ဖျာပုံမြို့အဝင်စစ်ဆေးရေးဂိတ်နဲ့ ထွေ/အုပ်ဧည့်ရိပ်သာ ဗုံးခွဲခံရပြီး ရဲ ၅ ဦးပြင်းထန်ဒဏ်ရာရရှိ

ဇူလိုင်၊၂၉ ၊၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ဖျာပုံမြို့နယ်မှာဖျာပုံမြို့အဝင် စစ်ဆေးရေးဂိတ်နဲ့ထွေအုပ်ဧည့်ရိပ်သာမှာ မနေ့ ဇူလိုင် ၂၈ ရက် ညပိုင်းနဲ့ မနက်အစောပိုင်းက ဖြစ်ပွားတဲ့ဗုံးပေါက်ကွဲမှုကြောင့် ရဲ ၅ ယောက် ပြင်းထန်ဒဏ်ရာတွေရရှိသွားတယ်လို့ ဒေသခံ မျက်မြင်တွေ့ရှိသူတွေရှိဆီကနေ သိရပါတယ်။

ဖျာပုံ-ကျိုက်လတ်အဝေးပြေးလမ်းမှာရှိတဲ့ ချောင်းတွင်း တံတားစစ်ဆေးရေးဂိတ်ကိုမှာဖြစ်ပွားတဲ့ပေါက်ကွဲမှုနဲ့ ဖျာပုံ ဒုတိယလမ်းမကြီးပေါ်မှာရှိတဲ့အထွေထွေအုပ်ချုပ် ရေးဧည့်ရိပ်သာမှာဖြစ်ပွားတဲ့ပေါက်ကွဲမှုတွေကြောင့် အဲ့ဒီနေရာတွေမှာ တာဝန်ကျနေတဲ့ရဲ ၅ ယောက် မိုင်းစထိမှန်ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

”ပေါက်ကွဲမှုက မနေ့ကညကဖြစ်တာ၊ ပေါက်ကွဲမှုကြောင့် ရဲတွေဒဏ်ရာရသွားတာ၊ဒဏ်ရာတွေကပြင်းတော့ အရေးပေါ်ကားနဲ့လာသယ်သွားတာတွေ့ရတယ်၊အပြင်းအထန်ဒဏ်ရာရလို့ ဆေးရုံအားချင်းပို့တာပါ၊ ညကပစ်ခတ်တာတွေလည်း တော်တော်ကြမ်းကြမ်းဖြစ်ခဲ့တာ လူတွေလည်း မနည်းအဖမ်းခံရတယ်”လို့ မျက်မြင်တွေ့ရှိသူတဦးကပြောပါတယ်။

ဒဏ်ရာရရှိတဲ့ ရဲ ၅ ယောက်ထဲက ဒုရဲအုပ် ၁ ယောက်က ခြေတစ်ဖက်ဖြတ်လိုက်ရတယ်လို့သိရပြီးနောက်ထပ် ၁ ယောက်ကလည်း စိုးရိမ်ရဒဏ်ရာရရှိပြီး ကျန် ၃ ယောက်ကလည်းပြင်းထန်တဲ့ဒဏ်ရာတွေရရှိသွားတယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့တာဝန်ရှိသူတဦးက ”ရဲတွေဒဏ်ရာရရှိတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ဆေးရှာဖွေနေပါတယ်၊ပူးပေါင်းကြံစည်သူလို့ ယူဆရတဲ့သူနဲ့ မသင်္ကာသူတွေကို ဖမ်းဆီးထားပြီ”လို့ ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ပစ်ခတ်ဖောက်ခွဲသူတွေကိုရှာဖွေနေပြီး မသင်္ကာသူတွေလို့ဆိုပြီး ဒေသခံ ၁၉ ယောက်ကိုဖမ်းဆီးစစ်ဆေးနေတယ်လို့သိရသလို အဖမ်းခံရသူတွေကိုတော့ ဖျာပုံရဲစခန်း နဲ့ စစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ဖျာပုံ

Related posts

Leave a Comment

VOM News

FREE
VIEW