မတ္တရာမြို့နယ် သမဝါယမ ဦးစီးမှူး ရုံးထိုင်နေချိန် ပစ်သတ်ခံရ

ဇူလိုင် ၊ ၂၁ ၊ ၂၀၂၂
SP( VOM)

မန္တလေးတိုင်း ၊ ပြင်ဦးလွင်ခရိုင် ၊ မတ္တရာမြို့ ၊ မြို့နယ်သမဝါယမဦးစီးဌာနရုံးထဲမှာ ဒီကနေ့ မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပြီး မြို့နယ်ဦးစီးအရာရှိ တဦး သေဆုံးသွားတယ်လို့ မတ္တရာ သမဝါယမအသင်းသားတွေဆီက သိရပါတယ်။

” မြို့နယ် ဦးစီးမှူး ဦးသောင်းကြိုင် ရုံးစထိုင်တဲ့အချိန် ဒီမနက် ၈ နာရီခွဲဝန်းကျင်မှာ လူ ၂ ယောက်က ဦးစီးမှူး ရုံးခန်းထဲကို ဝင်လာပြီး ဦးစီးမှူးရဲ့ ခေါင်းကို သေနတ်နဲ့ ၁ ချက်ပစ်တယ် ” လို့ မတ္တရာ သမဝါယမ ဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်တာနဲ့ ပတ်သက်ပြီး မတ္တရာမြို့နယ်ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူ တယောက်က ” ရုံးတက်နေတဲ့ သမ ဦးစီးမှူး ဦးသောင်းကြိုင် ပစ်ခံရတာပါ ၊ ဦးခေါင်း ကျည်ဆံဖောက်ဝင်ဒဏ်ရာနဲ့ နေရာမှာတင် သေဆုံးသွားတယ် ၊ စစ်ဆေးနေပါတယ် ” လို့ ပြောပါတယ်။

မန္တလေးတိုင်းထဲမှာ ဌာနဆိုင်ရာ ဝန်ထမ်းတချို့ သွားရင်းလာရင်း ပစ်ခတ်ခံရတာတွေရှိခဲ့ပေမယ့် အခုလို ရုံးတက်နေတဲ့ ဝန်ထမ်းတယောက်ကို ရုံးခန်းထဲဝင်ရောက် ပစ်သတ်တာဟာ မန္တလေးတိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မတ္တရာ #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW