အမေရိကန်မှာ ကိုဗစ်-၁၉ ကူးစက်မှုသစ်တွေရဲ့ ၈၀ ရာခိုင်နှုန်း အိုမီခရွန် ဘီအေ-၅ မျိုးကွဲကြောင့်ဖြစ်နေ

ဝါရှင်တန်၊ ဇူလိုင်-၂၀-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန် ကိုဗစ်-၁၉ ရောဂါကူးစက်မှုသစ်တွေရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးဟာ အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲ ဘီအေ-၅ ကြောင့်ဖြစ်တယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (စီဒီစီ)က ခန့်မှန်းထားပါတယ်။

ဘီအေ-၅ မျိုးကွဲကြောင့် ဇူလိုင် ၁၆ ရက်ထိ ခုနှစ်ရက်တာကာလအတွင်း ကူးစက်မှုတွေရဲ့ ၇၇ ဒသမ ၉ရာခိုင်နှုန်းရှိကြောင်း စီဒီစီက ဇူလိုင် ၁၈ ရက်မှာ ထုတ်ပြန်ထားပြီး အဲဒီဗိုင်းရပ်စ်မျိုးကွဲဟာ အခြားဗိုင်းရပ်စ်မျိုးကွဲတွေထက် ပိုမိုကူးစက်မြန်တယ်လို့ ယူဆရပါတယ်။

လက်ရှိမှာတော့ အမေရိကန်နို်င်ငံတ၀န်းမှာ မေလလယ်ကစပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှု တသိန်း၀န်းကျင်ထိ မြင့်တက်လျှက်ရှိပါတယ်။

ဆေးရုံတက်ရသူအရေအတွက်ဟာလည်း ၈၀ ရာခိုင်နှုန်းထိရှိနေပြီး ဇူလိုင် ၁၆ ရက်ထိ ရက်သတ္တပတ်အတွင်း နေ့စဉ် ၅၇၀၀ ၀န်းကျင် ဆေးရုံတက်နေရပါတယ်။

ယခင်က ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရသူတွေလည်း ထပ်မံကူးစက်နိုင်ခြေများစွာရှိကြောင်း၊ ပြည်သူတွေအနေနဲ့ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံကြဖို့နဲ့ လူစုလူဝေးတွေမှာ နှာခေါင်းစည်းတပ်ဖို့ အိမ်ဖြူတော်ရဲ့ ကိုဗစ်တုံ့ပြန်ရေး အကြီးအကဲက တိုက်တွန်းထားပါတယ်။

Ref: NHK
Photo:NHK
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW