ပုသိမ်ကြီးမြို့နယ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး EPCဝန်ထမ်း(၂)ဦးနဲ့ သံဃာတပါး ဒဏ်ရာရ

ဇူလိုင် ၂၂-၂၀၂၂
Voice Of Myanmar

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ပုသိမ်ကြီးမြို့အဝင်အနီးရှိ ဦးလှထွန်း ကင်ဆာဖောင်ဒေရှင်းရှေ့မှာ ဗုံးပေါကွဲမှုဖြစ်ပွားခဲ့ပြီး EPC ဝန်ထမ်း(၂)ဦးနဲ့ ဗုံးပေါက်ကွဲချိန် ဖြတ်သန်းသွားလာနေတဲ့ သံဃာတော်(၁)ပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက “ဖောင်းဒေရှင်းရှေ့မှာ မီးမီတာလိုက်ဖတ်နေတာပေါ့ သူတို့တွေက ၊ အရန်သင့်ထောင်ထားတဲ့ မိုင်းလို့ယူဆရတာက ထပေါက်တာပဲ၊ ဝန်ထမ်းတဦးက အမျိုးသားအင်္ဂါ မှာ ဒဏ်ရာရတယ်၊ ဆရာတော်တပါး နဲ့ နောက်ထပ် EPCဝန်ထမ်းတဦး ပေါင်း(၃)ဦး ဒဏ်ရာရတယ်”လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲတာဟာ ၂ ကြိမ်ဆက်တိုက်ပေါက်ကွဲခဲ့တာကြောင့် အသက် (၂၀)နှစ်အရွယ် မီတာစာရေး အမျိုးသားတဦးက အမျိုးသားအင်္ဂါ မိုင်းစထိမှန်ဒဏ်ရာ(၁)ချက်၊ မိုင်းစထိမှန်ဒဏ်ရာတွေ (မစိုးရိမ်ရ)၊ သက်တော်(၆၂)နှစ်အရွယ် သံဃာတော်တပါးက မိုင်းစထိမှန်ဒဏ်ရာ(၃)ချက်(စိုးရိမ်ရ)ဒဏ်ရာတွေ ရခဲ့ပြီး အသက်(၃၁)နှစ်အရွယ် အမျိုးသားတဦးက မိုင်းစထိမှန်ဒဏ်ရာတွေ(မစိုးရိမ်ရ)ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဗုံးပေါက်ကွဲတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး Generation Z Power-GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ ပုသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့မှ ပူးတွဲလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာချက်ထုတ်ထားတာကိုလည်း တွေ့ရပါတယ်။

မနေ့ ဇူလိုင် ၂၁ရက် ညနေပိုင်းကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ အောင်တော်မူဘုရားဘေးကအောင်ဘာလေထီအရောင်းဆိုင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဆိုင်ပိုင်ရှင်အမျိုးသား ထိခိုက်ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ လပိုင်းတွေနဲ့ ရက်ပိုင်းတွေကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်းနဲ့ ဌာနဆိုင်ရာ အဆောက်အဦတချို့ကို ဗုံးနဲ့လာရောက်ပစ်ပေါက်လို့ ပေါက်ကွဲမှုဖြစ်စဉ်တွေလည်း မကြာခဏဖြစ်ပွားခဲ့တယ်လို့ မန္တလေးမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ပုသိမ်ကြီး #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW