နိုင်ငံတော်သစ္စာဖောက်မှုကြောင့် ယူကရိန်းလုံခြုံရေးအေဂျင်စီအကြီးအကဲနဲ့ ရှေ့နေချုပ်ကို ထုတ်ပယ်

ကိယက်ဗ်၊ ဇူလိုင်-၁၈-၂၀၂၂
မျိုးဆက်(VOM)

နိုင်ငံတော်သစ္စာဖောက်မှုတွေများစွာရှိတယ်ဆိုပြီး ယူကရိန်းလုံခြုံရေးအေဂျင်စီအကြီးအကဲနဲ့ ရှေ့နေချုပ်ဖြစ်သူတို့ကို ယူကရိန်းသမ္မတ ဇီလန်စကီးက ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

အဲဒီအဖွဲ့အစည်းနှစ်ခုက ၀န်ထမ်းဟောင်း ၆၀ ကျော်ဟာ လက်ရှိရုရှားသိမ်းပိုက်ထားတဲ့ ဒေသတွေမှာ ယူကရိန်းကို ဆန့်ကျင်တဲ့လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တယ်လို့ သမ္မတက ပြောပါတယ်။

ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းမှု၊ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ပတ်သက်ပြီး အမှုပေါင်း ၆၅၁ မှုဖွင့်လှစ်ထားတယ်လို့သိရပါတယ်။

ရာထူးကနေ ထုတ်ပယ်ခံရတဲ့ လုံခြုံရေးအေဂျင်စီအကြီးအကဲ Ivan Bakanov နဲ့ ရှေ့နေချုပ် Iryna Venediktova ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုတာမရှိသေးပါဘူး။

ဒီလိုထုတ်ပယ်မှုဟာ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ပြီးနောက် အကြီးဆုံးသော နိုင်ငံရေးရာထူး ထုတ်ပယ်မှုလည်းဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

ယူကရိန်းဟာ သူ့ရဲ့လုံခြုံရေးဆိုင်ရာဌာနတွေကို ရုရှားကနေ၀င်ရောက်စွက်ဖက်မှုရှိနေတယ်လို့ ယူဆထားပြီး ကြိမ်ဖန်များစွာ လုံခြုံရေးကျိုးပေါက်မှုပြသနာတွေရဲ့ အကျိုးသက်ရောက်မှုတွေကို ဖော်ထုတ်ဖို့ ယခင်ကတည်းက ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW