မြန်မာနိုင်ငံ မြို့ကြီးတွေမှာ ကင်မရာနဲ့စောင့်ကြည့်နိုင်တဲ့ စနစ်တွေ တပ်ဆင်နေ

စင်ကာပူ၊ ဇူလိုင်-၁၁-၂၀၂၂
မျိုးဆက်(VOM)

မြန်မာနိုင်ငံတ၀န်းရှိ မြို့ကြီးတွေမှာ မျက်နှာမှတ်မိစေတဲ့နည်းပညာပါ၀င်တဲ့ တရုတ်နိုင်ငံထုတ် စောင့်ကြည့်ကင်မရာတွေကို မြန်မာအာဏာပိုင်တွေက တပ်ဆင်နေတယ်လို့ ဒီကိစ္စကို သိရှိတဲ့ သတင်းရင်းမြစ်သုံးဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လုံခြုံရေးကင်မရာတွေနဲ့ မျက်နှာမှတ်မိစေတဲ့နည်းပညာတွေတပ်ဆင်ဖို့ တင်ဒါတွေခေါ်ယူရာမှာတော့ လုံခြုံရေးထိန်းသိမ်းဖို့နဲ့ အချို့အခြေအနေတွေမှာ အများပြည်သူအေးချမ်းသာယာဖို့ ရည်ရွယ်တဲ့ စီမံကိန်းဖြစ်တယ်လို့ ဖော်ပြထားကြောင်း ဒီစီမံကိန်းမှာ ပါ၀င်ပတ်သက်ခဲ့တဲ့ လူတွေက ပြောပါတယ်။

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလမှာ နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲပြီးနောက် နိုင်ငံရဲ့ စတုတ္ထအကြီးဆုံးမော်လမြိုင်အပါအ၀င် မြို့ကြီးငါးမြို့ထက်မနည်းမှာ စောင့်ကြည့်ကင်မရာ တပ်ဆင်တဲ့လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ကြောင်း အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီစီမံကိန်းဟာ ယခင်အစိုးရလက်ထက်က မှုခင်းကြိုတင်ကာကွယ်ရေးအစီအမံတွေအတွက် တပ်ဆင်ခဲ့တဲ့ မြို့ကြီးငါးမြို့မှာ အခုစီမံကိန်းကတော့ အသစ်လုပ်ဆောင်တာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ နစက ပြောရေးဆိုခွင့်ရှိသူထံ ရိုက်တာက ဖုန်းဆက်သွယ်ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။ ဒါ့အပြင် မြူနီစပယ်မြို့ ၁၀ မြို့က အာဏာပိုင်တွေကလည်း တစုံတရာ မှတ်ချက်ပြုပြောဆိုတာမရှိသေးပါဘူး။

ရိုက်တာအနေနဲ့ စောင့်ကြည့်ကင်မရာတပ်ဆင်ဖို့တင်ဒါစာရွက်စာတမ်းတွေကို ကြည့်ရှုခွင့်မရသေးသလို တပ်ဆင်တဲ့မြို့တွေကိုလည်း သွားရောက်နိုင်ခြင်းမရှိသေးပါဘူး။

ပြည်နယ်(၇)ခုနဲ့ တိုင်းဒေသကြီး(၇)ခုရှိ မြို့ကြီးတွေမှာ ကင်မရာနဲ့စောင့်ကြည့်တဲ့စနစ်တွေကို စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောဆိုပါတယ်။

Ref: Reuters
Photo:Reuters
#voiceofmyanmar #VOM #စင်ကာပူ

Related posts

Leave a Comment

VOM News

FREE
VIEW