မုံရွာမြို့ 929 ဆိပ်ကမ်း ဆီတင်ရေယာဥ် မီးလောင်မှု သိန်းပေါင်း ထောင်နဲ့ချီ ဆုံးရှုံးနိုင်

ဇူလိုင် ၁၀ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ရုံးကြီးရပ်ကွက် ၊ သဘ္လာဝတီနယ်မြေ ချင်းတွင်းမြစ် နိုင်းတူးနိုင်း ဆိပ်ကမ်းမှာ ဒီမနက် ၉ နာရီခွဲခန့်က စက်သုံးဆီ တင်ဆောင်နေတဲ့ မော်တော် ၃ စီးထက်မနည်း မီးလောင်ခဲ့ပါတယ်။

အဲ့ဒီမီးလောင်မှာ ဆုံးရှုံးမှုခန့်မှန်းကာလတန်ဖိုးအနေနဲ့ သက်ဆိုင်ရာက တရားဝင် တွက်ချက်ထုတ်ပြန်တာမျိုး မရှိသေးပေမယ့် မော်တော်လုပ်ငန်းရှင် တချို့ကတော့ အဲ့ဒီ မီးလောင်မှုဟာ သိန်းပေါင်းထောင်နဲ့ချီ ဆုံးရှုံးနိုင်တယ်လို့ ပြောပါတယ်။

” အခုခေတ် ဆီးစျေးကွက်အရ ဆီ ၁ ပေပါကို ၅ သိန်းနူန်းရှိတယ် ၊ အခုဟာက ပေပါ ရာချီရှိတယ် ၊ နောက်ပြီး မော်တော်ရဲ့တန်ဖိုးကလည်း ၁ ထောင်နီးပါးဆိုတော့ အခု မီးလောင်ဆုံးရှုံးမှုဟာ သိန်း ထောင်ချီရှိမယ် ” လို့ ကုန်တင်မော်တော်ပိုင်ရှင်တယောက်က ပြောပါတယ်။

အဲ့ဒီ မီးလောင်တာနဲ့ ပတ်သက်ပြီး မုံရွာခရိုင် မီးသတ်ဦးစီးဌာနရုံး တာဝန်ရှိသူတဦးက ” ဒီမနက် ၉ နာရီခွဲဝန်းကျင်မှာ မီးစလောင်တာပါ ၊ အောင်ကျော်လွင် ရေယာဥ်နဲ့ ပြည်ရတနာ ရေယာဥ် ၂ စီးပေါ်ကို ဆီပေပါတွေ ဆီဖြည့်တင်နေတဲ့အချိန် ပေပါချင်း ပွတ်တိုက်မှုဖြစ်ပြီး အပူလွန်ကဲမှုကြောင့် မီးစတင်လောင်ရတာလို့ ခန့်မှန်းထားတယ် ၊ ကနဦး ခန့်မှန်းချက်ဖြစ်တယ် “လို့ ပြောပါတယ်။

” ခန္တီး နဲ့ ဟုမ္မလင်းနယ်ဘက်ကို မုံရွာကနေပို့မယ့် စက်သုံးဆီပေပါတွေတင်နေရင်း မီးစလောင်တာပါ မော်တော် ၂ စီးနဲ့ နောက်ဆွဲယာဥ် ၁ စီး နဲ့ဆိုတော့ မော်တော် ၃ စီးထပ်ကြီး မီးလောင်နေတာပါ ” လို့ သလ္လာဝတီရပ်နေ မော်တော်ပိုင် တယောက်က ပြောပါတယ်။

အဲ့ဒီ မီးလောင်နေတဲ့ မော်တော်တွေကို အခုမနက် ၁၂ နာရီဝန်းကျင်မှာ မီးလောင်နေတဲ့အတိုင်း မြစ်အလယ်ကို ရေမျှာလိုက်တာဖြစ်တယ်လို့ သိရပေမယ့် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ ၁၂နာရီ ၄၀မိနစ်အချိန်မှာ မီးငြိမ်းနိုင်တယ်လို့ ရေးထားတာကိုလည်း တွေ့ရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #ဆီတင်ရေယာဥ် #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW