သြဂုတ် ၊ ၃ ၊ ၂၀၂၂
SP(VOM)
ဧရာဝတီတိုင်း ၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ မင်းဆယ်အုပ်စု၊ လှိုင်းတာကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်း၊ မိုင်တိုင်အမှတ် ၅၃/၃ နဲ့ ၄ အကြားမှာ မနေ့ သြဂုတ် ၂ ရက် ၊ ညပိုင်းမှာ ကွန်တိန်နာကားနဲ့ ထော်လာဂျီယာဥ် တိုက်မိပြီး လူသေဆုံးတာနဲ့ ဒဏ်ရာရတာတွေ ဖြစ်ပွားခဲ့တယ်လို့ ပန်းတနော် လူမှာကူညီရေး အသင်းဆီက သိရပါတယ်။
” ထော်လာဂျီယာဥ်နဲ့ ကွန်တိန်နာ တိုက်မိတာပါ ၊ ထော်လာဂျီယာဥ်ပေါ်မှာ လူ ၉ ယောက်ပါတယ် ၊ အဲ့ဒီထဲက ဒဏ်ရာရသူ ၅ ဦးနဲ့ သေဆုံးသူ ၄ ဦး ရှိတယ် ” လို့ ပန်းတနော် ရှာဖွေကယ်ဆယ်ရေး မီးသတ်တယောက်က ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီ ယာဥ်တိုက်မှုမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ၁ နာရီကြာ ပြုလုပ်ခဲ့ပြီးနောက် ဒဏ်ရာရ အမျိုးသား လူနာ ၅ ယောက်ကို သစ္စာရှင် လူမှုကူညီရေး အသင်းကားနဲ့ ပန်းတနော် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ အမျိုးသား ၄ ယောက်ရဲ့ ရုပ်အလောင်းတွေကိုတော့ ပန်းတနော် နာမှုကူညီရေး အသင်းပိုင် နိဗ္ဗာန်ယာဥ်နဲ့ ပန်းတနော် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တာလို့ ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေဆီက သိရပါတယ်။
ဓာတ်ပုံ ၊ ပန်းတနော် မီးသတ်ရုံး
#voiceofmyanmar #VOM #ပန်းတနော် #ပုသိမ်မုံရွာကားလမ်းယာဉ်တိုက်မှု