အလွတ်တန်းသတင်းထောက် မေဘယ်လ် ဖမ်းဆီးပြီး ၇ လအကြာမှာ အလုပ်ကြမ်းနဲ့ထောင် ၃ နှစ်အမိန့်ချခံရ

ဇူလိူင် ၁၆-၂၀၂၂
VOM (GG)

ရန်ကုန်က အလွတ်တန်း သတင်းထောက် မေဘယ်လ် (ခ) ငြိမ်းငြိမ်းအေး ကို အင်းစိန်ထောင်တွင်းအထူးတရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင် ၃ နှစ် အမိန့်ချလိုက်တယ်လို့ သိရပါတယ်။

မေဘယ်လ်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်တရားစွဲဆို ဖမ်းဆီးပြီး ၇ လအကြာမှာ အမိန့်ချလိုက်တာဖြစ်ပါတယ်။

” ၁၄ ရက်နေ့က အမိန့်ချတာ။အမိန့်ချချိန် ဘယ်သူမှမရှိဘူး။ ရှေ့နေကတော့ အယူခံ အဆင့်ဆင့်တက်မယ်ပြောတယ်။ အင်းစိန်အထူးတရားရုံးကချလိုက်တာ ” လို့ သတင်းထောက်မေဘယ်လ်ရဲ့မိတ်ဆွေတဦးကပြောပါတယ်။

သတင်းထောက် မေဘယ်လ်ကို ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့မှာ သတင်းရယူဖို့သွားစဥ် ဖမ်းဆီးခံရကာ တာမွေမြို့နယ်ရဲစခန်းမှူးက တရားလိုလုပ်ပြီး ပုဒ်မ ၅၀၅ – ကနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး တစ်နှစ်ကျော်ကာလအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သတင်းသမား ၁၀၀ကျော်ရှိခဲ့ပြီး အဲ့ဒီထဲကမှ ပြန်လည်လွတ်မြောက်လာသူတွေရှိသလို ဆက်လက်ဖမ်းဆီးခံထားရပြီး တရားရင်ဆိုင်နေရ တွေရှိတဲ့အပြင် ထောင်ဒဏ်ချမှတ်ခံထားရသူတွေလည်းရှိပါတယ်။

ဒါ့အပြင် တိမ်းရှောင်နေတဲ့သတင်းသမားတွေကို လည်း အမှုဖွင့်ခံထားရတာရှိတယ်လို့ သိရပါတယ်။

နောက်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲကြားနဲ စစ်ကြောရေးမှာ သေဆုံးခဲ့ရတဲ့ သတင်းသမား ၃ဦး ရှိတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #အလွတ်တန်းသတင်းထောက်မေဘယ်လ် #ထောင်၃နှစ်အမိန့်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW