ကိုလံဘို၊ ဇူလိုင်-၂၀-၂၀၂၂
မျိုးဆက်(VOM)
စီးပွားရေးနဲ့ နိုင်ငံရေးအကြပ်ရိုက်နေတဲ့ သီရိလင်္ကာနိုင်ငံမှာ သမ္မတကနိုင်ငံကနေထွက်ပြေးပြီးနောက် သမ္မတသစ်ခန့်အပ်ဖို့ လွှတ်တော်အမတ်တွေ မဲပေးခဲ့ပြီး ၀န်ကြီးချုပ်ရာနေးလ်ဝီခရီမီဆင်းကို သမ္မတအဖြစ် ရွေးချယ်လိုက်ပါတယ်။
လက်ရှိယာယီသမ္မတလည်ဖြစ် ၀န်ကြီးချုပ်လည်းဖြစ်တဲ့ ရာနေးလ်ဝီခရီမီဆင်းဟာ အာဏာရပါတီကနေ သမ္မတရာထူးအတွက် အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပါတယ်။
သမ္မတရွေးချယ်ပွဲမှာ သူဟာ အဓိပြိုင်ဘက်ဖြစ်တဲ့ ဒူလက်စ်အယ်လ်ဟာပါရူမာကို ၁၃၄ မဲ ရှစ်မဲနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း သမ္မတ ဂိုတာဘာယာရာဂျာပက်ဆာ ရာထူးကနေ နှုတ်ထွက်ပြီးနောက် သူ့ကိုလည်း ပြည်သူတွေက ရာထူးကနှုတ်ထွက်ဖို့ ဖိအားပေးတောင်းဆိုနေကြပါတယ်။
ပါလီမန်ကနေ သမ္မတအဖြစ် ရွေးချယ်ခန့်အပ်ခံရသူဟာ သမ္မတဟောင်းရာဂျာပက်ဆာရဲ့ ရာထူးသက်တမ်းကုန်ဆုံးမယ့် ၂၀၂၄ ခုနှစ် နို၀င်ဘာလထိ တာ၀န်ထမ်းဆောင်ခွင့်ရရှိမှာဖြစ်ပါတယ်။
သီရိလင်္ကာနိုင်ငံဟာ စီးပွားရေးချွတ်ခြုံကျနေပြီး စားနပ်ရိက္ခာ၊ လောင်စာဆီနဲ့ အခြားမရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေပြတ်လပ်နေပြီး အဲဒီအကျပ်အတည်းကိုဖြေရှင်းဖို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်ရေးမှာ တည်ငြိမ်တဲ့ အစိုးရတစ်ရပ်ရှိဖို့ လိုအပ်နေပါတယ်။
Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ကိုလံဘို