ရေးမြို့ လ.ဝ.ကရုံးမှာ ပစ်ခတ်မှုဖြစ်ပြီး ဝန်ထမ်း၂ဦး သေဆုံး၊ ဒဏ်ရာရသူတွေရှိခဲ့

ဩဂုတ် ၃-၂၀၂၂
VOM (GG)

မွန်ပြည်နယ်၊ ရေးမြို့နယ် လ၀ကရုံး မှာ ဒီနေ့ ဩဂုတ်လ ၃ ရက်နေ့ နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ဝန်ထမ်း ၂ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” နေ့လယ် ၁၂ နာရီလောက်က ပစ်ခတ်မှုဖြစ်တာ ။ ကျနော်တို့ ကြားတာ ၄ ယောက်ထိတာမှာ ၂ ယောက်သေတာပေါ့။ လောလောဆယ်တော့ ရာထူးတွေဘာညာမသိရသေးဘူး၊ ကျန်တဲ့သူတွေကို ဆေးရုံကိုပို့လိုက်တယ် “လို့ ဒေသခံပရဟိတသမားတဦးကပြောပါတယ်။

လဝကရုံးပစ်ခတ်ခံရပြီးနောက် အပြန်အလှန်ပစ်ခတ်တာရှိခဲ့ပြီး လက်ရှိမှာတော့ မြို့တွင်း စစ်ဆေးရှာဖွေတာတွေလုပ်နေတယ်လို့ သိရပါတယ်။

ရေးမြို့လဝကရုံး ပစ်ခတ်မှုကို ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

အဲ့ဒီအဖွဲ့ဟာ ရေးမြို့နယ်ထဲက Non CDM ဝန်ထမ်းတွေကို တာဝန်ကနေနူတ်ထွက်ဖို့ သတိပေးထားတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရေး

Related posts

Leave a Comment

VOM News

FREE
VIEW