စိုင်းတောင်မှာ ဆန္ဒပြပြီးပြန်လာတဲ့ အမျိုးသမီး ၇ ဦးနဲ့ အမျိုးသား ၁ ဦး ဖမ်းဆီးခံရ

ဇူလိုင် ၊ ၁၄ ၊ ၂၀၂၂
SP( VOM)

ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ စိုင်းတောင်ကျေးရွာမှာ မနေ့ ဇူလိုင် ၁၃ ရက် ညနေပိုင်းက ဆန္ဒပြပြီး ပြန်လာတဲ့ အမျိုးသမီး ၇ ယောက်နဲ့ အမျိုးသား ၁ ယောက် ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ဆိပ်မူးဘက်မှာ ဆန္ဒပြပြီးပြန်လာတဲ့ အမျိုးသမီး ၇ ယောက်နဲ့ ကားသမား အမျိုးသား ၁ ယောက် ၊ အဲ့ဒီ ၈ ယောက်ကို ညနေ ၄ နာရီဝန်းကျင်မှာ စိုင်းတောင် အမှတ် ၃ ရပ်ကွက် တံတားနားကနေ စောင့်ပြီးဖမ်းသွားတာ ” လို့ တွေ့မြင်လိုက်ရတဲ့ ဒေသခံတယောက်က ပြောပါတယ်။

အဖမ်းခံလိုက်ရတဲ့ အမျိုးသမျိုးသမီး ၇ ယောက်ဟာ အသက် ၄၀ ဝန်းကျင် အရွယ်တွေဖြစ်ပြီး ၊ စန်းကျယ်ကျေးရွာမှာ နေထိုင်သူတွေဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ဘယ်ကို ဖမ်းသွားတယ် ၊ ဘာပုဒ်မတွေ ဖမ်းတယ်ဆိုတာ အခုထိ မသိရသေးဘူး ၊ အဖမ်းခံထားရတဲ့သူ ၈ ယောက်စလုံးနဲ့ ဒီမနက်အထိတော့ အဆက်သွယ် မရသေးဘူး ” လို့ စိုင်းတောင်ရွာခံတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဖားကန့်နယ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂ ဦးရဲ့ နေအိမ်တွေကို သက်ဆိုင်ရာက ချိပ်ပိတ်သိမ်းဆည်းခဲ့ပြီး ၊ မနေ့ မနက်ပိုင်းကတော့ ဖားကန့်-မန္တလေး ကားအသင်းရုံးတခု ထပ်မံ ချိပ်ပိတ် သိမ်းဆည်းခံရတာ ရှိခဲ့ပါတယ်။

ဒါ့အပြင် ဖားကန့်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁စက်တင်ဘာကနေ အခုနှစ် ဇွန်လအထိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၃၀ ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေရဲ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #စိုင်းတောင်

Related posts

Leave a Comment

VOM News

FREE
VIEW