တောင်ဒဂုံမှာပြုလုပ်တဲ့ ဆန္ဒပြပွဲအတွင်း ဂျပန်နိုင်ငံသားတဦးအပါအဝင် ၃ ဦးဖမ်းဆီးခံရ

ဇူလိုင် ၃၀ ၊၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်မှာ ဒီကနေ့ ညနေပိုင်းကပြုလုပ်တဲ့ ဆန္ဒပြပွဲအတွင်း ဂျပန်နိူင်ငံသားတဦးအပါအဝင် လူငယ် ၃ ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

တောင်ဒဂုံမြို့နယ်၊ ၁၉ရပ်ကွက်၊ မြိတ်လမ်းမပေါ်က ဆန္ဒပြပွဲပြုလုပ်နေတဲ့ လူငယ်တွေကို လှည့်ကင်းကားနဲ့လိုက်ဖမ်းတာမှာ ဂျပန်နိူင်ငံသားအပါအဝင် သုံးဦးကို ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ကင်မရာတွေရော သိမ်းသွားတယ် စစ်တပ်ကားနဲ့လာဖမ်းတာ ကျန်တဲ့သူတွေက လွှတ်သွားတယ်”လို့ သူကပြောပါတယ်။

ဖမ်းဆီးခံရသူဟာ ဂျပန်နိုင်ငံသား Toru Kubota ၊ အမျိုးသားတဦးနှင့် အမျိုးသမီးတဦးတို့ဖြစ်ပြီး ကင်မရာ ၁ လုံး၊ စာရေးထားတဲ့ ပိတ်စတခုတို့နဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးကပြောပါတယ်။

ရန်ကုန်မှာ ဒီကနေ့ မြို့တော်ခန်းမအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရဲ ၃ ဦးနဲ့စည်ပင်ဝန်ထမ်းတဦး အရပ်သားတဦး ထိခိုက်ဒဏ်ရာရရှိကာ ဖမ်းဆီးခံရသူအချို့လည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW