလိုင် ၊ ၁၀ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ကံသစ်ကျေးရွာက ရွာခံအမျိုးသား ၁၆ ဦးဟာ မနေ့ ဇူလိုင် ၉ ရက် မနက်အစောပိုင်းက ရွာထဲဝင်ဖမ်းတာကိုခံရပြီးနောက် ဒီကနေ့ထိ ဆက်သွယ်မရဘဲ ပျောက်ဆုံးနေတာဖြစ်တယ်လို့ ကံသစ်ရွာခံတွေဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်း ၆ နာရီဝန်းကျင်မှာ အဲ့ရွာသား ၁၆ ယောက်ကို ရွာထဲဝင်ပြီး ဖမ်းသွားတာပါ ၊ ဒီမနက်ပိုင်းအထိ ဆက်သွယ်မရတော့ ကျန်ရစ်တဲ့ မိသားစုတွေက စိတ်ပူနေကြတာ ” လို့ ကံသစ်ရွာခံတယောက်က ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီ ကံသစ်ရွာက အဖမ်းခံလိုက်ရတဲ့ လူ ၁၆ ယောက်နဲ့ ပတ်သက်ပြီးတော့ ဆက်ပြောတာက ” ကိုမြင့်ကြည် ၊…

Read More

လွိုင်တိုင်းလျန်းမှာ ရေကြီးရေလျှံပြီး လူ ၅ ဦးသေဆုံး၊ အိမ်တချို့ ပျက်စီး

ဇူလိုင် ၊ ၁၀၊ ၂၀၂၂ SP (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနဲ့ သျှမ်းပြည် တပ်မတော် (RCSS နဲ့ SSA)ဌာနချုပ်တည်ရှိရာ လွိုင်တိုင်းလျန်းမှာ မနေ့ ဇူလိုင် ၉ ရက်ညပိုင်းက မိုးသည်းထန်းစွာ အဆက်မပြတ်ရွာပြီးနောက် တောင်ကျရေတွေ လွိုင်တိုင်းလျန်းကို ရုတ်တရက်ဝင်ရောက်လာတဲ့အတွက် နေအိမ်တွေ ရေမျှောပျက်စီးကာ လူသေဆုံးတာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့က ည ၁၀ နာရီခွဲလောက်မှာ မိုးစရွာပြီးဖြစ်တာပါ ၊ လူနေအိမ် ၇ လုံး ရေမျှောပျက်စီးတယ် ၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ် ၅ ဦး ရေမျှောပျောက်ဆုံးနေတယ် “လို့ ကူညီပေးနေရတဲ့ နယ်ခံပရဟိတသမားတယောက်က ပြောပါတယ်။ ဒါ့အပြင် ညက ရေမျှောပျောက်ဆုံးနေတဲ့ လူတွေကိုလည်း လိုက်လံရှာဖွေ ကယ်ဆယ်နေကြတယ်လို့ သိရပါတယ်။ လွိုင်တိုင်းလျန်းမှာ…

Read More

ထားဝယ်က ပစ်ခတ်မှုအတွင်း အသက် ၇ နှစ်အရွယ် ကလေးငယ် ကျည်ထိမှန်သေဆုံး

ဇူလိုင် ၁၀-၂၀၂၂ VOM (GG) မနေ့ ဇူလိူင်လ ၉ ရက်နေ့ညပိုင်းက ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က ကျေးရွာတခုမှာဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဥ်အတွင်း အသက် ၇ နှစ်အရွယ် ကလေးငယ်တဦးသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သတင်းပေးလို့ နာမည်ထွက်နေတဲ့ ဝေဒီကျေးရွာရှိ ဦးကျော်ဟိန်းဆိုသူကို သေနတ်နဲ့ဝင်ရောက်ပစ်ခတ်စဥ် သူရဲ့ဇနီးဖြစ်သူနဲ့ အသက် ၇ နှစ်အရွယ် တူမဖြစ်သူကို သေနတ်ထိမှန်ကာ ကလေးငယ်ကသေဆုံးခဲ့တာဖြစ်တယ်လို့် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ” ညက ၁၁ခွဲလောက်မှာ အိမ်ကိုဝင်ပစ်တော့ ဦးကျော်ဟိန်းက လွတ်သွားတယ်။သူ့မိန်းမ ဒေါ်ဖြူသန်းနဲ့ တူမဖြစ်သူ ငုဝါနိုးကိုမှန်တယ်။ကလေးကသေသွားတယ်။ကလေးမိသားစုက ခဏအိမ်လည်လာနေကြတာလို့သိရတယ် “လို့ ဒေသခံတဦးကပြောပါတယ်။ မငုဝါနိုးဟာ သေနတ်ဒဏ်ရာရရှိပြီးနောက် ဆေးရုံပို့ပြီး ကုသမှုခံယူနိုင်ခဲ့ခြင်းမရှိတာကြောင့် အသက်သေဆုံးခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။ အခုလို ကလေးငယ် သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကတော့ ကလေးငယ် သေဆုံးဖြစ်စဥ်နဲ့ ပက်သက်ပြီး…

Read More

မုံရွာခရိုင်ထဲမှာ လမ်းဘေးမိုင်းပေါက်ကွဲပြီး ထိမှန်သေဆုံးသူ ၁ လအတွင်း ၅ ဦးရှိ

ဇူလိုင် ၊ ၁၀ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၄ မြို့နယ်ထဲက လမ်းတွေမှာ မကြာခဏဆိုသလို လမ်းဘေးမိုင်းတွေပေါက်ကွဲပြီး ထိမှန်သေဆုံးသူ အရေအတွက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်ကနေ အခုလ ဇူလိုင် ၉ ရက်အထိ ၁ လအတွင်း သေဆုံးသူ ၅ ဦးထက်မနည်း ရှိတယ်လို့ သတင်းမှတ်တမ်းတွေနဲ့ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့ညက ၈ နာရီဝန်းကျင်မှာ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ အောင်ချမ်းသာရွာနားက မုံရွာ မန္တလေးကားလမ်း မိုင်းကွဲတယ်၊ မန္တလေးကနေ မုံရွာဘက်ကို ကြွလာတဲ့ မုံရွေးကြေမုံဘက်က ဆရာတော်ရဲ့ကား မိုင်းထိမှန်တာပါ ၊ ကားမောင်းတဲ့သူ ဦးမင်းထက် ဆိုသူကတော့ နေရာမှာတင် ပွဲချင်းပြီး ဆုံးသွားတယ် ၊ ဆရာတော်…

Read More

ရေကြည်မြို့နယ်မှာ နိုင်ငံသားအထောက်အထားမဲ့သူ ၅၁ ယောက်ဖမ်းမိ

ဇူလိုင် ၁၀-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ကားနဲ့လာတဲ့ နိုင်ငံသားအထာက် အထားမဲ့သူ ၅၁ ယောက်ကို မနေ့ ဇူလိုင် ၉ ရက်ကဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းအ၀ိုင်းကနေသိရပါတယ်။ ဖမ်းမိသူတွေဟာ ရေကြည်မြို့နယ် မိဿာလင်ကျေးရွာအုပ်စု၊စာဥစမ်းကျေးရွာအနီးမှာ ဖမ်းမိခဲ့တာလို့သိရပြီး ကား ၂ စီးကိုမောင်းပေးတဲ့ ကားသမားတွေကတော့ ထွက်ပြေးသွားတယ်လို့သိရပါတယ်။ ”ရခိုင်ပြည်နယ်နဲ့ဧရာဝတီတိုင်းအဝင် နယ်စပ်ဂိတ်တစ်ခုမှာ အစစ်ဆေးမခံလို့ မောင်းပြီးထွက်ပြေးလာတဲ့ကား ၂ စီးကို အနာက်ကလိုက်ဖမ်းဆီးချိန်မှာမိဿာလင်ကျေးရွာအုပ်စုထဲက စာဥစမ်းကျေးရွာအနားမှာဖမ်းမိခဲ့တာ၊ကားနဲ့ မောင်းပို့တဲ့ ကားသမားတွေကိုတော့ မမိလိုက်ဖူးလို့။”လို့ ရဲတပ်ဖွဲ့တာ၀န်ရှိသူတဦးကပြောပါတယ်။ ဖမ်းမိတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၅၁ ယောက်ထဲမှာ အမျိုးသား ၂၈ ယောက်၊အမျိုးသမီး ၂၀ ယောက်နဲ့ ကလေး ၃ ယောက်ဖြစ်ပြီး သူတို့တွေကို ရေကြည်မြို့နယ်၊ကုန်းပြင်နယ်မြေရဲစခန်းမှာဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်ကလည်း ကျိုက်လတ်မြို့နယ်၊ကညင်ကိုင်းကျေးရွာအုပ်စု၊ဝဲစွန်းကျေးရွာအနီးမှာ စက်လှေနဲ့လာတဲ့နိုင်ငံသားအထောက်အထားမဲ့သူ ၂၈ ယောက်ကိုလည်း ဖမ်းမိခဲ့သေးတယ်လို့…

Read More

ပြည်သူ့ဆန္ဒ မလွန်ဆန်နိုင်တာကြောင့် သီရိလင်္ကာသမ္မတ ထွက်တော်မူ နန်းကခွာတော့မယ်

ကိုလံဘို ၊ ဇူလိုင် ၁၀ -၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာသမ္မတ ဂိုတာဘာယာရာဂျာပက်ဆာဟာ ဆန္ဒပြသူတွေက သူရဲ့နေအိမ်ကို ဝင်ရောက်စီးနင်းကာ ဝန်ကြီးချုပ်ရဲ့နေအိမ်ကို မီးရှို့ပြီးနောက် ရာထူးမှနုတ်ထွက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ ဆန္ဒပြသူတွေ ဝင်စီးတဲ့အချိန်မှာ ၀န်ကြီးချုပ်ရော၊ သမ္မတရော သူတို့ရဲ့နေအိမ်တွေမှာ ရှိမနေခဲ့ပါဘူး။ သမ္မတ ရာဂျာပက်ဆာကတော့ အိမ်တော်ကထွက်ပြေးသွားပြီး ဆန္ဒပြသူတွေက သူ့အိမ်တော်မှာ အောင်ပွဲခံခဲ့ကြပါတယ်။ နိုင်ငံ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် လနဲ့ချီကြာ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ရာဂျာပက်ဆာ ရာထူးမှ နုတ်ထွက်ဖို့တောင်းဆိုခဲ့ကြပါတယ်။ သမ္မတ ရာဂျာပက်ဆာဟာ ဇူလိုင် ၁၃ ရက်မှာ ရာထူးမှ ဆင်းပေးမှာဖြစ်ပြီး ဝန်ကြီးချုပ်ကလည်းရာထူးမှ နုတ်ထွက်ဖို့ သဘောတူညီခဲ့ပါတယ်။ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးရေးအတွက် သမ္မတက ရာထူးက ဆင်းပေးဖို့ ဆုံးဖြတ်ခဲ့ပြီး ဥပဒေကို လေးစားလိုက်နာကြဖို့ လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းပြောဆိုထားပါတယ်။ Ref: BBC Photo:…

Read More
VOM News

FREE
VIEW