ကလေးမြို့မှာ မှုခင်းသတင်းထောက် လင်မယား အပါအဝင် ၂ လောင်းပြိုင် လူသတ်မှု ၂ ကြိမ်ဖြစ်

ဇူလိုင် ၊ ၁၁-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း၊ကလေးမြို့မှာ မှုခင်းသတင်းထောက် လင်မယားအပါအဝင် ၂၄ နာရီအတွင်း ၂ လောင်းပြိုင် လူသတ်မှု ၂ ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ ကလေးမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ၂ လောင်းပြိုင် လူသတ်မှု ၂ ခုစလုံးက လင်မယားတွဲတွေကြည့်ပဲ အသတ်ခံရတာ ” လို့ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ လူသတ်မှုတွေနဲ့ ပတ်သက်ပြီး ကလေးမြို့ခံတဦးက ” ဒီကနေ့ နေ့ခင်း ၁၂ နာရီဝန်းကျင်က ရနံ့သစ် လက်ဖက်ရည်ဆိုင်ထဲမှာ မှုခင်းသတင်းထောက် ကိုစိန်လင်းတို့ လင်မယား ပစ်သတ်ခံရတယ် ၊ မနေ့ညက ၈ နာရီဝန်းကျင်းမှာ အောင်မင်္ဂလာရပ်ကွက်မှာနေတဲ့ ကိုကျော်ဝင်းထွန်းနဲ့ သူ့မိန်းမ မမိုးကြည် တို့ လင်မယား ၂ ယောက်ကို ဆည်ကြီးရွာနဲ ညောင်တောရွာ အကြား တံတားနားမှာ အသတ်ခံရတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ လူသတ်မှုတွေကို ကလေးမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့ နေ့လယ်ပိုင်းက အသတ်ခံရတဲ့ မှုခင်းသတင်းထောက်နဲ့ ပတ်သက်ပြီး ရန်ကုန် မှုခင်းရှု့ထောင့် သတင်းဌာန အဖွဲ့ဝင်တဦးက ” အခု အသတ်ခံရတဲ့ ကိုစိန်လင်းဟာ ၊ အရင်က ရှု့ထောင့်မှာ လုပ်တယ် ၊ ထွက်သွားတာကြာပြီ ၊ အခု နောက်ပိုင်းတော့ စိန်လင်း သတင်းအေဂျင်စီဆိုပြီး လုပ်နေတယ်လို့ကြားတယ် ၊ SH မှုခင်းသထောက် အသတ်ခံရတာက ထားဝယ်မှာ ၁ ယောက် ၊ မြိတ်မှာ ၁ ယောက် ၊ လှိုင်သာယာမှာ ၁ ယောက် အားလုံးပေါင်း လေးငါး​ယောက်ရှိတယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်ထဲကလည်း ပြည်တွင်း သတင်းမီဒီယာဌာနတွေက သတင်းပညာနဲ့ အသက်ဝမ်းမွေး လုပ်ကိုင်နေသူတွေရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်တာတွေလည်း ဖြစ်ပေါ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ကလေး

Related posts

Leave a Comment

VOM News

FREE
VIEW