စစ်ကိုင်းတိုင်းက လက်သည်မပေါ်ဘဲ သတ်ခံရတဲ့တောင်သူများ

ဇူလိုင် ၊ ၂၉-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာ ယာခင်းတောမှာ လယ်ယာလုပ်ကိုင်းရင်း အသတ်ခံလိုက်ရတဲ့ တောင်သူ အရေအတွက်ဟာ ၂ လအတွင်း အယောက် ၃၀ ကျော်ရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ယာခင်းတောမှာ လယ်ယာလုပ်ကိုင်းရင်း တောင်သူတွေ အသတ်ခံရတာပါ ၊ မိသားစုလိုက် အသတ်ခံရတာ ရှိသလို ၊ တဦးချင်း အသတ်ခံရတာလည်း ရှိတယ် “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီလို အသတ်ခံရတာနဲ့ပတ်သက်ပြီး နယ်ခံလူမှုကူညီရေး အဖွဲ့တွေက” မနေ့ ဇူလိုင် ၂၈ ရက်က ခင်ဦးမြို့နယ် ၊ ရွာစဥ်ကျေးရွာနားက ယာခင်းတောထဲမှာ လယ်ယာ လုပ်ကိုင်းနေတဲ့ တောင်သူ ဦးစိန်ဌေး အသက် ၆၂ နှစ် အသတ်ခံရတယ် ၊ အဲ့ဒီအပြင် တောင်သူ ဦးမျိုးလှိုင်ဝင်း ဆိုသူရော အသတ်ခံရတာ ” လို့ ပြောပါတယ်။

မနေ့ ဇူလိုင်၂၈ရက် ညနေပိုင်း ၆ နာရီဝန်းကျင်မှာ မြင်းမူမြို့နယ် ၊ ဂရုကျေးရွာက တောင်သူ ဦးမြင့်ဇော်ဟာ သူ့ရဲ့ဝါစိုက်ခင်း ယာတောထဲမှ အသတ်ခံရတာ ဖြစ်ခဲ့ပါသေးတယ်။

မနေ့ နေ့လည်ပိုင်း ၁၁ နာရီဝန်းကျင်ကလည်း စစ်ကိုင်းမြို့နယ် ၊ လင်းယဥ်ကျေးရွာက တောင်သူ ဦးဝင်းအောင် အသက် ၅၂ နှစ်ဟာ သူ့ရဲ့ ယာခင်းတောမှာ လယ်ယာလုပ်ကိုင်နေချိန် အမည်မသိ လူ ၂ ယောက်က သေနတ်နဲ့ ပစ်သတ်သွားတာ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့ ၊ နေ့လည် ၁၁ နာရီက ၊ စစ်ကိုင်းမြို့နယ် ၊ ခက်ခကျေးရွာနားက ယာခင်းတောထဲမှာ လယ်ယာလုပ်ကိုင်နေတဲ့ တောင်သူ ၃ ဦး သတ်ခံရတဲ့ ၃ လောင်းပြိုင် လူသတ်မှု ဖြစ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက် ၊မနက်ပိုင်းကလည်း စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် ၊ အလ္လကပ္ပကျေးရွာနားက ယာခင်းတောထဲမှာ လယ်ယာလုပ်နေတဲ့ တောင်သူလင်မယား ၂ ဦး အသတ်ခံရတဲ့ ၂ လောင်းပြိုင် လူသတ်မှုဖြစ်ခဲ့ပါတယ်။

အဲ့ဒီ လူသတ်မှုဖြစ်ပြီး နောက် ၁ ရက် ၊ ဇွန် လ ၂၆ ရက် မနက်ပိုင်းမှာ မြင်းမူမြို့နယ် ၊ ပဲတောင်းကျေးရွာအုပ်စု ၊ ကင်းလေးတောကျေးရွာနားက ယာခင်းတောထဲမှာ သနပ်ခါးတောင်သူ ဦးထွန်းရွှေ ဆိုသူ အသတ်ခံရတာဖြစ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲက ရွှေဘို ၊ ဝက်လက် ၊ စစ်ကိုင်း ၊ မြင်းမူ ၊ ကန့်ဘလူ ၊ ကောလင်း ၊ ရေဦး ၊ ခင်ဦး ၊ တန့်ဆည် ၊ ကလေး ၊ မင်းကင်း ၊ ကနီ ၊ ယင်းမာပင် ၊ ပုလဲ ၊ မြောင် စတဲ့ မြို့နယ်တွေဘက်က ကျေးရွာတွေမှာလည်း ယာခင်းတောမှာ တောင်သူ လုပ်ငန်း လုပ်ကိုင်ရင် အသတ်ခံရတဲ့ တောင်သူ အရေအတွက်ဟာ ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီလိုတောင်သူတွေ အသတ်ခံရတာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ပြုလုပ်သွားတယ်ဆိုတာကိုတော့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #လက်သည်မပေါ်ဘဲသတ်ခံရတဲ့ #တောင်သူများ

Related posts

Leave a Comment

VOM News

FREE
VIEW