မန္တလေးမှာ လူသတ်ပြီး သိန်း ၄ထောင်ခန့် ဓားပြတိုက်ခံရမှုဖြစ်ပွား

ဇူလိုင် ၁၁-၂၀၂၂
Voice Of Myanmar

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီ(၁၁၀)လမ်းနဲ့ လမ်း၅၀ထောင့်က နေအိမ်မှာ လူသတ်ပြီး သိန်း ၄ထောင်ခန့် ဓားပြတိုက် ယူဆောင်သွားတဲ့ဖြစ်စဉ် ဒီကနေ့ နေ့လယ်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ ရဲနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

“ဖြစ်စဉ်က ဟုတ်တယ်၊ အသတ်ခံရတာက အမျိုးသမီး၊ အခုချိန်က စစ်ဆေးနေတုန်းမို့ ပါသွားတာကတော့ သိန်း ၄ထောင်ပါ”လို့ ရဲနဲ့နီးစပ်သူတဦးကပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးဟာ ဘဏ်ကနေ ငွေထုတ်လာပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာ ဓားပြတိုက်ခံရတာဖြစ်ပြီး အဲ့ဒီအမျိုးသမီးကိုပါ သတ်သွားခဲ့တာဖြစ်တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ဓားပြတိုက်

Related posts

VOM News

FREE
VIEW