ပဲခူးတိုင်းမှာ ၂ရက်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ယောက်နဲ့ အမျိုးသမီး တဦး ပစ်ခတ်ခံရပြီး ၃ ယောက်သေ

ဇူလိုင် ၁၁-၂၀၂၂
VOM (GG)

ပဲခူးတိုင်းမှာ ၂ ရက်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး နှစ်ဦးနဲ့ရာအိမ်မှူးလင်မယား သေနတ်နဲ့ပစ်ခတ်ခံရပြီး ၃ ယောက်သေဆုံးကာ ကျန်တယောက်ကဆေးကု​နေရတယ်လို့ သိရပါတယ်။

မနေ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ ပဲခူးတိုင်းအရှေ့ပိုင်း ညောင်လေးပင်မြို့နယ်၊ ကွင်းဒလကြီးအုပ်စုက အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းဦးဆိုသူ မင်္ဂလာဆောင်ကအပြန်မှာ သေနတ်နဲ့ ပတ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။

အလားတူ ဇူလိူင်လ ၁၀ ရက်နေ့မှာပဲ ပဲခူးတိုင်း အနောက်ပိုင်း၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ ခွက်မကျေးရွာက အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းဆိုသူလည်း ဆိုင်ကယ်စီးနေစဥ် သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့လို့ ဆေးကုသမှုခံယူနေရတယ်လို့သိရ ​ပါတယ်။

” မနေ့ကညနေ ၆ နာရီကျော်လောက်မှာဖြစ်တာ။ ခွက်မရွာအုပ်ကြီး သူ့ကို ဆိုင်ကယ်စီးနေတုန်း တခြားဆိုင်ကယ်ကနေ ဇရစ်မြှောင်ရွာနားမှာ သေနတ်နဲ့ ၂ ချက် ပစ်သွားတာ။ လက်ကိုပဲထိတော့ မသေဘူး ဆေးကုနေတယ် ။ “လို့ ဒေသခံတဦးကပြောပါ တယ်။

မင်းလှမြို့နယ်၊ ခက်မရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းဝင် သေနတ်နဲ့ပစ်ခတ်ခံရတာကလွဲပြီး ကျန်တဲ့ ညောင်လေးပင် ရပ်ကျေးအုပ်ချုပ်ရေးမှူး နဲ့အုတ်ဖိုက ရာအိမ်မှူး လင်မယားပစ်သတ်ခံရမှုကို နယ်မြေခံ PDF အဖွဲ့ကလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ PDF တွေဘက်က သတင်းထုတ်ပြန်ထားတာကို လူမှုကွန်ရက်စာမျက်နှာမှာ တွေ့ရပါတယ်။

အသတ်ခံခဲ့ရတဲ့ ညောင်လေးပင် ကရပ်ကျေး အုပ်ချုပ်ရေးမှူး နဲ့ အုတ်ဖိုက ရာအိမ်မှူး လင်မယားဟာ စစ်တပ်ကိုသတင်းပေး လုပ်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပဲခူးတိုင်းမှာ အရင်ကလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ပစ်ခတ်ခံရပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ပဲခူး #​ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW