ဆေးတင်သွင်းတဲ့အခါ ကိုယ့်အစီအစဉ်နဲ့ကိုယ် ငွေပေးချေရင် DOတင်ပြဖို့မလိုဘဲ သွင်းကုန်လိုင်စင် ခွင့်ပြုပေးမယ်

ဇူလိုင် ၂၂
VOM(GG)

ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ တင်သွင်းတဲ့ ကုမ္ပဏီတွေအနေနဲ့ ပြည်ပကနေ ဆေးပစ္စည်းတွေ တင်သွင်းရာမှာ ငွေပေးချေဖို့အတွက် နိုင်ငံခြားငွေမဝယ်ယူဘဲ ကိုယ့် အစီအစဉ်နဲ့ကိုယ် တဖက်ကုန်ရောင်းသူကို ငွေပေးချေ မယ်ဆိုရင် ကုန်ပစ္စည်းရောက်ရှိကြောင်း အထောက်အထား DO တင်ပြဖို့မလိုဘဲ သွင်းကုန်လိုင်စင် ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက အသိ​ပေးထုတ်ပြန်လိုက်ပါတယ်။

ဒါ့ကြောင့် ဆေးဝါးတင်သွင်းမယ့်ကုမ္ပဏီတွေအနေနဲ့ သွင်းကုန်လိုင်စင် ရရှိပြီးပါက ပေးချေရမယ့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှာဖွေဝယ်ယူရမှာဖြစ်ပါတယ်။

” အရင်ကလည်း ဒေါ်လာက ကိုယ့်ဘာသာရှာဝယ်ရတာပဲ ။သူတို့ ဘဏ်တွေက သူတို့သတ်မှတ်စျေးနဲ့ ရောင်းပေးလို့လား ။ တခုပဲရှိတယ် ဒေါ်လာက ပြင်ပပေါက်စျေးနဲ့ဝယ်ရတာ စျေးနူန်းက မြင့်တော့ ဆေးတွေစျေးတက်သွားဖို့များတယ်။ ပစ္စည်းပြတ်တာကတော့ ရက်အကြာကြီးမဖြစ်နိုင်ပါဘူး။လူတွေကလည်း လိုအပ်သလောက်ပဲဝယ်ကြပါ။အတင်းစုပြုံပြီးတိုးဝှေ့ဝယ်တာ စုဆောင်းတာတွေ မလုပ်စေချင်ဘူး “လို့ ဆေးကုမ္ပဏီတခုမှ အကြီးတန်းဝန်ထမ်းတဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်တွေမှာ ပြည်ပကနေ ဆေးဝါးတင်သွင်းဖို့အတွက် သွင်းကုန်ပါမစ်ဆိုင်ရာ အခက်အခဲတွေကြောင့် ​ဆေးဝါးတင်သွင်းမှုမှာ ကြန့်ကြာမှုတွေရှိခဲ့လို့ ဆေးဝါးဈေးကွက်မှာ ဆေးပစ္စည်းတွေ ဈေးတက်ခဲ့ သလို ဆေးပစ္စည်းအချို့နဲ့ အာဟာရဓာတ်ဆာပစ္စည်းတွေ ပြတ်လပ်တာတွေ ရှိခဲ့ပါတယ်။

လက်ရှိမှာ​လည်း ဗဟိုဘဏ်ရဲ့ဒေါ်လာအသုံးပြုခွင့်ကန့်သတ်ချက်တွေကြောင့် ပြည်တွင်း အခြေခံအိမ်သုံးဆေးဝါးအချို့စျေးနူန်းတက်သွားသလို အချို့ဆေးကုမ္ပဏီတွေကလည်း ဆေးရောင်းချတာတွေ ရပ်နားထားတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ဆေးဆိုင်တွေမှာ ကုန်ပစ္စည်းပြတ်လပ်တာမျိုးမရှိအောင် ” နိုင်ငံခြားငွေဝယ်ယူခြင်း မပြုဘဲ ကုမ္ပဏီအစီအစဥ်နဲ့ ငွေလွှဲမယ်ဆိုတဲ့ “ကုမ္ပဏီဒါရိုက်တာကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ခံဝန်ကတိနဲ့ မြန်မာနိုင်ငံ ​​ဆေးဝါးနဲ့ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းကို တင်ပြကာ သွင်းကုန်လိုင်စင် လျှောက်နိုင်တာဖြစ်တယ်
လို့ သိရပါတယ်။

မြန်မာနိုင်ငံ ​​ဆေးဝါးနဲ့​ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းကနေမှ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို တင်ပြပြီး အဲ့ဒီကမှ တဆင့် စီးပွား​ရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို နိုင်ငံခြားငွေမဝယ်တဲ့ ကုမ္ပဏီစာရင်းပေးကာ စီး/ကူးကနေမှ စိစစ်ပြီး ကုန်ပစ္စည်းရောက်ရှိကြောင်း အထောက်အထား DO တင်ပြဖို့မလိုဘဲ သွင်းကုန်လိုင်စင် ခွင့်ပြုပေးမှာဖြစ်တယ်လို့ ဇူလိူင် ၂၁ ရက်မှာ အသိပေးပြောဆိုလိုက်တာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဆေးပစ္စည်း #သွင်းကုန်လိုင်စင်

Related posts

Leave a Comment

VOM News

FREE
VIEW