ကာကွယ်ဆေး လေးကြိမ်ထိုးပြီးသူ အမေရိကန်သမ္မတဂျိုးဘိုင်ဒင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရ

ဝါရှင်တန်၊ ဇူလိုင်-၂၂-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်နေတာကြောင့် အိမ်ဖြူတော်မှာ သီးခြားနေပြီး ကွာရန်တင်း၀င်နေရကြောင်း တာ၀န်ရှိသူတွေက ဇူလိုင် ၂၁ ရက်မှာပြောပါတယ်။

အသက် ၇၉ နှစ်အရွယ် သမ္မတဂျိုးဘိုင်ဒင်ဟာ ကာကွယ်ဆေးအပြည့်အ၀ထိုးနှံပြီးဖြစ်တဲ့အပြင် ထပ်ဆောင်းကာကွယ်ဆေးနှစ်ကြိမ်းထိုးနှံပြီးဖြစ်ပြီး လက်ရှိမှာ အပျော့စားရောဂါလက္ခဏာတွေ ခံစားနေရပေမယ့် တာ၀န်တွေကို ဆက်လက်ထမ်းဆောင်သွားမှာဖြစ်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

လက်ရှိမှာတော့ သမ္မတဂျိုးဘိုင်ဒင်ဟာ မောပန်းနွမ်းနယ်မှုနဲ့ နှာရည်ယိုခြင်း၊ ချောင်းခြောက်ဆိုးခြင်းတွေကို ခံစားနေရကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။

သမ္မတဟာ ပိုးသတ်ဆေးတစ်မျိုးဖြစ်တဲ့ Paxlovid ဆေးကို သောက်သုံးနေကြောင်း အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူ့အနေနဲ့ အခြေအနေကောင်းမွန်နေပြီး အလုပ်များနေကြောင်း သမ္မတဂျိုးဘိုင်ဒင်က တွစ်တာမှာ ရေးသားဖော်ပြထားပါတယ်။

သမ္မတကတော် ဂျေးလ်ဘိုင်ဒင်ကတော့ ရောဂါကူးစက်မှုမရှိကြောင်းသိရပါတယ်။

သမ္မတအနေနဲ့ ရောဂါကူးစက်မှု ပျောက်ကင်းတဲ့အချိန်ထိ သီးခြားနေထိုင်ပြီး တာ၀န်တွေကို ဆက်လက်ထမ်းဆောင်သွားမှာဖြစ်ပြီး အစည်းအဝေးတွေကို တယ်လီဖုန်း သို့မဟုတ် အွန်လိုင်းမှပြုလုပ်သွားမှာဖြစ်တယ်လို့ သမ္မတ ကတော်ကပြောပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW