အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာ မိုးကြိုးပစ်လို့ တရက်ထဲ လူ ၂၀ သေဆုံး

ဒေလီ၊ ဇူလိုင်-၂၇-၂၀၂၂
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်ရှိ ခရိုင်ရှစ်ခုမှာ မိုးကြိုးပစ်မှုတွေကြောင့် တရက်ထဲ လူ ၂၀ သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၂၇ ရက်နဲ့ ၂၈ ရက်တို့မှာ အဲဒီပြည်နယ်မြောက်ပိုင်းဒေသတွေမှာ မိုးကြိုးမုန်တိုင်းတွေ ပိုမိုဖြစ်ပွားနိုင်ကြောင်း မိုးလေ၀သတာ၀န်ရှိသူတွေက ခန့်မှန်းထားပါတယ်။

ဒေသခံတွေအနေနဲ့ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအာဏာပိုင်တွေရဲ့လမ်းညွှန်ချက်တွေကို လိုက်နာကြဖို့ ပြည်နယ်၀န်ကြီးချုပ် နစ်ရ်ှကူးမားက တိုက်တွန်းထားပါတယ်။

သေဆုံးသူတွေရဲ့ မိသားစုတွေအတွက် ဂရုဏာကြေး ရူပီးလေးသောင်းစီ ပေးအပ်ထားကြောင်း ပြည်နယ်၀န်ကြီးချုပ်က ဇူလိုင် ၂၆ ရက်မှာပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ မုတ်သုန်မိုးရွာသွန်းတဲ့ ကာလတွေမှာ မိုးကြိုးပစ်တာတွေကြောင့် နှစ်စဉ်နှစ်တိုင်း လူရာနဲ့ချီပြီး သေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မိုးကြိုးပစ်မှုကြောင့် သေဆုံးမှုမြင့်မားရတဲ့ အကြောင်းရင်းတွေထဲကတခုကတော့ အိန္ဒိယနိုင်ငံမှာ အဆောက်အအုံတွေပြင်ပမှာ အလုပ်လုပ်ကိုင်သူတွေဟာ အခြားသောနိုင်ငံတွေထက် ပိုမိုများပြားတာကြောင့်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW