လွိုင်တိုင်းလျန်းမှာ ရေကြီးရေလျှံပြီး လူ ၅ ဦးသေဆုံး၊ အိမ်တချို့ ပျက်စီး

ဇူလိုင် ၊ ၁၀၊ ၂၀၂၂
SP (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနဲ့ သျှမ်းပြည် တပ်မတော် (RCSS နဲ့ SSA)ဌာနချုပ်တည်ရှိရာ လွိုင်တိုင်းလျန်းမှာ မနေ့ ဇူလိုင် ၉ ရက်ညပိုင်းက မိုးသည်းထန်းစွာ အဆက်မပြတ်ရွာပြီးနောက် တောင်ကျရေတွေ လွိုင်တိုင်းလျန်းကို ရုတ်တရက်ဝင်ရောက်လာတဲ့အတွက် နေအိမ်တွေ ရေမျှောပျက်စီးကာ လူသေဆုံးတာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” မနေ့က ည ၁၀ နာရီခွဲလောက်မှာ မိုးစရွာပြီးဖြစ်တာပါ ၊ လူနေအိမ် ၇ လုံး ရေမျှောပျက်စီးတယ် ၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ် ၅ ဦး ရေမျှောပျောက်ဆုံးနေတယ် “လို့ ကူညီပေးနေရတဲ့ နယ်ခံပရဟိတသမားတယောက်က ပြောပါတယ်။

ဒါ့အပြင် ညက ရေမျှောပျောက်ဆုံးနေတဲ့ လူတွေကိုလည်း လိုက်လံရှာဖွေ ကယ်ဆယ်နေကြတယ်လို့ သိရပါတယ်။

လွိုင်တိုင်းလျန်းမှာ အရင်ကလည်း ရေကြီးရေလျှံတာတွေ ဖြစ်ခဲ့ဖူးပေမယ့် အခုလို လူသေဆုံးတာနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးအောင်ထိ ဖြစ်တာမရှိဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #လွိုင်တိုင်းလျန်း #ရေကြီးရေလျှံ #လူ၅ဦးသေဆုံး #အိမ်တချို့ပျက်စီး

Related posts

Leave a Comment

VOM News

FREE
VIEW