အိုင်အက်စ်အက်စ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကနေ နှုတ်ထွက်ပြီး ကိုယ်ပိုင်အာကာသစခန်း ရုရှား တည်ဆောက်တော့မယ်

မော်စကို ၊ ဇူလိုင်-၂၇-၂၀၂၂
မျိုးဆက်(VOM)

၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာ ရုရှားဟာ နိုင်ငံတကာအာကာသစခန်း(အိုင်အက်စ်အက်စ်) မှာ ပူးပေါင်းဆောင်ရွက်မှုတွေကနေ နှုတ်ထွက်ပြီး ကိုယ်ပိုင်အာကာသစခန်းကို တည်ဆောက်တော့မယ်လို့ ရုရှားနိုင်ငံက ဇူလိုင် ၂၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အမေရိကန်နဲ့ ရုရှားတို့ဟာ အခြားသော မဟာမိတ်တွေနဲ့အတူ နိုင်ငံတကာအာကာသစခန်းမှာ ၁၉၉၈ ခုနှစ်ကတည်းက ပူးပေါင်းဆောင်ရွက်မှုတွေကို အောင်မြင်စွာလုပ်ဆောင်ခဲ့ကြပါတယ်။

ဒါပေမယ့် ရုရှားကယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက် ဆက်ဆံရေးယိုယွင်းလာခဲ့ပြီး အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုတွေကြောင့် နိုင်ငံတကာအာကာစခန်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေကနေ နှုတ်ထွက်မယ်လို့ ရုရှားက ယခင်ကတည်းက ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် နိုင်ငံတကာအာကာသစခန်းမှာ လုပ်ဆောင်နေတဲ့ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တွေကနေ နှုတ်ထွက်မယ့် ရုရှားရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး တရား၀င်အသိပေးချက် တစုံတရာမရရှိသေးကြောင်း နာဆာက ပြောဆိုထားပါတယ်။

အာကာသအေဂျင်စီငါးခုပါ၀င်တဲ့ ပူးပေါင်းစီမံကိန်းဖြစ်တဲ့ နိုင်ငံတကာအာကာသစခန်းဟာ ၁၉၉၈ ခုနှစ်ကတည်းက ကမ္ဘာပတ်လမ်းကြောင်းမှာ လည်ပတ်နေခဲ့ပြီး ထောင်နဲ့ ချီတဲ့ သိပ္ပံစမ်းသပ်မှုတွေပြုလုပ်ဖို့ အသုံးပြုခဲ့ပါတယ်။

Ref: BBC
Photo: Russian Space Agency
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW