ပုဂံတဖက်ကမ်း တန့်ကြည်တောင်ဝန်းကျင်ရွာတွေက လူနေအိမ် ၅ ရာနီးပါး မီးရှို့ခံရ

ဇူလိုင် ၊ ၁၀ ၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ် ၊ တန့်ကြည်တောင်ဒေသဘက်က ရွာတွေမှာ ၂ ရက်ဆက်တိုက် မီးရှို့ခံရတာတွေဖြစ်ပြီး ဒေသခံရွာသားတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပခုက္ကူနယ်ခံတွေဆီက သိရပါတယ်။

” အိမ်တွေမီးရှို့ခံရတဲ့ ရွာက ၄ ရွာဖြစ်တယ် ၊ အဲ့ဒီရွာတွေက ပြေးနေရတဲ့ လူဦးရေပေါင်းက ၃ထောင်ကျော် ၄ ထောင်နီးပါးရှိတယ် ” လို့ တောင်ပလူရွာခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် အိမ်တွေ မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး တန့်ကြည်တောင်ဒေသခံ တစ်ဦးက ”

” ရှားဒူးရွာက စာရင်းရှိ အိမ်ခြေစုစုပေါင်းက ၁၈၇ အိမ် ၊ မီးလောင်သွားတာက အိမ်ခြေ ၁ ရာဆိုတော့ ၈၇ အိမ်ပဲကျန်တယ် ၊စိုင်ဖြူရွာက စာရင်းရှိ အိမ်ခြေစုစုပေါင်းက ၈၅ အိမ်ရှိတယ် ၊ မီးလောင်တဲ့အိမ်ခြေက၂၂အိမ် ဖြစ်တယ် ၊ တောင်ပလူရွာက စာရင်းရှိ အိမ်ခြေစုစုပေါင်းက ၁၈၇ အိမ် ၊ အဲ့ဒီထဲက ၁၅၇ အိမ် မီးလောင်တယ် ၊ အရှေ့ကမ်းဖြူရွာက စာရင်းရှိ အိမ်ခြေက ၅၂၃ အိမ်ဖြစ်တယ် ၊ မီးလောင်တာက ၄၃ အိမ်ဖြစ်တယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ယောချောင်းတောင်ဘက်က စိုက်ခမ်းရွာအပါအဝင်၊ အင်းကန်ရွာ ၊ ကျောက်ကြီးရွာ၊စည်ကောင်း၊ ထန်းမကောက်၊ နုံးပုံ စတဲ့ ရွာခံတွေဟာလည်း မနေ့ညကစလို့ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် ပခုက္ကူနယ် တန့်ကြည်တောင်ဒေသဘက်က ရွာ ၄ ရွာက လူနေအိမ် ၅ ရာနီးပါး မီးရှို့ခံရပြီး ဘေးလွတ်ရာကို ထွက်ပြေးနေရတဲ့ လူဦးရေးဟာလည်း ၄ ထောင်နီးပါး ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒိအပြင် ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်ညမနက်ပိုင်းက တန့်ကြည်တောင်ကို တက်လာတဲ့ ဟိုက်ဂျက် ဘုရားဖူး ကားတစ်စီးဟာ ပစ်ခတ်ခံရတဲ့အတွက် ဘုရားဖူး အမျိုးသား ဧည့်တယောက် သေဆုံးခဲ့တာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ပခုက္ကူမြို့နယ် #တန့်ကြည်တောင် #မီးရှို့ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW