ရန်ကုန်မှာပြုလုပ်တဲ့ NUG နဲ့ PDF ဆန့်ကျင်ကန့်ကွက်ဆန္ဒပြပွဲ ဘူးလက်လှဆွေဦးဆောင်ပြုလုပ်

ဇူလိုင် ၂၉၊၂၀၂၂
KK(VOM)

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဒီကနေ့မနက်ပိုင်းက (NUG)နဲ့PDF တွေရဲ့လုပ်ရပ်ကို ကန့်ကွက်ဆန္ဒပြပွဲကို လူအင်အားရာနဲ့ချီကာ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အဲ့ဒီဆန္ဒပြပွဲကို ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်သူ ဘူးလက်လှဆွေနဲ့ အမျိုးသားရေးသမားတွေက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“NUG အစိုးရနဲ့ PDF တွေရဲ့ လုပ်ရပ်ကို ကန့်ကွက်တယ်ပြီးတော့ သေဒဏ်ပေးတဲ့အပေါ်ထောက်ခံတယ်လို့ ဘူးလက်လှဆွေက ဟောပြောပွဲမှာ ပြောတယ်”လို့ သူက
ပြောပါတယ်။

ဘူးလက်လှဆွေ၊အမျိုးသားရေးသမား ဦးထိန်ဝင်းတို့က ဟောပြောပြီးနောက် “အကြမ်းဖက်အစိုးရရဲ့လုပ်ရပ်များ ဆန့်ကျင်ကြ ၊ အပြစ်မဲ့ရဟန်းသံဃာသတ်သူများ ဆန့်ကျင်ကြ၊ နိူင်ငံတော်ထိခိုက်မည့်အကြမ်းဖက်လုပ်ရပ်များ ဆန့်ကျင်ကြ “စတဲ့ကြွေးကြော်သံတွေနဲ့ အခမ်းအနားရုပ်သိမ်းခဲ့တယ်လို့မြို့ခံတွေဆီက သိရပါတယ်။

ဆန္ဒပြပွဲကို ပြည်ခိုင်ဖြိုးပါတီဝင်တွေ၊အမျိုးသားရေးလှုပ်ရှားသူ အင်အား ၅ရာကျော်နဲ့ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ပြုလုပ်ခဲ့တဲ့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ပြီးခဲ့တဲ့လတွေကလည်း တပ်မတော်ထောက်ခံပွဲတွေ ပြုလုပ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW