မကာအိုမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေမြင့်တက်၊ ကာစီနိုရုံတွေပိတ်ထားဖို့ အာဏာပိုင်တွေအမိန့်ထုတ်

ပေကျင်း၊ ဇူလိုင်-၁၁-၂၀၂၂
မျိုးဆက်(VOM)

ကမ္ဘာ့အကြီးဆုံး လောင်းကစားရုံတွေတည်ရှိရာ မကာအိုမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေမြင့်တက်နေတာကြောင့် နှစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် လောင်းကစားရုံတွေကို ဇူလိုင် ၁၀ ရက်မှာ ပိတ်သိမ်းလိုက်ရပါတယ်။

အာဏာပိုင်တွေဟာ ကာစီနိုလောင်းကစားရုံကြီး ၃၀ ကျော်အပါအ၀င် မရှိမဖြစ်မဟုတ်တဲ့ လုပ်ငန်းတွေကို တပတ်ကျော်ကြာပိတ်သိမ်းဖို့ အမိန့်ထုတ်လိုက်ပါတယ်။

မကာအိုမှာ ဇွန်လလယ်မှစပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှု ၁၅၂၆ ဦးထိရှိကြောင်း တရား၀င်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပြီး လက်ရှိမှာ အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲကူးစက်မှုနဲ့ ပထမဆုံးအကြိမ် ရင်ဆိုင်နေရပါတယ်။

တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မကာအိုမှာ ပိုမိုတင်းကြပ်တဲ့ ကိုဗစ်ဆိုင်ရာ စည်းမျဉ်းတွေအပေါ် စိုးရိမ်ပူပန်မှုတွေကြောင့် ဇူလိုင် ၁၁ ရက်မှာ လောင်းကစားနဲ့ပတ်သက်တဲ့ အစုရှယ်ယာတန်ဖိုးတွေ ကျဆင်းသွားခဲ့ပါတယ်။

မကာအိုမှာ နေထိုင်သူ ၉၀ ရာခိုင်နှုန်းကျော်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံထားပြီးဖြစ်ပေမယ့် ထပ်ဆောင်းကာကွယ်ဆေး ဘယ်လောက်ထိုးနှံပြီးထားတယ်ဆိုတာ မသိရသေးပါဘူး။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW