ဥသျှစ်ပင်မြို့မှာ နိုင်ငံသားအထောက်ထားမဲ့သူ ၃၀ ဦးဖမ်းမိ

ဇူလိူင် ၂၂-၂၀၂၂
VOM (GG)

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ၊ ဥသျှစ်ပင်​မြို့မှာ ကုန်တင်ကားနဲ့ တရားမဝင် တင်ဆောင်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၃၀ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဇူလိူင်၂၂ ရက်နေ့မှာ ရခိုင်ဘက်ကနေ မောင်းလာတဲ့ ဒညင်းသီးတင်ဆောင်လာတဲ့ ကုန်ကားထဲမှာ လိုက်ပါလာကြတာဖြစ်ပြီး အမျိုးသား ၁၂ ဦး၊အမျိုးသမီး ၁၈ ဦးဖြစ်တယ်လို့ သိရပါတယ်။

” ဒညင်းသီးကားနဲ့ အထဲမှာ ဝှက်ပြီး လိုက်လာကြတာကို ဥသျှစ်ပင် ဘူးဘက်တံတားဂိတ်ရောက်တော့ စစ်တပ်နဲ့ရဲက စစ်ဆေးတော့ တွေ့တာလို့သိရတယ်။ အခု သူတို့ကို ရဲစခန်းမှာ ချုပ်ထားတယ်။ “လို့ ရဲစခန်းနဲ့နီးစပ်သူ ဒေသခံတဦးကပြောပါတယ်။

ဖမ်းဆီးခံရတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်ထဲက ဖြစ်ပြီး မလေးရှားနိုင်ငံကို သွားရောက်ကြမှာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ နိုင်ငံသားအထောက်အထားမဲ့သူ ၃၀ လုံးကို ဥသျှစ်ပင်မြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်၂၈ ရက်နေ့ကလည်း ပန်းတောင်းမြို့နယ်မှာ တောင်ကုတ်ဘက်ကနေ ပြည်ကို မောင်းလာတဲ့ကားပေါ်ကနေ နိုင်ငံသားအထောက်အထားမဲ့သူ ၅ ဦးကိုဖမ်းဆီးရမိခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဥသျှစ်ပင်မြို့ #နိုင်ငံသားအထောက်ထားမဲ့သူ၃၀ဦးဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW