အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ထိုင်၀မ်သွားရင် တရုတ်က စစ်ရေးအရ တုံ့ပြန်ဖွယ်ရှိနေကြောင်း အိမ်ဖြူတော် သတိပေး

၀ါရှင်တန်၊ သြဂုတ်-၂-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုဆီ ထိုင်၀မ်ကိုသွားမယ်ဆိုရင် တရုတ်နိုင်ငံက စစ်ရေးအရ ရန်စမှုတွေနဲ့ တုံ့ပြန်ဖွယ်ရှိကြောင်း အိမ်ဖြူတော်က သြဂုတ် ၁ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။

ထိုင်၀မ်အနီးမှာ တရုတ်နိုင်ငံက ဒုံးကျည်တွေပစ်ခတ်ခြင်း သို့မဟုတ် လေတပ်နဲ့ ရေတပ်စစ်ရေးလှုပ်ရှားမှုတွေ ပါ၀င်နိုင်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ပြောပါတယ်။

လက်ရှိမှာ အမေရိကန်အောက်လွှတ်တော်ဥက္ကဌဟာ အာရှခရီးစဉ်သွားရောက်လျှက်ရှိပါတယ်။

သူဟာ ထိုင်၀မ်ကို သွားရောက်ဖို့စီစဉ်ထားကြောင်း အမေရိကန်နဲ့ တိုင်ပေသတင်းဌာနတွေက ရေးသားဖော်ပြထားပေမယ့် အမေရိကန်အစိုးရကတော့ ယင်းကိစ္စကို အတည်ပြုခြင်းမရှိသေးပါဘူး။

တရုတ်နိုင်ငံဟာ ထိုင်၀မ်ကို သူ့ရဲ့ပိုင်နက်နယ်မြေဖြစ်ကြောင်း အခိုင်အမာပြောဆိုထားပြီး နန်စီပလိုဆီအနေနဲ့ သွားရောက်ခဲ့ပါက ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

အဲဒီခရီးစဉ်ဖြစ်ပေါ်လာခဲ့မယ်ဆိုရင် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးပျက်ပြားလိမ့်မယ်လို့ တရုတ်နိုင်ငံရဲ့ ကုလသမဂ္ဂသံတမန်က သြဂုတ် ၁ ရက်မှာ သတိပေးပြောဆိုထားပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #၀ါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW