Kaung For You ကျောင်းအုပ်အပါအဝင် ဆရာမ ၂၅ယောက် ဝန်းကျင်ဖမ်းဆီးခံရ

ရန်ကုန်၊ဇူလိုင် ၁၇၊၂၀၂၂
KK(VOM)

Kaung For You educationရဲ့ ကျောင်းအုပ်ဖြစ်သူ ဦးကောင်းသိုက်စိုးအပါအဝင် ဆရာမ ၂၃ဦး ထက်မနည်း ဖမ်းဆီးခံရတယ်လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေဆီက သိရပါတယ်။

မိတ္တီလာ မြစ်သား ပခုက္ကူ၊ တာမွေ ကျိုက်ထို မြင်းခြံစတဲ့မြို့နယ်တွေမှာ မနေ့ဇူလိုင် ၁၆ရက် မနက်ပိုင်းကနေ ညနေပိုင်းအထိ
Kaung For You ကျောင်းစာသင်သူ CDM ဆရာမ ရှစ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ နိူင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

“မနေ့က သတင်းအရင်းအမြစ်တွေဆီကနေ တဆင့်ကြားတာ အဲ့ဒီမြို့နယ်တွေမှာ ဆရာမတွေ အဖမ်းခံရတယ် အရင်နေ့တွေက ဖမ်းဆီးခံရတာနဲ့ဆိုရင် ၂၀ နီးပါးရှိသွားပြီ ဒါ
တောင် ကိုယ်မသိရသေးတဲ့ အဖမ်းခံရသူအချို့ ရှိသေးတယ်”လို့ ရှင်းပြပါတယ်။

ကလော၊ဟဲဟိုး၊မြစ်သား၊ကော့သောင်းနဲ့မြိုနယ်အချို့ကCDM ကျောင်းဆရာမ ၁၂ဦးကတော့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖမ်းဆီးခံရတာဖြစ်တယ်လို့ CDM ပညာရေးအသို
င်းအဝိုင်းက သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့မှာ ဇူလိုင်လ ၁၃ရက် နေ့လယ်ပိုင်းက ဦးကောင်းသိုက်စိုးနဲ့အတူ CDM ကျောင်းဆရာတွေဖြစ်တဲ့ဝင်းဗိုလ်နဲ့ဘိုဘိုနဲ့ကိုသန့်ဇင်ထိုက်တို့သုံးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မနေ့ညက နစက သတင်းထုတ်ပြန်ရေးက ထုတ်ပြန်ပါတယ်။

နစကကောင်စီက ဦးကောင်းသိုက်စိုးကိုဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ပြီးနောက် CDM ပညာရေးအသိုင်းအဝိုင်းကဆရာမတွေထပ်မံဖမ်းဆီးခံရမှာကို စိတ်ပူနေတယ်လို့ CDM ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

“အခုဆို ဘယ်မြို့နယ်မှာ ဖမ်းသွားပြန်ပြီ ဘယ်ပြည်နယ်မှာ ဖမ်းသွားပြီဆိုပြီး သတင်းတွေကြားနေရတာ စိတ်မကောင်းဘူး ပြောချင်တာ ရှောင်ကြတိမ်းကြပါ အခု K4U
group တွေ တယ်လီဂရမ်တွေက ထွက်ကြပါ”လို့ သူကပြောပါတယ်။

ဒီလိုဆရာမတွေသာ ဖမ်းဆီးခံရတဲ့အပြင် Kaung For Youကျောင်းမှာကျောင်းအပ်တဲ့ မိဘတွေကို အမည်မသိဖုန်းတွေက ငွေညစ်ခြိမ်းခြောက်တောင်းခံတာတွေကလည်း
နေ့စဥ်ရက်ဆက်ကြုံတွေ့နေရတယ်လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

“ဖုန်းတွေက မတူဘူး ကျွန်မကို မက်ဆေ့ပို့ခြိမ်းခြောက်တာဆို ဖုန်းငါးလုံးရှိတယ် အခုဖြစ်နေတာက အပြင်ကိုလည်းထုတ်မပြောရဲ ဖုန်းကတ်ကလဲ လုပ်ငန်းလုပ်နေတာဆိုတော့ကတ်
ကပိတ်လို့မရ အတော်စိတ်သောကများတာ အဲ့လိုဖုန်းနဲ့ခြိမ်းခြောက်ခံရတာ ကျွန်မအပါအဝင် ရှစ်ဆယ်နီးပါးရှိတယ်”လို့ ပြောပါတယ်။

ဒီလို ဆရာ၊ဆရာမတွေနဲ့ကျောင်းသားတွေကို ဖမ်းဆီးတာဟာ ပညာရေးအခွင့်အရေး (Right to Education) အခြေခံလူ့အခွင့်အရေးတစ်ရပ်ကိုချိုးဖောက်တာဖြစ်ပြီး Kaung For You Education အနေနဲ့ကျောင်းသားများနဲ့ မိဘတွေရဲ့ကိုယ်ရေးအချက်အလက်ကျိုးပေါ
က်မှု အတွက် သက်ဆိုင်ရာကျောင်းစီမံခန့်ခွဲမှုအနေနဲ့ တာဝန်ခံရဖို့ လိုတယ်လို့ ဇူလိူင်လ ၁၄ ရက်ကNUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသေးတယ်။

“အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကလည်း “Kaung For You Education” က ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ ဆရာမများဖမ်းဆီး ခြိမ်းခြောက်ခံနေရတဲ့အပေါ် ဇူလိုင်လ ၁၃ ရက်နေ့က အချက်သုံးချက်ပါတဲ့သဘောထားထုတ်ပြန်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါသေးတယ်။

လက်တလောမှာ “Kaung For You Education” က ဆရာဆရာမတွေထပ်မံဖမ်းဆီးရမှာကို စိုးရိမ်ပူပန်နေကြသလိုကျောင်းသားမိဘတွေကလည်း အမည်မသိသူတွေရဲ့ဖုန်းတွေက ခြိမ်းခြောက်ငွေတောင်းခံမှုတွေကို ကြုံတွေ့နေရပါတယ်။

#voiceofmyanmar #VOM #KFU #Kaung For You

Related posts

Leave a Comment

VOM News

FREE
VIEW