အုတ်တွင်းမြို့မှာ မိခင်ကိုသတ်၊ သမီးဖြစ်သူကို ရိုက်နှက်ပြီး အဓမ္မပြုကျင့်မှုဖြစ်ပွား

ဇူလိူင် ၁၄-၂၀၂၂
VOM (GG)

ပဲခူးတိုင်းအ​ရှေ့ပိုင်း ၊အုတ်တွင်းမြို့မှာ မိခင်ဖြစ်သူအသတ်ခံရပြီး အသက်မပြည့်သေးတဲ့ ၁၃နှစ်အရွယ် သမီးလည်း အဓမ္မပြုကျင့်ခံရကာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ဒီနေ့ ဇူလိူင်လ ၁၄ ရက်နေ့ မနက်ပိုင်းမှာ မိခင်ဖြစ်သူနဲ့ကလေးငယ်ဟာ ပိုက်ဆံအကြွေးတောင်းဖို့ သွားစဥ် သကြားစက်အနီးက သီဟိုခြံအ​ရောက်မှာ လူချင်းကွဲပြီး ကလေးတယောက်ထဲရှိနေချိန် မျက်နှာဖုံးတွေနဲ့ အမျိုးသား ၂ ဦးက ကလေးငယ်ကို ကြိုးတုတ်ရိုက်နှက်ပြီး အဓမ္မပြုကျင့်ခဲ့တာ​ဖြစ်တယ်လို့ သိရပါတယ်။

” ကလေးက မတရားပြုကျင့်ခံရတဲ့အပြင် ရိုက်တာလည်းခံရတော့ သတိလစ်သွားတယ်။ အခုသိရတာတွေက သူသတိရချိန် သူပြန်ပြောပြချက်အရသိရတာ။ အခုတော့ သူ့အမေအသတ်ခံရတာလည်းသိသွားပြီ။ အမေကလည်း အဲ့ဒီ သီဟိုခြံထဲမှာပဲအသတ်ခံထားရတာကိုတွေ့ရတယ်။ “လို့ ပရဟိတသမားတဦးကပြောပါတယ်။

မိခင်ဖြစ်သူဟာ အသက် ၄၀ ကျော်ဝန်းကျင်ဖြစ်ပြီး မိခင်အလောင်းကိုလည်း သိဟိုခြံထဲမှာ လည်ပင်းပြတ်ရှဒဏ်ရာ ၊ဝမ်းဗိုက်ပွင့်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကိုတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ကလေးငယ်ကို အုတ်တွင်းဆေးရုံကနေ တောင်ငူဆေးရုံကိုလွှဲပြောင်းပို့ဆောင်ကာ ကုသမှုပေးနေရပြီး မိခင်ရုပ်အလောင်းကတော့ အုတ်တွင်းဆေးရုံမှာပို့ဆောင်ထားတယ်လို့ သိရပါတယ်။

လူသတ်မှု မုဒိန်းမှူကျူးလွန်တဲ့တရားခံတွေက ထွက်ပြေးနေတာကြောင့် သက်ဆိုင်ရာ အုတ်တွင်းမြို့မရဲစခန်းက ဖမ်းဆီးရမိရေး အမှုဖွင့်စုံစမ်းစစ်ဆေးရှာဖွေမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အုတ်တွင်း

Related posts

Leave a Comment

VOM News

FREE
VIEW