သီရိလင်္ကာသမ္မတသစ် ရွေးချယ်ခန့်အပ်ဖို့ လွှတ်တော်အမတ်တွေ မဲပေးမှုစတင်နေ

ကိုလံဘို၊ ဇူလိုင်-၂၀-၂၀၂၂
မျိုးဆက်(VOM)

စီးပွားရေးနဲ့ နိုင်ငံရေးအကြပ်ရိုက်နေတဲ့ သီရိလင်္ကာနိုင်ငံမှာ သမ္မတကနိုင်ငံကနေထွက်ပြေးပြီးနောက် သမ္မတသစ်ခန့်အပ်ဖို့ လွှတ်တော်အမတ်တွေ မဲပေးမှုကို ဇူလိုင် ၂၀ ရက်မှာ လုပ်ဆောင်နေပါတယ်။

လက်ရှိယာယီသမ္မတလည်ဖြစ် ၀န်ကြီးချုပ်လည်းဖြစ်တဲ့ ရာနေးလ်ဝီခရီမီဆင်းဟာ အာဏာရပါတီကနေ သမ္မတရာထူးအတွက် အမည်စာရင်းတင်သွင်းခံထားရပြီး သမ္မတရာထူးအတွက် တစ်ပြေးနေပါတယ်။

ဒါပေမယ့်လည်း သမ္မတ ဂိုတာဘာယာရာဂျာပက်ဆာ ရာထူးကနေ နှုတ်ထွက်ပြီးနောက် သူ့ကိုလည်း ပြည်သူတွေက ရာထူးကနှုတ်ထွက်ဖို့ ဖိအားပေးတောင်းဆိုနေကြပါတယ်။

သူဟာ သမ္မတရာထူးအတွက် အဓိကအတိုက်အခံပါတီက ကျောထောက်နောက်ခံပြုထားတဲ့ အတိုက်အခံအမတ် ဒူလက်စ်အယ်လ်ဟာပါရူမာနဲ့အတူ အပြင်းအထန်ပြိုင်ဆိုင်မှုတွေရှိနေပါတယ်။

ပါလီမန်ကနေ သမ္မတအဖြစ် ရွေးချယ်ခန့်အပ်ခံရသူဟာ သမ္မတဟောင်းရာဂျာပက်ဆာရဲ့ ရာထူးသက်တမ်းကုန်ဆုံးမယ့် ၂၀၂၄ ခုနှစ် နို၀င်ဘာလထိ တာ၀န်ထမ်းဆောင်ခွင့်ရရှိမှာဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံဟာ စီးပွားရေးချွတ်ခြုံကျနေပြီး စားနပ်ရိက္ခာ၊ လောင်စာဆီနဲ့ အခြားမရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေပြတ်လပ်နေပြီး အဲဒီအကျပ်အတည်းကိုဖြေရှင်းဖို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်ရေးမှာ တည်ငြိမ်တဲ့ အစိုးရတစ်ရပ်ရှိဖို့ လိုအပ်နေပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW