မင်္ဂလာတောင်ညွန့်မှာ ဖုန်းဆိုင် ဖောက်ထွင်းခံရပြီး သိန်း ၆၀၀ ကျော်တန်ဖိုးရှိတဲ့ ဖုန်း ၈၈ လုံးပါသွား

ဇူလိူင် ၂၂-၂၀၂၂
VOM(GG)

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ သိမ်ဖြူလမ်းက Zaw Zaw Mobile ဖုန်းဆိုင် ဖောက်ထွင်းခံရပြီး ကျပ်သိန်း ၆၀၀ ကျော်တန်ဖိုးရှိတဲ့ ဖုန်း ၈၈ လုံးနဲ့ ငွေသား ၂၂သိန်းကျော် ပါသွားတယ်လို့သိရပါတယ်။

ဒီနေ့ ဇူလိူင်၂၂ ရက်နေ့ မနက်အစော ၅ နာရီလောက်မှာ ဖုန်းဆိုင်ဖောက်ထွင်းခံရတာ​ဖြစ်ပြီး ကျူးလွန်သူတွေက အမျိုးသား ၂ ယောက်ဖြစ်ကြောင်းကို CCTV မှတ်တမ်းတွေအရ သိရှိရတယ်လို့ ပြောပါတယ်။

” ပြီးခဲ့တဲ့ ၂လလောက်ကလည်း ဆိုင်ကို ဖောက်ထွင်းဖို့လုပ်ခံရဘူးတယ်၊ အဲ့ဒီတုန်းကတော့ လုပ်မရတော့ မပါသွားဘူး။ အခုက ဆိုင်အနောက်ဘက်ကဝင်တာပါ။တံခါးက သစ်သားတထပ် သံပန်းတထပ်ပါ၊ ပိုက်ဆံက ၂၂ သိန်းကျော်ပါ။ဖုန်းက ၈၈ လုံး။သူတို့က ၅ နာရီကျော်လောက်မှာ ဝင်ပြီး လုပ်သွားတာ။အိုင်ဖုန်းကို မယူဘူး အိုင်ဖုန်းယူရင် သူတို့ကိုလိုက်လို့ရတော့ တခြားဖုန်း တွေကိုပဲယူတယ်၊ ဆမ်ဆောင်း ဖုန်းတွေအဓိကယူသွားတယ်။ “လို့ ဆိုင်ပိုင်ရှင်ဖြစ်သူကပြောပါတယ်။

ဆိုင်ဖောက်ထွင်းခံရကြောင်းကို ဆိုင်ဝန်ထမ်းတွေ မနက်ဆိုင်ဖွင့်ချိန်မှာ သိရှိရတာဖြစ်ပြီး ကျူးလွန်သူတွေက ဖုန်းနဲ့ငွေသားကို ခိုးယူ​ပြီး ဆိုင်တွင်းကို ဖျက်စီးခဲ့တာ​တော့ မရှိ​ဘူးလို့သိရပါတယ်။

လက်ရှိမှာ ဆိုင်ဖောက်ထွင်းမှုကျုးလွန်သူ ၂ ဦးကို မင်္ဂလာတောင်ညွန့်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့သိရပါတယ်။

ရန်ကုန်မှာ နေအိမ်အတွင်း ဝင်ရောက်ပြီး လူသတ်၊ ပစ္စည်းလုယက်တာတွေ၊ ဆိုင်ဖောက်ထွင်းခံရတာ၊လမ်းမပေါ်အုပ်စုလိုက်ရိုက်နှက်ပြီး ​လုယက်တာတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာတာကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ဖုန်းဆိုင်ဖောက်ထွင်းခံရ #မင်္ဂလာတောင်ညွန့်

Related posts

Leave a Comment

VOM News

FREE
VIEW