လာမေ ဓာတ်စက်ရထားပေါ်မှာ၊ နှစ်ပါးပျော်ပျော် တူစီးပါစို့လေး

ဆူးငှက် မန္တလေးရတနာပုံနေပြည်တော် တည်ထောင်ရာတွင် သတ္တဌာနအပါအဝင်ဖြစ်သည့် နန်းတော်မြို့ရိုးကို သာသနာ ၂၄ဝဝပြည့်နှစ် အထိမ်းအမှတ်အဖြစ် မြို့တော်ကို လေးထောင့်စတုရန်းတည်၍ မြို့ရိုးအနားတစ်ဘက်လျှင် တာ ၆ဝဝ စီ ဖွဲ့လျက် ကိုက်ပေါင်း ၂၂၁၆ကိုက်၊ လေးဘက်ပတ်လည် စုစုပေါင်း ၅မိုင်၁ဖာလုံရှည် စတုရန်းအကွက်ချ တည်ဆောက်သည်။ တစ်မျက်နှာလျှင် ၁မိုင်၂ဖာလုံကျော်မျှရှိသည်ဟု ခန့်မှန်းနိုင်သည်။ မန္တလေးမြို့ကွက်ရိုက်ရာတွင် နန်းမြို့ကို အခြေခံသည်။ မြို့ရိုးလေးဘက်လေးတန်တွင် လူနေရပ်ကွက် များဖြင့် ဖွဲ့စည်းရာတွင် အလယ်ကောင် ဓာတ်တံခါးကြီးနှင့် တည့်တည့်တွင် အဓိကလမ်းမကြီး၊ ဘေးတစ်ဖက်တစ်ချက် မိတ်တံခါးနှင့် တည့်တည့်တွင် လမ်းမနှင့်၊ အဆိုပါ ဓာတ်တံခါးနှင့် မိတ်တံခါးများကြားမှ ပြအိုးများနှင့် တည့်တည့်တွင် လမ်းသွယ်များအဖြစ် ဖောက်လုပ်သည်။ ထို့ကြောင့် တာ ၆၀၀ အရှည်ရှိသော ကျုံးတစ်ဖက်စီတွင် ဓာတ်တံခါး ၁၊ မိတ်တံခါး ၂၊ထာင့်ပြာသာဒ် ၂နှင့် ပြအိုး ၈လုံးရှိရာ အဆိုပါပြာသာဒ်များနှင့်…

Read More

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသြဇာကိုအသုံးပြုပြီး အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး ကြိုးစားလိုကြောင်း အာဆီယံအထူးသံတမန်ပြော

ဖနွမ်းပင်၊ ဇူလိုင်-၂၀-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ပရက်ခ်ဆိုခွန်ဟာ တတိယမြောက် မြန်မာနိုင်ငံခရီးစဉ် သွားရောက်ဖို့ စီစဉ်နေပြီး တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရခဲ့မယ်ဆိုရင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့အတွက် သူ့ရဲ့သြဇာလွှမ်းမိုမှုကို အသုံးချလိုတယ်လို့ ဇူလိုင် ၂၀ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အထူးသံတမန်ဟာ စက်တင်လာ ၁၃ ရက်ကနေ ၂၇ ရက်ထိကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမတိုင်မီ စက်တင်ဘာလ ဒုတိယပတ်ထဲမှာ မြန်မာနိုင်ငံကို သွားဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း နို၀င်ဘာလမှာကျင်းပမယ့် အာဆီယံနှစ်ပတ်လည်ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အောက်တိုဘာလအစောပိုင်းမှာလည်း သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ် ဖြစ်လာနိုင်ခြေလည်းရှိနေပါတယ်။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရခဲ့မယ်ဆိုရင် အရေးအကြီးဆုံးမေးစရာ သို့မဟုတ် ဆွေးနွေးစရာက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ဖြစ်ပါတယ်။ လက်ရှိအကျပ်အတည်းအပေါ် အမြင်အပြင် ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးကို ဦးတည်သွားနိုင်တဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ နိုင်ငံရေးဆွေးနွေးမှုတွေအပေါ် သူ့ရဲ့ နိုင်ငံရေးသြဇာက ဘယ်လောက်ထိ…

Read More

ဒေါက်တာဇော်မြင့်မောင် ထောင်ဒဏ် ၃နှစ် ထပ်မံအမိန့်ချခံရ

ရန်ကုန်၊ဇူလိုင် ၂၀၊၂၀၂၂ KK(VOM) မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်ကို ဒီကနေ့နေ့လယ်ပိုင်းက အိုးဘိုအကျဥ်းထောင်ရှိထောင်တွင်းအထူးတရားရုံးကနေ ပုဒ်မ ၁၃၀(က)နဲ့ထောင်ဒဏ်(၃)နှစ် ထပ်မံအမိန့်ချမှတ်လိုက်တယ်လို့ ရှေနေအသိုင်းအဝိုင်းက သိရပါတရပါတယ်။ မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ညွန်ကြားရေးတဦးက ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ ၁၃၀(က)နဲ့တရားစွဲဆိုခဲ့တဲ့အမှုကို ဒီကနေ့မှာအမိန့်ချခဲ့တာဖြစ်တယ်လို့ ရှေ့နေတဦးက ပြောပါတယ်။ “အရင်က အမိန့်ချထားတဲ့ အမှုတွေနဲ့ဆို စုစုပေါင်းထောင်ဒဏ် ၂၉ နှစ်ကျခံရမှာ ကျန်တဲ့အမှုတော့ မရှိတော့ဘူး၊ အယူခံဆက်တက်မယ် မတက်မယ်ဆိုတာတော့ မသိသေးဘူး”လို့ သူကရှင်းပြပါတယ်။ ဒေါက်တာဇော်မြင့်မောင်ကို ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်ကလည်း အဂတိပုဒ်မ ၅၅ နဲ့အမှုငါးမှုအတွက် ထောင်ဒဏ် ၂၁နှစ် အိုးဘိုအကျဥ်းထောင်က အမိန့်ချခဲ့တာလည်းရှိပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ကလည်း ဒေါက်တာဇော်မြင့်မောင်ကို ၅၀၅(ခ)အမှု၊ ပုဒ်မ၁၇၁(စ)အမှုတွေအတွက် စုစုပေါင်းထောင်ဒဏ် ၅နှစ်ကို ချမှတ်ခံထားရပါတယ်။ လက်တလောမှာ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်အနေနဲ့ စုစုပေါင်း ထောင်ဒဏ် ၂၉ကို ချမှတ်ခံထားရတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #ဒေါက်တာဇော်မြင့်မောင်…

Read More

ပြင်သစ်စွမ်းအင်ကုမ္ပဏီ TotalEnergies မြန်မာနိုင်ငံမှ အပြီးထွက်ခွာပြီ

ပါရီ၊ ဇူလိုင်-၂၀-၂၀၂၂ မျိုးဆက်(vom) ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီးဖြစ်တဲ့ TotalEnergies ဟာ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ လုပ်ကိုင်နေတဲ့ စီမံကိန်းတွေကနေ အပြီးနှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ဇူလိုင်၂၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေဆိုးရွားလာပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတာကြောင့် မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ စွမ်းအင်စီမံကိန်းကနေ နှုတ်ထွက်မယ်လို့ TotalEnergies က ဇန်နဝါရီလမှာ ကြေညာခဲ့ပါတယ်။ TotalEnergies ကုမ္ပဏီဟာ မြန်မာနိုင်ငံက ရတနာသဘာ၀ဓါတ်ငွေ့စီမံကိန်းမှာ အစုရှယ်ယာ ၃၁ ဒသမ ၂၄ ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး အမေရိကန် Chevron ကုမ္ပဏီက ၂၈ ဒသမ ၂၆ ရာခိုင်နှုန်းနဲ့ ထိုင်း PTTEP ကုမ္ပဏီက ၂၅ ဒသမ ၅ ရာခိုင်နှုန်းနဲ့ မြန်မာ့ရေနံနဲ့ စွမ်းအင်၀န်ကြီးဌာနက ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ လက်ရှိမှာတာ့ TotalEnergies ပိုင်ဆိုင်တဲ့ အစုရှယ်ယာတွေကို…

Read More

အမေရိကန်မှာ ကိုဗစ်-၁၉ ကူးစက်မှုသစ်တွေရဲ့ ၈၀ ရာခိုင်နှုန်း အိုမီခရွန် ဘီအေ-၅ မျိုးကွဲကြောင့်ဖြစ်နေ

ဝါရှင်တန်၊ ဇူလိုင်-၂၀-၂၀၂၂ မျိုးဆက်(VOM) အမေရိကန် ကိုဗစ်-၁၉ ရောဂါကူးစက်မှုသစ်တွေရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးဟာ အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲ ဘီအေ-၅ ကြောင့်ဖြစ်တယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (စီဒီစီ)က ခန့်မှန်းထားပါတယ်။ ဘီအေ-၅ မျိုးကွဲကြောင့် ဇူလိုင် ၁၆ ရက်ထိ ခုနှစ်ရက်တာကာလအတွင်း ကူးစက်မှုတွေရဲ့ ၇၇ ဒသမ ၉ရာခိုင်နှုန်းရှိကြောင်း စီဒီစီက ဇူလိုင် ၁၈ ရက်မှာ ထုတ်ပြန်ထားပြီး အဲဒီဗိုင်းရပ်စ်မျိုးကွဲဟာ အခြားဗိုင်းရပ်စ်မျိုးကွဲတွေထက် ပိုမိုကူးစက်မြန်တယ်လို့ ယူဆရပါတယ်။ လက်ရှိမှာတော့ အမေရိကန်နို်င်ငံတ၀န်းမှာ မေလလယ်ကစပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှု တသိန်း၀န်းကျင်ထိ မြင့်တက်လျှက်ရှိပါတယ်။ ဆေးရုံတက်ရသူအရေအတွက်ဟာလည်း ၈၀ ရာခိုင်နှုန်းထိရှိနေပြီး ဇူလိုင် ၁၆ ရက်ထိ ရက်သတ္တပတ်အတွင်း နေ့စဉ် ၅၇၀၀ ၀န်းကျင် ဆေးရုံတက်နေရပါတယ်။ ယခင်က ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရသူတွေလည်း ထပ်မံကူးစက်နိုင်ခြေများစွာရှိကြောင်း၊ ပြည်သူတွေအနေနဲ့ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံကြဖို့နဲ့ လူစုလူဝေးတွေမှာ နှာခေါင်းစည်းတပ်ဖို့…

Read More

ရေနံ့သာ -ဂွကားလမ်းမှာ ၆ ဘီးကား ၁စီး ချောက်ထဲထိုးကျ၊ ၂ ဦးသေဆုံး ၁၀ ဦးဒဏ်ရာရရှိ

ဇူလိုင် ၂၀-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊ငါးသိုင်းချောင်းမြို့ မိဿလင်ကျေးရွာအုပ်စု၊မိဿကျေးရွာအနီး ရေနံ့သာ -ဂွကားလမ်းမှာ မနေ့ ဇူလိုင် ၁၉ရက် ည ၈ နာရီကျော် လောက်က ၆ ဘီးမော်တော်ကား ၁ စီးချောက်ထဲထိုးကျလို့ ယာဉ်ပေါ်ပါလာသူတွေထဲက ၂ ယောက်သေဆုံးပြီး ၁၀ ယောက်ဒဏ်ရာရရှိသွားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ဒေသခံပရဟိတအဖွဲ့ဆီကနေသိရပါတယ်။ မိဿလင်ကျေးရွာအုပ်စု၊ရေနံ့သာ-ဂွကားလမ်းပေါ်မှာ အမျိုးသားတဦးမောင်းတဲ့ SKAT ယာဉ်အမျိုးအစားဟာ လမ်းခင်းမြေရော ကျောက်တွေတင်ဆောင်လာပြီး ဂွဘက်ကနေ ရေနံ့သာဘက်ကိုမောင်းနှင်လာချိန် မိဿလင်အုပ်စု၊မိဿလင်ကျေးရွာအနီးကကားလမ်းကွေ့အရောက်မှာ ရုတ်တရက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ချောက်ထဲကို ထိုးကျသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ”အဲ့ဒီယာဉ်ချောက်ထဲထိုးကျလို့ကားပေါ်လိုက်ပါတဲ့ သူတွေထဲက အမျိုးသား တယောက်နဲ့အမျိုးသမီး တယောက် သေဆုံးခဲ့တယ်၊ အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၆ ယောက် ၁၀ ယောက်ဒဏ်ရာရရှိခဲ့တယ်၊ ယာဉ်ပေါ်မှာ အားလုံး ၁၂ ယောက်လိုက်ပါလာတာပါ။” လို့ ဒေသခံပရဟိတအဖွဲ့ဝင်တယောက်ကပြောပါတယ်။…

Read More

မုံရွာ-ပုသိမ် ကားလမ်းပေါ်က မြတ်နှိုးသူ ဘီးခွန်ကောက်စခန်း မီးရှို့ခံရ

ဇူလိုင် ၊ ၂၀ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ မုံရွာ-ပုသိမ်ကားမှာရှိတဲ့ မြတ်နှိုးသူ ဘီးခွန်ကောက်စခန်းဟာ မနေ့ ဇူလိုင် ၁၉ ရက် ညပိုင်းက မီးရှို့ခံရတယ်လို့ ဆားလင်းကြီးမြို့ခံတွေဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်မှာ ရှို့ခံရတာပါ ၊ ဝန်ထမ်းအဆောင်တွေနဲ့ ဂိတ်ပါ မီးရှို့ခံရတာပါ ၊ ဝန်ထမ်းတွေ ထွက်ပြေးတာကြောင့် ထိခိုက်တာ မရှိဘူး ” လို့ အဲ့ဒီ ဂိတ်နဲ့ နီးစပ်တဲ့ သူတယောက်က ပြောပါတယ်။ အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး ဆားလင်းကြီးမြို့နယ် လုံခြုံရေးအဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က ” မုံရွာ-ပုသိမ် ကားလမ်းမှာ ဖြစ်တာပါ ၊ လမ်းဘေး ဝဲယာက ဝန်ထမ်းဆောင်တွေနဲ့ ဂိတ်ပါ မီးရှို့ခံရတာပါ…

Read More

အူရီဒူးက မြန်မာနိုင်ငံရှိ လုပ်ငန်းစုကို ရောင်းချပြီး ထွက်ခွာဖို့စီစဉ်နေ

ဒိုဟာ၊ ဇူလိုင်-၂၀-၂၀၂၂ မျိုးဆက်(VOM) ကာတာဆက်သွယ်ရေးကုမ္ပဏီ အူရီဒူးဟာ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းစုကို ရောင်းချဖို့ ဆွေးနွေးနေကြောင်း အဲဒီကိစ္စနဲ့နီးစပ်သူနှစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ရောင်းချဖြစ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံကနေ လုပ်ငန်းတွေထွက်ခွာတဲ့ နိုင်ငံခြားကုမ္ပဏီတခုဖြစ်လာမှာဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာပြည်တွင်းသုံးစွဲသူ ၁၅ သန်းနီးပါးထိရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ အူရီဒူးဟာ မြန်မာနိုင်ငံမှာလုပ်ကိုင်နေတဲ့လုပ်ငန်းစုကို ရောင်းချဖို့ရည်ရွယ်ထားကြောင်း စာတိုက်နဲ့ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနကို အကြောင်းကြားထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အူရီဒူးရဲ့လုပ်ငန်းစုကို ၀ယ်ယူဖို့အလားအလာအရှိဆုံး ကုမ္ပဏီတွေကတော့ မြန်မာနိုင်ငံက Young Investment Group ၊ စင်ကာပူအခြေစိုက် ဆက်သွယ်ရေးကွန်ရက်ကုမ္ပဏီဖြစ်တဲ့ Campana Group ၊ ရွှေသံလွင်ရဲ့ SkyNet တို့ဖြစ်ကြောင်း ဒီကိစ္စကို တိုက်ရိုက်သိရှိထားတဲ့ သတင်းရင်းမြစ်တဦးက ရိုက်တာကို ပြောပါတယ်။ ၀ယ်ယူမယ့် ကုမ္ပဏီတွေနဲ့ ဆွေးနွေးမှုတွေဟာ နောက်ဆုံးအဆင့်မရောက်သေးဘူးလို့ သတင်းရင်းမြစ်တွေက…

Read More

သီရိလင်္ကာသမ္မတသစ်အဖြစ် ၀န်ကြီးချုပ်ရာနေးလ်ဝီခရီမီဆင်း ရွေးချယ်ခံရ

ကိုလံဘို၊ ဇူလိုင်-၂၀-၂၀၂၂ မျိုးဆက်(VOM) စီးပွားရေးနဲ့ နိုင်ငံရေးအကြပ်ရိုက်နေတဲ့ သီရိလင်္ကာနိုင်ငံမှာ သမ္မတကနိုင်ငံကနေထွက်ပြေးပြီးနောက် သမ္မတသစ်ခန့်အပ်ဖို့ လွှတ်တော်အမတ်တွေ မဲပေးခဲ့ပြီး ၀န်ကြီးချုပ်ရာနေးလ်ဝီခရီမီဆင်းကို သမ္မတအဖြစ် ရွေးချယ်လိုက်ပါတယ်။ လက်ရှိယာယီသမ္မတလည်ဖြစ် ၀န်ကြီးချုပ်လည်းဖြစ်တဲ့ ရာနေးလ်ဝီခရီမီဆင်းဟာ အာဏာရပါတီကနေ သမ္မတရာထူးအတွက် အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပါတယ်။ သမ္မတရွေးချယ်ပွဲမှာ သူဟာ အဓိပြိုင်ဘက်ဖြစ်တဲ့ ဒူလက်စ်အယ်လ်ဟာပါရူမာကို ၁၃၄ မဲ ရှစ်မဲနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သမ္မတ ဂိုတာဘာယာရာဂျာပက်ဆာ ရာထူးကနေ နှုတ်ထွက်ပြီးနောက် သူ့ကိုလည်း ပြည်သူတွေက ရာထူးကနှုတ်ထွက်ဖို့ ဖိအားပေးတောင်းဆိုနေကြပါတယ်။ ပါလီမန်ကနေ သမ္မတအဖြစ် ရွေးချယ်ခန့်အပ်ခံရသူဟာ သမ္မတဟောင်းရာဂျာပက်ဆာရဲ့ ရာထူးသက်တမ်းကုန်ဆုံးမယ့် ၂၀၂၄ ခုနှစ် နို၀င်ဘာလထိ တာ၀န်ထမ်းဆောင်ခွင့်ရရှိမှာဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံဟာ စီးပွားရေးချွတ်ခြုံကျနေပြီး စားနပ်ရိက္ခာ၊ လောင်စာဆီနဲ့ အခြားမရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေပြတ်လပ်နေပြီး အဲဒီအကျပ်အတည်းကိုဖြေရှင်းဖို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်ရေးမှာ တည်ငြိမ်တဲ့ အစိုးရတစ်ရပ်ရှိဖို့ လိုအပ်နေပါတယ်။ Ref: BBC…

Read More

စစ်ကိုင်းတိုင်းထဲက တိုးလ်ဂိတ် ၈ ခုအနက် ၆ ခု မိုင်းခွဲခံရပြီးဖြစ်

ဇူလိုင် ၊ ၂၀ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်းထဲက ကားလမ်းမတွေမှာ လမ်းတံတား အသုံးပြုခ ကောက်ခံနေတဲ့ တိုးလ်ဂိတ် ၈ ခုရှိတဲအနက် တိုးလ်ဂိတ် ၆ ခုဟာ မိုင်းခွဲတိုက်ခိုက်ခံခံထားရပြီးဖြစ်တယ်လို့ သယ်ယူပို့ဆောင်ရေး ကားသမားတွေဆီက သိရပါတယ်။ ” မနေ့က မနက် ၁၀ နာရီဝန်းကျင်မှာ မြင်းမူမြို့ ၊ တပင်ရွှေထီရပ်ကွက် ၊ မြို့အဝင် မန္တလေး မုံရွာ အဝေးပြေးကားလမ်းပေါ်က တိုးလ်ဂိတ် မိုင်းခွဲတိုက်ခိုက်ခံရတယ် ၊ အဲ့ဒါရောဆို တိုက်ခိုက်ခံရတာ ၂ ကြိမ်ရှိပြီ ၊ အဆောက်ဦးတွေ ထိခိုက်ပျက်စီးသွားတာပါ ” လို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ကားသမားတယောက်က ပြောပါတယ်။ စစ်ကိုင်းတိုင်းထဲက တိုးလ်ဂိတ်တွေကတော့ မန္တလေး – စစ်ကိုင်း – မုံရွာ လမ်းပိုင်း ရွှေတောင် ဆောက်လုပ်ရေးကုမ္မဏီပိုင်…

Read More
VOM News

FREE
VIEW