ရုရှားလက်က နယ်မြေတွေပြန်သိမ်းဖို့ သန်းနဲ့ချီတဲ့စစ်အင်အား ယူကရိန်း စုစည်းနေ

ကိယက်ဗ်၊ ဇူလိုင်-၁၁-၂၀၂၂ မျိုးဆက်(VOM) ရုရှားတပ်တွေသိမ်းယူထားတဲ့ ယူကရိန်းတောင်ပိုင်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် နေတိုးအဖွဲ့ရဲ့ လက်နက်တွေတပ်ဆင်ထားတဲ့ သန်းနဲ့ချီတဲ့စစ်အင်အား စုစည်းဖို့စီစဉ်နေကြောင်း ယူကရိန်းကာကွယ်ရေး၀န်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပင်လယ်နက်ကမ်းရိုးတန်းတဝိုက်ရှိ ဒေသတွေကို ပြန်လည်သိမ်းပိုက်ဖို့ဟာ ယူကရိန်းနိုင်ငံရဲ့ စီးပွားရေးအတွက် အလွန်အရေးကြီးကြောင်း ယူကရိန်းကာကွယ်ရေး၀န်ကြီး Oleksii Reznikov ကပြောပါတယ်။ ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသမှာရှိတဲ့ နယ်မြေတွေကိုသိမ်းပိုက်နိုင်ရေး အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာ ယူကရိန်းကာကွယ်ရေး၀န်ကြီးက နိုင်ငံတောင်ပိုင်းနယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ရေးနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။ ယူကရိန်းကို ဆိုဗီယက်ခေတ်လက်နက်တွေမှ နေတိုးအဆင့်မှီ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ လက်နက် ခဲယမ်းမီးကျောက်တွေနဲ့အတူ ယူကရိန်းအတွက် ထောက်ပံ့မှုမှ အသွင်ကူးပြောင်းရေးမှာ ဗြိတိန်ဟာ အဓိကအခန်းကဏ္ဍမှ ပါ၀င်ကြောင်း ယူကရိန်းကာကွယ်ရေး၀န်ကြီးက တိုင်းမ်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ချီးကျူးပြောဆိုပါတယ်။ မိမိတို့မှာ လက်နက်ကိုင်တပ်ဖွဲ့၀င် ခုနှစ်သိန်းရှိပြီး အမျိုးသားအစောင့်တပ်၊ နယ်ခြားစောင့်တပ်များပါ ပေါင်းလိုက်ပါက အင်အားတသန်း၀န်းကျင်ရှိကြောင်း သူကပြောပါတယ်။ တပ်ဖွဲ့၀င်တွေအတွက် လက်နက်တွေတပ်ဆင်ပေးမှုကို အရှိန်မြှင့်ဖို့လိုတယ်လို့ ဆိုပါတယ်။ ဒီအတောအတွင်း…

Read More

ကလေးမြို့မှာ မှုခင်းသတင်းထောက် လင်မယား အပါအဝင် ၂ လောင်းပြိုင် လူသတ်မှု ၂ ကြိမ်ဖြစ်

ဇူလိုင် ၊ ၁၁-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း၊ကလေးမြို့မှာ မှုခင်းသတင်းထောက် လင်မယားအပါအဝင် ၂၄ နာရီအတွင်း ၂ လောင်းပြိုင် လူသတ်မှု ၂ ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ ကလေးမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ၂ လောင်းပြိုင် လူသတ်မှု ၂ ခုစလုံးက လင်မယားတွဲတွေကြည့်ပဲ အသတ်ခံရတာ ” လို့ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ လူသတ်မှုတွေနဲ့ ပတ်သက်ပြီး ကလေးမြို့ခံတဦးက ” ဒီကနေ့ နေ့ခင်း ၁၂ နာရီဝန်းကျင်က ရနံ့သစ် လက်ဖက်ရည်ဆိုင်ထဲမှာ မှုခင်းသတင်းထောက် ကိုစိန်လင်းတို့ လင်မယား ပစ်သတ်ခံရတယ် ၊ မနေ့ညက ၈ နာရီဝန်းကျင်းမှာ အောင်မင်္ဂလာရပ်ကွက်မှာနေတဲ့ ကိုကျော်ဝင်းထွန်းနဲ့ သူ့မိန်းမ မမိုးကြည် တို့ လင်မယား ၂ ယောက်ကို ဆည်ကြီးရွာနဲ ညောင်တောရွာ…

Read More

ပဲခူးတိုင်းမှာ ၂ရက်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ယောက်နဲ့ အမျိုးသမီး တဦး ပစ်ခတ်ခံရပြီး ၃ ယောက်သေ

ဇူလိုင် ၁၁-၂၀၂၂ VOM (GG) ပဲခူးတိုင်းမှာ ၂ ရက်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး နှစ်ဦးနဲ့ရာအိမ်မှူးလင်မယား သေနတ်နဲ့ပစ်ခတ်ခံရပြီး ၃ ယောက်သေဆုံးကာ ကျန်တယောက်ကဆေးကု​နေရတယ်လို့ သိရပါတယ်။ မနေ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ ပဲခူးတိုင်းအရှေ့ပိုင်း ညောင်လေးပင်မြို့နယ်၊ ကွင်းဒလကြီးအုပ်စုက အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းဦးဆိုသူ မင်္ဂလာဆောင်ကအပြန်မှာ သေနတ်နဲ့ ပတ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။ အလားတူ ဇူလိူင်လ ၁၀ ရက်နေ့မှာပဲ ပဲခူးတိုင်း အနောက်ပိုင်း၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ ခွက်မကျေးရွာက အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းဆိုသူလည်း ဆိုင်ကယ်စီးနေစဥ် သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့လို့ ဆေးကုသမှုခံယူနေရတယ်လို့သိရ ​ပါတယ်။ ” မနေ့ကညနေ ၆ နာရီကျော်လောက်မှာဖြစ်တာ။ ခွက်မရွာအုပ်ကြီး သူ့ကို ဆိုင်ကယ်စီးနေတုန်း တခြားဆိုင်ကယ်ကနေ ဇရစ်မြှောင်ရွာနားမှာ သေနတ်နဲ့ ၂ ချက် ပစ်သွားတာ။ လက်ကိုပဲထိတော့ မသေဘူး ဆေးကုနေတယ် ။ “လို့…

Read More

မကာအိုမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေမြင့်တက်၊ ကာစီနိုရုံတွေပိတ်ထားဖို့ အာဏာပိုင်တွေအမိန့်ထုတ်

ပေကျင်း၊ ဇူလိုင်-၁၁-၂၀၂၂ မျိုးဆက်(VOM) ကမ္ဘာ့အကြီးဆုံး လောင်းကစားရုံတွေတည်ရှိရာ မကာအိုမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေမြင့်တက်နေတာကြောင့် နှစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် လောင်းကစားရုံတွေကို ဇူလိုင် ၁၀ ရက်မှာ ပိတ်သိမ်းလိုက်ရပါတယ်။ အာဏာပိုင်တွေဟာ ကာစီနိုလောင်းကစားရုံကြီး ၃၀ ကျော်အပါအ၀င် မရှိမဖြစ်မဟုတ်တဲ့ လုပ်ငန်းတွေကို တပတ်ကျော်ကြာပိတ်သိမ်းဖို့ အမိန့်ထုတ်လိုက်ပါတယ်။ မကာအိုမှာ ဇွန်လလယ်မှစပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှု ၁၅၂၆ ဦးထိရှိကြောင်း တရား၀င်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပြီး လက်ရှိမှာ အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲကူးစက်မှုနဲ့ ပထမဆုံးအကြိမ် ရင်ဆိုင်နေရပါတယ်။ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မကာအိုမှာ ပိုမိုတင်းကြပ်တဲ့ ကိုဗစ်ဆိုင်ရာ စည်းမျဉ်းတွေအပေါ် စိုးရိမ်ပူပန်မှုတွေကြောင့် ဇူလိုင် ၁၁ ရက်မှာ လောင်းကစားနဲ့ပတ်သက်တဲ့ အစုရှယ်ယာတန်ဖိုးတွေ ကျဆင်းသွားခဲ့ပါတယ်။ မကာအိုမှာ နေထိုင်သူ ၉၀ ရာခိုင်နှုန်းကျော်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံထားပြီးဖြစ်ပေမယ့် ထပ်ဆောင်းကာကွယ်ဆေး ဘယ်လောက်ထိုးနှံပြီးထားတယ်ဆိုတာ မသိရသေးပါဘူး။ Ref: BBC…

Read More

လမ်းမတော်က ငွေလွှဲနဲ့ငွေလဲလုပ်ငန်း၂ခု ဓားပြတိုက်ခံရပြီး သိန်း၆၀၀ နဲ့ ဖုန်းနှစ်လုံးပါသွား

ဇူလိုင် ၁၁၊၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်က ရပ်ကွက်နှစ်ခုမှာ ဒီကနေ့မနက်ပိုင်းက ငွေလွဲလုပ်ငန်းနဲ့ ငွေလဲလုပ်ငန်းနှစ်ခုကို အမည်မသိလက်နက်ကိုင်ဆောင်ထားသူတွေက ဓားပြတိုက်ခဲ့ရာ ငွေကျပ်သိန်းခြောက်ရာနဲ့ဖုန်းနှစ်လုံးပါသွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ လမ်းမတော်မြို့နယ် (၇)ရပ်ကွက်နဲ့ (၉)ရပ်ကွက်ရှိ ငွေလွှဲလုပ်ငန်းလုပ်ကိုင်တဲ့ နေရာနှစ်ခုကို ဓားပြတိုက်ခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ ဒီကနေ့ မနက်ဆယ်နာရီဝန်းကျင်က လမ်းမတော်မြို့နယ် ၇ ရပ်ကွက်၊ ရွှေတောင်တန်းလမ်းက ငွေလွှဲလုပ်ငန်းတစ်ခုကို အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက သေနတ်ပြပြီး ငွေကျပ်သိန်းငါးရာနဲ့ ဖုန်းနှစ်လုံးကို လုယူသွားခဲ့တာဖြစ်တယ်၊ ပစ်ခတ်တာတွေ ဘာတွေမဖြစ်ဘူး၊ သေနတ်ပြပြီး ပိုက်ဆံယူသွားတယ်လို့ ကြားတယ် “လို့ သူကပြောပါတယ်။ အလားတူ ဒီကနေ့ မနက် ၁၁ နာရီကျော်ကလည်း လမ်း မတော်မြို့နယ်၊ ၉ ရပ်ကွက်၊ ပြည်လမ်းက Farmer Money Changer ကို သေနတ်၊ လက်ပစ်ဗုံးနဲ့ ခြိမ်းခြောက်ကာ ငွေတွေလုယူသွားတယ်လို့ အဆိုပါရပ်ကွက်နေသူတဦးက…

Read More

မြန်မာ့အရေး လုံလောက်တဲ့ဖိအားမပေးနိုင်တဲ့ အာဆီယံနိုင်ငံတွေကို အမေရိကန်ဝေဖန်

ဘန်ကောက်၊ ဇူလိုင်-၁၁-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိဖို့ လုံလောက်တဲ့ဖိအားမပေးနိုင်တဲ့အတွက် အရှေ့တောင်အာရှနိုင်ငံတွေကို အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ဝေဖန်ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ၁၈ လကြာချိန်ထိ မြန်မာနိုင်ငံမှာ ဖိနှိပ်ချုပ်ချယ်မှုတွေရှိနေတာဟာ ကံဆိုးကြောင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေက ဒါကိုအဆုံးသတ်ဖို့ ဖိအားတွေမပေးနိုင်တဲ့အပေါ် စိတ်ပျက်မိတယ်လို့ ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ ဘလင်ကင်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေကို ကျတော်တို့မတွေ့ရပါဘူး။ ဒါ့ကြောင့် ဆန့်ကျင်ဘက်အနေနဲ့ အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်မှုတွေကို ဆက်လက်မြင်တွေ့နေရတယ်လို့ သူကပြောပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသာတွေကို ပြန်လွှတ်ဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးအတွက် အာဆီယံနိုင်ငံတွေက ဆက်လက်တောင်းဆိုဖို့ လိုအပ်ကြောင်း ဘလင်ကင်က ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ဟာ အင်ဒိုနီးရှားမှာကျင်းပတဲ့ ဂျီ-၂၀ အစည်းအဝေးကို တက်ရောက်ပြီးနောက် ထိုင်းနိုင်ငံကိုသွားရောက်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ ဂျပန်နိုင်ငံကို ဆက်လက်သွားရောက်မှာဖြစ်ပါတယ်။ Ref:Asahi Shimbun Photo: AP…

Read More

မြန်မာနိုင်ငံ မြို့ကြီးတွေမှာ ကင်မရာနဲ့စောင့်ကြည့်နိုင်တဲ့ စနစ်တွေ တပ်ဆင်နေ

စင်ကာပူ၊ ဇူလိုင်-၁၁-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံတ၀န်းရှိ မြို့ကြီးတွေမှာ မျက်နှာမှတ်မိစေတဲ့နည်းပညာပါ၀င်တဲ့ တရုတ်နိုင်ငံထုတ် စောင့်ကြည့်ကင်မရာတွေကို မြန်မာအာဏာပိုင်တွေက တပ်ဆင်နေတယ်လို့ ဒီကိစ္စကို သိရှိတဲ့ သတင်းရင်းမြစ်သုံးဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လုံခြုံရေးကင်မရာတွေနဲ့ မျက်နှာမှတ်မိစေတဲ့နည်းပညာတွေတပ်ဆင်ဖို့ တင်ဒါတွေခေါ်ယူရာမှာတော့ လုံခြုံရေးထိန်းသိမ်းဖို့နဲ့ အချို့အခြေအနေတွေမှာ အများပြည်သူအေးချမ်းသာယာဖို့ ရည်ရွယ်တဲ့ စီမံကိန်းဖြစ်တယ်လို့ ဖော်ပြထားကြောင်း ဒီစီမံကိန်းမှာ ပါ၀င်ပတ်သက်ခဲ့တဲ့ လူတွေက ပြောပါတယ်။ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလမှာ နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲပြီးနောက် နိုင်ငံရဲ့ စတုတ္ထအကြီးဆုံးမော်လမြိုင်အပါအ၀င် မြို့ကြီးငါးမြို့ထက်မနည်းမှာ စောင့်ကြည့်ကင်မရာ တပ်ဆင်တဲ့လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ကြောင်း အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။ အဲဒီစီမံကိန်းဟာ ယခင်အစိုးရလက်ထက်က မှုခင်းကြိုတင်ကာကွယ်ရေးအစီအမံတွေအတွက် တပ်ဆင်ခဲ့တဲ့ မြို့ကြီးငါးမြို့မှာ အခုစီမံကိန်းကတော့ အသစ်လုပ်ဆောင်တာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ နစက ပြောရေးဆိုခွင့်ရှိသူထံ ရိုက်တာက ဖုန်းဆက်သွယ်ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။ ဒါ့အပြင် မြူနီစပယ်မြို့ ၁၀ မြို့က အာဏာပိုင်တွေကလည်း တစုံတရာ…

Read More

မန္တလေးမှာ လူသတ်ပြီး သိန်း ၄ထောင်ခန့် ဓားပြတိုက်ခံရမှုဖြစ်ပွား

ဇူလိုင် ၁၁-၂၀၂၂ Voice Of Myanmar မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီ(၁၁၀)လမ်းနဲ့ လမ်း၅၀ထောင့်က နေအိမ်မှာ လူသတ်ပြီး သိန်း ၄ထောင်ခန့် ဓားပြတိုက် ယူဆောင်သွားတဲ့ဖြစ်စဉ် ဒီကနေ့ နေ့လယ်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ ရဲနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။ “ဖြစ်စဉ်က ဟုတ်တယ်၊ အသတ်ခံရတာက အမျိုးသမီး၊ အခုချိန်က စစ်ဆေးနေတုန်းမို့ ပါသွားတာကတော့ သိန်း ၄ထောင်ပါ”လို့ ရဲနဲ့နီးစပ်သူတဦးကပြောပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးဟာ ဘဏ်ကနေ ငွေထုတ်လာပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာ ဓားပြတိုက်ခံရတာဖြစ်ပြီး အဲ့ဒီအမျိုးသမီးကိုပါ သတ်သွားခဲ့တာဖြစ်တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ #voiceofmyanmar #VOM #မန္တလေး #ဓားပြတိုက်

Read More

အကြမ်းဖက်မှုဥပဒေနဲ့ အချုပ်ကျနေတဲ့ အမျိုးသမီး ၁ ဦးကို တာဝန်ကျ ရဲက ခိုးပြေး

ဇူလိုင် ၊ ၁၁-၂၀၂၂ SP(VOM) မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ မလှိုင်မြို့ ၊မြို့မရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အချုပ်ကျနေတဲ့ အမျိုးသမီးတယောက်ကို မနေ့ ဇူလိုင် ၁၀ရက်က တာဝန်ကျ ရဲတယောက်ကနေ ခိုးယူထွက်ပြေးသွားတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” အ​ကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၅၀(ည)နဲ့ အချုပ်ကျနေတဲ့ ကောင်မလေးက ကိုမောင်တူးရဲ့သမီး မအိသန္တာအောင်ဆိုသူဖြစ်တယ် ၊ မနေ့က အပြင်ထုတ်တဲ့အချိန်မှာ တာဝန်ကျ ရဲတ​​​ပ်သား စိုးပိုင်က ခိုးယူထွက်ပြေးသွားတယ် ၊ ကောင်မလေးက သော့တန်းလန်းကြီးနဲ့ ပါသွားတာ ၊ ခေါ်ဆောင်ပြေးတဲ့ ရဲက မလှိုင်သားပါ ၊ လက်နက်မဲ့နဲ့ပြေးတာပါ ၊ အစောကတည်းက သူတို့ အကြံအစည်ရှိဟန်တူတယ်”လို့ မန္တလေး ရဲအသိုင်းအဝိုင်းက ပြောပါတယ်။ မိထ္တီလာခရိုင်မှာ အခြေချနေထိုင်တဲ့ ရဲအရာရှိ အငြိမ်းစားတဦးက ” အမျိုးသမီး…

Read More

ဝန်းသိုမြို့နယ် ဂျိုးထောင်ကျေးရွာက ဘုန်းကြီး ၁ ပါးနဲ့ လူ ၄ ဦးကို အမည်မသိ လက်နက်ကိုင် အဖွဲ့က ဖမ်းဆီး

ဇူလိုင် ၊ ၁၁ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့နယ် ၊ ဂျိုးထောင်ကျေးရွာမှာ မနေ့ ဇူလိုင် ၁၀ ရက် နေ့လယ်ပိုင်းက ရွာခံ ဘုန်းကြီး ၁ ပါး နဲ့ လူ ၄ ယောက်ကို လက်နက်ကိုင်အဖွဲ့တခုက ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဂျိုးထောင်ရွာခံတွေဆီက သိရပါတယ်။ ” နေ့ခင်း ၁၂ နာရီဝန်းကျင်မှာ ရွာထဲကို ဝင်ပြီး ဖမ်းသွားတာပါ ၊ အဖမ်းခံရတဲ့သူတွေက ရှမ်းနီတိုင်းရင်းသားတွေ ဖြစ်ကြတယ် ၊ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာ မသိရသေးဘူး ၊ လာဖမ်းတဲ့ အဖွဲ့က စစ်တပ်နဲ့ ရဲတော့မဟုတ်ဘူး ” လို့ ဂျိုးထောင်ရွာခံတယောက်ပြောပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့သူတွေကတော့ ၊ ဂျိုးထောင်ကျေးရွာ ခန္တီသာရာမကျောင်းတိုက်ရဲ့ ဒုတိယ…

Read More
VOM News

FREE
VIEW