လမင်းတရာ ကဗျာဆရာ

ဆူးငှက် “ကန္တာရပြင် ပန်းပင်ပွင့်စေ စမ်းရေစီးမြ ငှက်လှတေးဆို ပျိုစေ . . သစ်စေ . . ချစ်နိုင်စေ . . ” တဲ့ . . . ။ ကဗျာဆရာကြီး ကြည်အောင် က သူ၏ “အရိုင်းလွင်ပြင်”ကဗျာတွင် ဖွဲ့ဆိုခဲ့သည်။ ကျွန်တော်က ဆရာကြည်အောင်၏ “မိခင်မာရသွန်”ကဗျာစာအုပ်ကို အမှတ်တရပြန်လှန်ဖတ်ရှုရင်း “အရိုင်းလွင်ပြင်” ကဗျာကို ဖတ်ကာ အထက်ပါ စာပိုဒ်လေးရောက်တော့ ကဗျာဆရာကို ဖျပ်ခနဲ လွမ်းဆွတ်သတိရကာ ဖတ်လက်စ စာအုပ်လေး ရင်ဘတ်ပေါ်တင်ရင်း စိတ်တွေကလည်း အဝေးဆီသို့ ပျံ့လွင့်သွားတော့သည်။ ၁၉၇၅ ဝန်းကျင်ကာလများ၌ ကျွန်တော်သည် မုန့်ဖိုးထဲမှစု၍ တစ်လလျှင် မဂ္ဂဇင်းစာအုပ် ၂ အုပ် ဝယ်ဖြစ်သည်။ မိုးဝေစာပေမဂ္ဂဇင်းနှင့် ရှုမဝရုပ်စုံမဂ္ဂဇင်း တို့ဖြစ်သည်။ မဂ္ဂဇင်း ၂ အုပ်စလုံးမှ ကဗျာတွေ၊ဆောင်းပါးတွေ၊…

Read More

ဝက်လက်နယ်က မီးဘေးသင့်သူတွေဟာ ပြန်လည်ထူထောင်ဖို့အတွက် ရှေးဟောင်းပစ္စည်းရှာဖွေတာကို အားပြု လုပ်ကိုင်နေရ

ဇူလိုင် ၊ ၁၆-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်ထဲက နေအိမ်တွေ မီးရှို့ခံရတဲ့ ဒေသခံတွေဟာ သူတို့ဘဝကို ပြန်လည်ထူထောင်နိုင်ဖို့အတွက် မြောက်ထန်းကြီးရွာနားက ယာကွက်တွေထဲမှာ ရှေးဟောင်းပစ္စည်းတွေ ရှာဖွေရတဲ့အလုပ်ကို အားပြုလုပ်ကိုင်နေရတယ်လို့ ဝက်လက်နယ် မီးဘေးသင့်ဒေသခံတွေဆီက သိရပါတယ်။ ” မီးရှို့ခံလိုက်ရတဲ့အိမ်က လွန်ခဲ့တဲ့ ၉ နှစ်ကျော်က ဆောက်ခဲ့တာ သိန်း ၄၀ ကျော်ကုန်တယ် ၊ အခုခေတ် စျေးနူန်းနဲ့ဆို အဲ့ဒီထက် ၂ ဆလောက်ပိုကုန်မယ် ၊ အလုပ်အကိုင်ကလည်း မရှိ ၊ ဝင်ငွေကလည်း မရှိ ၊ ရှိတာတွေလည်း မီးလောင်ကုန်တော့ စားဝတ်နေရေးကို အရင်လို ဘဝ ပြန်ရောက်ဖို့ ရှေးဟောင်းပစ္စည်းတူးတာပဲ အားကိုးနေရတယ် “လို့ မင်းရွာက အိမ်မီးရှို့ခံရတဲ့ ဒေသခံ တယောက်က ပြောပါတယ်။ အဲ့ဒီ…

Read More

Kaung For You တည်ထောင်သူ ဖမ်းခံရပြီးနောက် ဆရာမတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

ဇူလိုင် ၁၅-၂၀၂၂ KK(VOM) Kaung For You ကိုယ်ပိုင်ကျောင်းတည်ထောင်သူ ဆရာကောင်းသိုက်စိုး ဖမ်းဆီးခံရတယ်လို့ သတင်းတွေထွက်ပေါ်ပြီးနောက် ဆရာမတွေဆက်တိုက်ဖမ်းဆီးခံနေရတယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဆီက သိရပါတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာရှိတဲ့ Kaung For You ကိုယ်ပိုင်ကျောင်းတွေက ဆရာမတွေဖမ်းဆီးခံရတာဟာ ဇူလိုင် ၁၃ရက်ကနေ ဒီကနေ့အထိဆိုရင် (၁၀)ဦးကျော်ရှိနေပြီလို့ နိူင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။ “သတိပေးတယ် ထုတ်ပြန်ချက်တွေလည်း ထုတ်နေရင်းနဲ့အဖမ်းခံနေရတာ စိတ်မကောင်းဘူး၊ အခုဆို ၁၂ ဦးလောက်ရှိမယ်၊ ရှောင်တိမ်းနေဖို့ပြောချင်တယ်”လို့ သူကပြောပါတယ်။ ကလော၊ဟဲဟိုး၊မြစ်သား၊ကော့သောင်းနဲ့မြိုနယ်အချို့က CDM ကျောင်းဆရာမ ၁၀ ဦးကျော် ဖမ်းဆီးခံရတာဟာ လုံခြုံရေးကျိုးပေါက်မှုကြောင့် ဖြစ်တယ်လို့ CDMကျောင်းဆရာမတဦးက ပြောပါတယ်။ “ဆရာကောင်း အဖမ်းခံရတယ်ဆိုပြီး Post တင်တယ် ဖျက်တယ်၊ သတင်းမသေချာသေးဘူးဆိုပြီးဖြစ်ပြန်တယ်၊ ဆရာမတွေနဲ့ မိဘတွေက စိတ်ထဲမတင်မကျဖြစ်နေတယ် အခုအဲ့pageက ဖျက်သွားပြီ၊ ဒါတောင် ဆရာမတွေအဖမ်းခံရပြီးမှဖျက်တာ ကျွန်မအထင်ပေါ့၊ အဲ့page ကို…

Read More

မုံရွာ-မန္တလေး ကားလမ်းမှာ ကား ၁ စီးမိုင်းထိမှန်ပြီး သေနတ်နဲ့ပစ်ခံရလို့ ခရီးသည် ၂ ဦးသေ ၊ ၂ ဦးဒဏ်ရာရ

ဇူလိုင် ၊ ၁၅ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် ၊ ဂွေးပင်တောကျေးရွာအနီး ၊ မုံရွာ-မန္တလေး ကားလမ်းမှာ ဒီကနေ့ ၊ နေ့လယ် ၁၂ နာရီခွဲ ဝန်းကျင်က ခရီးသည်တင်ကား မိုင်းထိမှန်ပြီးနောက် သေနတ်နဲ့ ပစ်ခံရတဲ့အတွက် ခရီးသည် ၂ ဦးသေဆုံးကာ ၊ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မြင်းမူဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဖြစ်တဲ့နေရာက မုံရွာ-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၅၇ နဲ့ ၅၈ အကြားမှာပါ ၊ မိုင်းထိမှန်တဲ့ကားက ပုလဲကနေ မန္တလေးကိုသွားမယ့် ခရီးသည်တင်ကားဖြစ်တယ် ၊ ခရီးသည် ၂ ဦးသေပြီး ၊ ၂ ဦးဒဏ်ရာရတာ ” လို့ ဒေသခံ…

Read More

မူဆယ် – ပေါက် ခရီးသည်တင်လိုင်းကား ၁ စီး လုယူခံရ

ဇူလိုင် ၊ ၁၅ ၊ ၂၀၂၂ SP(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ကနေ မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်ကို မောင်းလာတဲ့ ခရီးသည်တင် လိုင်းကား ၁ စီးဟာ မနေ့ ဇူလိုင် ၁၄ ရက် မနက်ပိုင်းက ပေါက်မြို့နယ်ထဲအရောက်မှာ အမည်မသိ လက်နက်ကိုင် အဖွဲ့က ခရီးသည်တွေကို ကားပေါ်က ဆွဲချပြီး ကားကို လုယူသွားတယ်လို့ ခရီးသည်တွေဆီက သိရပါတယ်။ ” ကားလုခံရတာက မနက် ၉ နာရီဝန်းကျင်မှာပါ ၊ လုခံရတဲ့နေရာက မကွေးတိုင်း ပေါက်မြို့နယ် ၊ အင်တိမ်ကျေးရွာနားမှာ ဖြစ်တယ် “လို့ ခရီးသည်တယောက်က ပြောပါတယ်။ အဲ့ဒီ ကားလုခံရတာနဲ့ပတ်သက်လို့ ပေါက်မြို့ ခရီးသည်တင်ယာဥ်လိုင်း ကြီးကြပ်ရေးအဖွဲ့ရုံးနဲ့ နီးစပ်သူ တစ်ယောက်က ” အလုခံရတဲ့ကားက အန်စာတုံး မှန်လုံအမျိုးအစား…

Read More

ငရုတ်ကောင်းမြို့မှာ ဝါဆိုလှိုင်းခုန်ပွဲသွားတဲ့ ဒေသခံအမျိုးသား ၄ ယောက် ရေနစ်သေဆုံး

ဇူလိုင်၊ ၁၅ ၊၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ငပုတောမြို့နယ်၊ငရုတ်ကောင်းမြို့မှာ ဇူလိုင် ၁၃ ရက်ကပြုလုပ်တဲ့ ဝါဆိုလှိုင်းခုန်ပွဲသွားတဲ့လမ်းမှာ အမျိုးသား ၄ ယောက်ရေနစ်သေဆုံးခဲ့တယ်လို့ ကူညီရှာဖွေရေးလုပ်နေတဲ့ဒေသခံပရဟိတအဖွဲ့ဆီ ကနေသိရပါတယ်။ ငရုတ်ကောင်းမြို့ဒရယ်ကျွန်းကမ်းခြေမှာ ဝါဆိုလပြည့်ကျော် ၁ ရက်၊ ဇူလိုင် ၁၃ ကပြုလုပ်တဲ့ ဝါဆိုလှိုင်းခုံပွဲကို ရေကစားဖို့သွားရင်း အခုလိုရေနစ်သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။ ”အဲ့ဒီကမ်းခြေမှာလုပ်တဲ့ဝါဆိုလှိုင်းခုန်ပွဲကို သွားရင်းဖြစ်တာ အမျိုးသားတွေပါ၊ ဖြစ်တာကတော့ဦးအေးထွန်းဆိုသူက မိုးတိမ်ပြင်ကျေးရွာအုပ်စု ကျွန်းလေးချောင်းကနေ ဒရယ်ကျွန်းဘက်ကမ်းကို ဖြတ်ကူးတဲ့အချိန်မှာ ရေစီးထဲမျောပါသွားတာ၊ဦးအေးထွန်းနဲ့အတူပါလာတဲ့ ၃ ယောက်က လိုက်ဆယ်ရင်း ၄ ယောက်လုံးပင်လယ်ထဲကို မျောပါသွားတာပါ။”လို့ဒေသခံပရဟိတအဖွဲ့ဝင် တယောက်ကပြောပါတယ်။ ရေနစ်သေဆုံးခဲ့ရတဲ့အမျိုးသား ၄ ယောက်ဟာ ရေကျော်ကျေးရွာအုပ်စု၊ရေကျော်ရွာက အသက် ၄၀ ခန့်အရွယ် ဦးမျိုးကိုကို(ခ)ဖိုးချို၊အသက် ၅၆ နှစ်အရွယ် ဦးအေးထွန်း၊အသက် ၄၉ နှစ်ဦးဇော်မြင့်နိုင်နဲ့အသက် ၄၈ နှစ်အရွယ် ဦးဆန်းအောင်တို့ဖြစ်တယ်လို့သိရပါတယ်။ ရေနစ်သေဆုံးခဲ့ရတဲ့သူတွေရဲ့မိသားစုဝင်တွေက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းရှာဖွေတဲ့အခါ ဇူလိုင်…

Read More

ဟားခါး ချွန်ကျုံးရွာမှာ တိုက်ပွဲဖြစ်ပြီး လူနေအိမ် ၁၃ လုံး မီးလောင်

ဇူလိုင် ၊ ၁၅-၂၀၂၂ SP (VOM) ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ၊ ချွန်ကျုံးရွာနားမှာ မနေ့ ဇူလိုင် ၁၄ ရက်က ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီကနေ့ မနက်ပိုင်းမှာ ချွန်ကျုံးရွာထဲက လူနေအိမ် ၁၃ လုံး မီးလောင်ခဲ့တယ်လို့ ချွန်ကျုံးရွာခံတွေဆီက သိရပါတယ်။ ” မနေ့က ရွာနားမှာ ပစ်ခတ်တာတွေဖြစ်တယ် ၊ ရွာလူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ မနေ့က ရွာထဲက လူနေအိမ် ၄ လုံး မီးလောင်ပျက်စီးတယ် ၊ ဒီမနက် လူနေအိမ် ၉ လုံး ထပ်ပြီး မီးရှို့ခံရတယ် ၊ ရွာမှာ လူနေအိမ်တွေ မီးရှို့ခံရတာ မနေ့က နဲ့ ဒီကနေ ၂ ရက်ပေါင်း ၁၃ လုံးရှိသွားပြီ ” လို့ ချွန်ကျုံးရွာခံတယောက်က ပြောပါတယ်။ အဲ့ဒီ…

Read More

မန္တလေး KBZဘဏ်ခွဲ-၄၂မှာ ဘဏ်ကောင်တာပေါ် လက်လုပ်မိုင်းတင်သွားပြီး သိန်း ၁၈၀၀ခန့် ဓားပြတိုက်ခံရ

ဇူလိုင် ၁၅-၂၀၂၂ Voice Of Myanmar မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၇၈လမ်းနဲ့ စက်မှုပန်းခြံအနီးက KBZဘဏ်ခွဲ-၄၂မှာ ဒီကနေ့ နေလယ် ၁၂နာရီကျော်အချိန်ခန့်က လက်လုပ်မိုင်း တလုံးကို ဘဏ်ကောင်တာပေါ်တင်ပြီး သိန်း ၁၈၀၀ ခန့် ဓားပြတိုက်သွားတဲ့ဖြစ်စဉ် ဖြစ်ခဲ့တယ်လို့ ရဲနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။ ရဲနဲ့နီးစပ်သူတဦးက ” ဓားပြတိုက်သွားတာ သိန်း ၁၈၀၀ ခန့်မှန်းလို့ သိရတယ်၊ စိစစ်နေတုန်းမို့ အတိအကျမပြောနိုင်သေးဘူး”လို့ ပြောပါတယ်။ ပြည်ကြီးတံခွန်မြို့နယ် ဒေသခံတဦးကလည်း” ဆိုင်ကယ်နဲ့ဖြတ်သွားတုန်း စစ်သားတွေ ရဲတွေတွေ့လို့ အဲ့ဒီနားက လူတွေမေးကြည့်လိုက်တာ၊ ဘဏ်ဓားပြတိုက်ခံရတာ သိန်း ထောင်ကျော်ပါသွားတယ်တဲ့ ပြောလို့ သိရတာ”လို့ ပြောပါတယ်။ ဓားပြတိုက်သူ အမျိုးသား(၂)ဦးဟာ ဆိုင်ကယ်နဲ့ရောက်လာပြီး ဘဏ်ထဲဝင်ကာ ပစ္စတိုသေနတ်နဲ့ချိန်၊ “အားလုံးမှောက်နေလို့”ပြောဆိုခဲ့ပြီး ဘဏ်စားပွဲပေါ်က ငွေသား သိန်း၁၈၀၀နီးပါးကို ယူဆောင်သွားခဲ့တာလို့ သိ ပါတယ်။ ဒါ့အပြင်…

Read More

ပြည်ပချေးငွေကို အတိုးရော အရင်းပါ ပြန်ဆပ်ခြင်း ရပ်ထားဖို့ ဗဟိုဘဏ်​ထုတ်ပြန်

ဇူလိူင် ၁၅-၂၀၂၂ VOM (GG ) ပြည်တွင်းမှာ နေထိုင်သူတိုင်း ချေးယူထားတဲ့ ပြည်ပ ချေးငွေတွေကို အခုကာလမှာ အတိုး ၊ အရင်း ပြန်လည်ပေးဆပ်ခြင်းကိစ္စ ယာယီရပ်ထားဖို့ ဗဟိုဘဏ်က ကြေညာချက်ထုတ်ပြီး အသိပေးပြောဆိုလိုက်ပါတယ်။ ” ဒေါ်လာလိုအပ်ချက်တခုထဲကိုပဲကြည့်ပြီး စာထုတ်တယ်လို့မြင်တယ်။ ပြည်ပချေးငွေက သူတို့ပြောသလို မဆပ်ဘဲဆိုင်းငံ့ရမလား မရဘူးလားတော့ မသိပေမယ့် အလုပ်တွေကတော့ ရပ်မရဘူး။ မဆပ်နဲ့ဆိုတိုင်းလည်း နေလို့မရတာ ရှိတယ်မလား။ ပြန်မဆပ်လို့ လုပ်ငန်းတွေအခက်အခဲဖြစ်လာမလား မပြောတတ်သေးဘူး။အခြေအနေတွေကစောင့်ကြည့်ရမှာများနေတယ်။ကြိုပြောလို့ကိုမရတော့ဘူး ” လို့ စီးပွားရေးလုပ်ငန်းရှင်တဦးကပြောပါတယ်။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနဲ့ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းအရ ပြည်တွင်းမှာနေထိုင်သူတွေအနေနဲ့ ပြည်ပမှ ငွေသားဖြစ်စေ၊ ပစ္စည်းဖြစ်စေ ရယူထားတဲ့ ပြည်ပချေးငွေအသီးသီးကို အတိုးနဲ့အရင်း ပြန်လည်ပေးဆပ်ခြင်းကို လတ်တလောကာလမှာ ဆိုင်းငံ့ဆောင်ရွက်ကြဖို့ဆိုပြီး ဇူလိူင်လ ၁၃ ရက်နေ့ ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ ဒါ့ကြောင့် AD လိုင်စင်ရဘဏ်တွေအနေနဲ့ မိမိ ဘဏ် customer…

Read More

ကြံခင်းမှာ ၇လအတွင်း ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ လူနေအိမ်တွေ တဒါဇင်ကျော်ရှိလာ

ဇူလိုင် ၊ ၁၅-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ကြံခင်းမြို့နယ်ထဲမှာ ၂၀၂၂ နှစ်စပိုင်းကစလို့ မနေ့ ဇူလိုင် ၁၄ ရက်အထိ ၇ လအတွင်း လူနေအိမ်တွေကို ချိပ်ပိတ်သိမ်းဆည်းတာ တဒါဇင်ကျော်ရှိနေပြီလို့ ဒေသခံတွေဆီကနေသိရပါတယ်။ ”ကြံခင်းမြို့၊ ခုံကြီးကျေးရွာက ဦးကုလားရဲ့နေအိမ်ကိုလာပြီး ဇူလိုင် ၁၃ ရက်က ချိပ်ပိတ်သွားတာ၊ဦးကုလားရဲ့အိမ်ကိုလာစစ်ဆေးတဲ့အခါ သားဖြစ်သူကိုမတွေ့လို့ နေအိမ်ကိုချိတ်ပိတ်သွားတာ၊မြို့ပေါ်နေရာတွေအပါအဝင် နေအိမ် ၁၃ လုံးလောက် ချိပ်ပိတ်ခံထားရပြီ”လို့ ဒေသခံတယောက်ကပြောပါတယ်။ ကြံခင်းမြို့နယ်ထဲက ချိပ်ပိတ်ခံရတဲ့နေအိမ်တွေဟာ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူ ၃ ယောက်ရဲ့နေအိမ် ၃ လုံး၊NLD ပါတီဝင် ၆ ယောက်ရဲ့နေအိမ် ၆ လုံးနဲ့ တရားမဝင်အဖွဲ့တွေနဲ့ပတ်သက်မှုရှိတယ်ဆိုတဲ့ လူ ၄ ယောက်ရဲ့နေအိမ် ၄ လုံးတို့ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလိုလူနေအိမ်တွေချိပ်ပိတ်သိမ်းဆည်းတာနဲ့ ပတ်သက်ပြီး ကြံခင်းမြို့နယ်လုံခြုံရေးနဲ့နီးစပ်သူတဦးက” အိမ်တွေချိပ်ပိတ်သိမ်းဆည်းတယ်ဆိုတာ အကြမ်းဖက်မှုဆိုင်ရာ တိုက်ဖျက်ရေးဥပဒေအရ စစ်ဆေးပေါ်ပေါက်ပြီး ငြိစွန်းနေတဲ့အတွက် နည်းဥပဒေအရသိမ်းဆီးရတာ “လို့…

Read More
VOM News

FREE
VIEW