လမ်းမတော်က ငွေလွှဲနဲ့ငွေလဲလုပ်ငန်း၂ခု ဓားပြတိုက်ခံရပြီး သိန်း၆၀၀ နဲ့ ဖုန်းနှစ်လုံးပါသွား

ဇူလိုင် ၁၁၊၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်က ရပ်ကွက်နှစ်ခုမှာ ဒီကနေ့မနက်ပိုင်းက ငွေလွဲလုပ်ငန်းနဲ့ ငွေလဲလုပ်ငန်းနှစ်ခုကို အမည်မသိလက်နက်ကိုင်ဆောင်ထားသူတွေက ဓားပြတိုက်ခဲ့ရာ ငွေကျပ်သိန်းခြောက်ရာနဲ့ဖုန်းနှစ်လုံးပါသွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လမ်းမတော်မြို့နယ် (၇)ရပ်ကွက်နဲ့ (၉)ရပ်ကွက်ရှိ ငွေလွှဲလုပ်ငန်းလုပ်ကိုင်တဲ့ နေရာနှစ်ခုကို ဓားပြတိုက်ခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ဒီကနေ့ မနက်ဆယ်နာရီဝန်းကျင်က လမ်းမတော်မြို့နယ် ၇ ရပ်ကွက်၊ ရွှေတောင်တန်းလမ်းက ငွေလွှဲလုပ်ငန်းတစ်ခုကို အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက သေနတ်ပြပြီး ငွေကျပ်သိန်းငါးရာနဲ့ ဖုန်းနှစ်လုံးကို လုယူသွားခဲ့တာဖြစ်တယ်၊ ပစ်ခတ်တာတွေ ဘာတွေမဖြစ်ဘူး၊ သေနတ်ပြပြီး ပိုက်ဆံယူသွားတယ်လို့ ကြားတယ် “လို့ သူကပြောပါတယ်။

အလားတူ ဒီကနေ့ မနက် ၁၁ နာရီကျော်ကလည်း လမ်း
မတော်မြို့နယ်၊ ၉ ရပ်ကွက်၊ ပြည်လမ်းက Farmer Money Changer ကို သေနတ်၊ လက်ပစ်ဗုံးနဲ့ ခြိမ်းခြောက်ကာ ငွေတွေလုယူသွားတယ်လို့ အဆိုပါရပ်ကွက်နေသူတဦးက ပြောပါတယ်။

အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးကတော့ “ပထမဆို
င်မှာ သိန်းငါးရာနဲ့ ဖုန်းနှစ်လုံး ဒုတိယဆိုင်မှာ သိန်းတစ်ရာ အားလုံးပေါင်း သိန်းခြောက်ရာနဲ့ ဖုန်းနှစ်လုံးပါသွားတယ်”လို့ ပြောပါတယ်။

လက်တလောမှာ စစ်တပ်နဲ့ရဲတွေက လမ်းမတော်မြို့နယ်ရှိ အမှတ် ၇ ရပ်ကွက်နဲ့ ၉ ရပ်ကွက်ရှိ လမ်းဆုံတွေမှာစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ဓားပြမှု

Related posts

Leave a Comment

VOM News

FREE
VIEW