မုံရွာ-ပုသိမ် ကားလမ်းပေါ်က မြတ်နှိုးသူ ဘီးခွန်ကောက်စခန်း မီးရှို့ခံရ

ဇူလိုင် ၊ ၂၀ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ မုံရွာ-ပုသိမ်ကားမှာရှိတဲ့ မြတ်နှိုးသူ ဘီးခွန်ကောက်စခန်းဟာ မနေ့ ဇူလိုင် ၁၉ ရက် ညပိုင်းက မီးရှို့ခံရတယ်လို့ ဆားလင်းကြီးမြို့ခံတွေဆီက သိရပါတယ်။

” မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်မှာ ရှို့ခံရတာပါ ၊ ဝန်ထမ်းအဆောင်တွေနဲ့ ဂိတ်ပါ မီးရှို့ခံရတာပါ ၊ ဝန်ထမ်းတွေ ထွက်ပြေးတာကြောင့် ထိခိုက်တာ မရှိဘူး ” လို့ အဲ့ဒီ ဂိတ်နဲ့ နီးစပ်တဲ့ သူတယောက်က ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး ဆားလင်းကြီးမြို့နယ် လုံခြုံရေးအဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က ” မုံရွာ-ပုသိမ် ကားလမ်းမှာ ဖြစ်တာပါ ၊ လမ်းဘေး ဝဲယာက ဝန်ထမ်းဆောင်တွေနဲ့ ဂိတ်ပါ မီးရှို့ခံရတာပါ ၊ ဝါးကပ်မိုး ၊ ထရံကာ အဆောက်အဦတွေဆိုတော့ အကုန်ဆုံးရှုံးသွားတယ် “လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဆားလင်းကြီးမြို့ပေါ်မှာရှိတဲ့ ဆားလင်းကြီးမြို့နယ် အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်ရုံး မီး ၂ ကြိမ်ရှို့ခံရတာ ဖြစ်ခဲ့ပါသေးတယ်။

မုံရွာ-ပုသိမ်ကားလမ်းမှာ ပြေးဆွဲနေတဲ့ ကားသမားတယောက်က ” ဒီကနေ့မနက်ပိုင်းက လူမှုကွန်ရက်ပေါ်မှာ သတင်းတခုတင်ထားတာတွေ့ရတယ် ၊ မုံရွာ ပုသိမ် ကားလမ်း ၊ ညောင်ပင်ကြီး ဆားလင်းကြီး ကားလမ်း ၊ ဆားလင်းကြီး ပေါင်းဝ ကားလမ်း အဲ့ဒီ လမ်းပိုင်း ၃ ခုကို ဆီဘောက်ဆာကားတွေ လုံးဝမသွားရဘူး လမ်းပိတ်ထားတယ်”လို့ ပြောပါတယ်။

မနေ့ ဇူလိုင် ၁၉ရက် မနက်ပိုင်းကလည်း မြင်းမူမြို့ ၊ တပင်ရွှေထီးရပ်ကွက် ၊ မြို့အဝင်မှာရှိတဲ့ မန္တလေး မုံရွာကားလမ်းပေါ်က တိုးလ်ဂိတ်တခု မိုင်းခွဲခံရပါသေးတယ်။

#voiceofmyanmar #VOM #ဆားလင်းကြီး

Related posts

Leave a Comment

VOM News

FREE
VIEW